ဖုန်း အသုံးများတဲ့ ကလေးငယ်လေးတွေမှာ ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးများ…

ဖုန္း အသုံးမ္ားတဲ့ ကေလးငယ္ေလးေတြမွာ ျဖစ္လာမယ့္ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ား

နည္းပညာေတြ တိုးတက္လာတာနဲ႔အမွ် မိေဘၾတက ကေလးေတြအတြက္ smartphone ေတြရဲ႕ ေကာင္းက်ိဳးနဲ႔ ဆိုးက်ိဳးေတြကို စဥ္းစား လာၾကပါတယ္ ။ အခ်ိဳ႕ ကေလးေတြမွာဆိုရင္ဂိမ္းေဆာ့ဖို႔ ကိုယ္ပိုင္ smartphone ေတြ ရွိေနၾက ပါၿပီ။

တစၹေကၠန ၾကည့္ရင္ smaetphone ေတြက သတင္း အသစ္ေတြ ၊ ဆက္သြယ္မႈ အသစ္ေတြနဲ႔ စိတ္ဝင္စားစရာ ေကာင္းပါတယ္ ။ ေနာက္တစ္ဖက္ကေန ၾကည့္ရင္ေတာ့smartphone ေတြ လူေတြကို ျပင္ပကမာၻ နဲ႔ အလွမ္း ေဝးသြားေစပါတယ္ ။

Smartphone သုံးတာဟာ သာမန္ဆိုရင္ ဘာမွမျဖစ္ေပမယ့္ စြဲလမ္း လာရင္ေတာ့ မူးယစ္ေဆးလိုပဲ ျဖတ္ရ ခက္ပါတယ္ ။ ၿပီးေတာ့ကေလးေတြက ဂိမ္းေတြကိုလည္း ၿစဲလာ ၾကပါတယ္။ ကေလးေတြ က ဖုန္းေရွ႕မွာပဲ အခ်ိန္ျဖဳန္းေလ ၊ ကေလးေတြ အတြက္ ဆိုးက်ိဳ းမ်ားေလပါပဲ။

ေလ့လာမႈေတြ အရ အသက္ 8 ႏွစ္ကေန 18 ႏွစ္ ၾကားရွိတဲ့ ကေလးေတြက တစ္ေန႔ကို ပ်မ္းမွ် 7 နာရီခြဲၾကာ ဖုန္းသုံးပါတယ္။

2 ႏွစ္ 3 ႏွစ္ အ႐ြယ္ကစလို႔ အိမ္အျပင္ ထြက္မကစားဘဲ ဖုန္းပဲကိုင္ေနရင္ အသက္ 7 ႏွစ္ေရာက္တဲ့အခါ လူေတြနဲ႔ေတြ႕ ဆက္ဆံဖို႔ ေၾကာက္႐ြံ႕လာတတ္ပါတယ္။

အျပင္ မထြက္ခ်င္ေတာ့ဘဲဖုန္းေရွ႕၊ ကြန္ျပဴတာေရွ႕မွာပဲ အခ်ိန္ ကုန္တတ္ပါတယ္။ ကေလးငယ္ငယ္ေလးေတြ ဖုန္းသုံးရင္ ျဖစ္လာမယ့္ ဆိုးက်ိဳးေတြကို စိတ္ပညာရွင္ေတြက ေျပာျပထားပါတယ္။

မိဘနဲ႔ ရင္းရင္းႏွီးႏွီး မရွိေတာ့ဘဲ အာ႐ုံစိုက္မႈ ၊ သိျမင္မႈေတြ နည္းပါးလာတတ္ပါတယ္ ။ ၿပီးေတာ့ သင္ယူမႈေတြမွာ ခက္ခဲ လာတတ္ပါတယ္ ။စကားေျပာဆိုမႈ စြမ္းရည္ေတြ ေႏွာင့္ေႏွးသြားတတ္ပါတယ္ ။

လႈပ္ရွားမႈေတြ နည္းၿပီး႐ုပ္ပိုင္း ဆိုင္ရာ၊ ဦးေႏွာက္ပိုင္း ဆိုင္ရာ တိုးတက္မႈေတြ ေႏွးေကြး သြားတတ္ပါတယ္။ အိပ္ခ်ိန္မွာ မအိပ္လို႔ အိပ္ခ်ိန္ေတြ မြားလာ တတ္ပါတယ္။ ေက်ာင္းလုပ္ငန္းေတြမွာ မပါဝင္တတ္ေတာ့ပါဘူး ။ ေဒါသ ႀကီးလာ တတ္ပါတယ္။

စိတ္ဓာတ္ က်ျခင္း ၊ စိတ္ မလိုက်ျခင္း စတဲ့ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ တျဖည္းျဖည္း ျဖစ္လာႏိုင္ပါတယ္ ။ ဖုန္း မသုံးခိုင္းေတာ့ဘဲ ျပန္ယူထားလိုက္ရင္ စိတၠ စဥ့္ကလ်ားေရာဂါ ျဖစ္လာ ႏိုင္ပါတယ္ ။

သင့္ကေလး က ဒီအခ်က္ေတြထဲကေန အနည္းဆုံး တစ္ခ်က္ ျဖစ္ေနၿပီဆိုရင္ သူ ဖုန္းကို အရမ္း စြဲလမ္း ေနပါၿပီ။ ဒီဂ်စ္တယ္ နည္းပညာႀကီးကိုေတာ့ ရပ္ပစ္လိုက္လို႔ မရႏိုင္ပါဘူး။ ဒါေပမယ့္ ကေလးရဲ႕ က်န္းမာေရးထက္ ဘယ္အရာကမွ ပို အေရးမႀကီးပါဘူး။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္ မွ်ေဝျခင္း ျဖစ္ပါသည္။

ဖုန်း အသုံးမ်ားတဲ့ ကလေးငယ်လေးတွေမှာ ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးများ

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ မိဘေတြက ကလေးတွေအတွက် smartphone တွေရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို စဉ်းစား လာကြပါတယ် ။ အချို့ ကလေးတွေမှာဆိုရင်ဂိမ်းဆော့ဖို့ ကိုယ်ပိုင် smartphone တွေ ရှိနေကြ ပါပြီ။

တစ္ဖက္ကေန ကြည့်ရင် smaetphone တွေက သတင်း အသစ်တွေ ၊ ဆက်သွယ်မှု အသစ်တွေနဲ့ စိတ်ဝင်စားစရာ ကောင်းပါတယ် ။ နောက်တစ်ဖက်ကနေ ကြည့်ရင်တော့smartphone တွေ လူတွေကို ပြင်ပကမ္ဘာ နဲ့ အလှမ်း ဝေးသွားစေပါတယ် ။

Smartphone သုံးတာဟာ သာမန်ဆိုရင် ဘာမှမဖြစ်ပေမယ့် စွဲလမ်း လာရင်တော့ မူးယစ်ဆေးလိုပဲ ဖြတ်ရ ခက်ပါတယ် ။ ပြီးတော့ကလေးတွေက ဂိမ်းတွေကိုလည်း စြဲလာ ကြပါတယ်။ ကလေးတွေ က ဖုန်းရှေ့မှာပဲ အချိန်ဖြုန်းလေ ၊ ကလေးတွေ အတွက် ဆိုးကျို းများလေပါပဲ။

လေ့လာမှုတွေ အရ အသက် 8 နှစ်ကနေ 18 နှစ် ကြားရှိတဲ့ ကလေးတွေက တစ်နေ့ကို ပျမ်းမျှ 7 နာရီခွဲကြာ ဖုန်းသုံးပါတယ်။

2 နှစ် 3 နှစ် အရွယ်ကစလို့ အိမ်အပြင် ထွက်မကစားဘဲ ဖုန်းပဲကိုင်နေရင် အသက် 7 နှစ်ရောက်တဲ့အခါ လူတွေနဲ့တွေ့ ဆက်ဆံဖို့ ကြောက်ရွံ့လာတတ်ပါတယ်။

အပြင် မထွက်ချင်တော့ဘဲဖုန်းရှေ့၊ ကွန်ပြူတာရှေ့မှာပဲ အချိန် ကုန်တတ်ပါတယ်။ ကလေးငယ်ငယ်လေးတွေ ဖုန်းသုံးရင် ဖြစ်လာမယ့် ဆိုးကျိုးတွေကို စိတ်ပညာရှင်တွေက ပြောပြထားပါတယ်။

မိဘနဲ့ ရင်းရင်းနှီးနှီး မရှိတော့ဘဲ အာရုံစိုက်မှု ၊ သိမြင်မှုတွေ နည်းပါးလာတတ်ပါတယ် ။ ပြီးတော့ သင်ယူမှုတွေမှာ ခက်ခဲ လာတတ်ပါတယ် ။စကားပြောဆိုမှု စွမ်းရည်တွေ နှောင့်နှေးသွားတတ်ပါတယ် ။

လှုပ်ရှားမှုတွေ နည်းပြီးရုပ်ပိုင်း ဆိုင်ရာ၊ ဦးနှောက်ပိုင်း ဆိုင်ရာ တိုးတက်မှုတွေ နှေးကွေး သွားတတ်ပါတယ်။ အိပ်ချိန်မှာ မအိပ်လို့ အိပ်ချိန်တွေ မွားလာ တတ်ပါတယ်။ ကျောင်းလုပ်ငန်းတွေမှာ မပါဝင်တတ်တော့ပါဘူး ။ ဒေါသ ကြီးလာ တတ်ပါတယ်။

စိတ်ဓာတ် ကျခြင်း ၊ စိတ် မလိုကျခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ တဖြည်းဖြည်း ဖြစ်လာနိုင်ပါတယ် ။ ဖုန်း မသုံးခိုင်းတော့ဘဲ ပြန်ယူထားလိုက်ရင် စိတ္က စဥ့်ကလျားရောဂါ ဖြစ်လာ နိုင်ပါတယ် ။

သင့်ကလေး က ဒီအချက်တွေထဲကနေ အနည်းဆုံး တစ်ချက် ဖြစ်နေပြီဆိုရင် သူ ဖုန်းကို အရမ်း စွဲလမ်း နေပါပြီ။ ဒီဂျစ်တယ် နည်းပညာကြီးကိုတော့ ရပ်ပစ်လိုက်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် ကလေးရဲ့ ကျန်းမာရေးထက် ဘယ်အရာကမှ ပို အရေးမကြီးပါဘူး။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။