ပျော်လိုက်တာ သားရယ်…အဖွား ဘဝမှာ ဒီလောက် တခါမှ မရဖူးဘူး
အဖွား…တလုံး ဘယ်လောက်တုန်း?
၆လုံး ၁ ထောင်ကျပ်ပဲ ပေးပါ သားရယ်
အဖွား နေပူတယ်နော်….😞
ဟုတ်တယ်…သားလေးရယ်….အဖွားက တယောက်တည်းသမားဆိုတော့…ဒါလေးတွေ ရောင်းရမှ ထမင်းစားရမှာ
အော….ဟုတ် အဖွား….အဖွား သရက်သီး ဘယ်နှလုံး ရှိတုန်း?
ဗန်းထဲမှာ…၆၀လောက် ရှိမယ် ထင်တယ် သား…ခြင်းထဲမှာလဲ ၅၀လောက် ကျန်သေးတယ်ထင်တယ် သား….
ဟုတ်လား အဖွား….သား အကုန်ယူမယ်လေ….
သားကို ရောင်းပြီ အဖွား နေပူတယ် အိမ်စောစော ပြန်တော့လေနော်
သားလေး….ဘယ်နာရီရှိပီလဲ..ဟင်?
(၁၀) နာရီ (၁၅) အဖွား….
ဟယ်….အစောကြီးပဲ ရှိသေးတယ်….
ဟုတ်တယ်….အဖွားကို စောစော ပြန်နားစေချင်လို့ပါ
အဖွား အလုံး (၁၁၀) ကို 19,000 Ks ကျတယ်နော်….
ရော့ အဖွား 110,000 Ks ယူလိုက်နော်
ဟာ…သား ပိုက်ဆံတွေ အများကြီးပဲ ပိုနေတယ်
မပိုပါဘူး အဖွားရဲ့… တလုံး ၁ထောင်ထားလိုက်…(၁၁၀)ဆို ၁သိန်း၁သောင်းပေါ့ အဖွားရဲ့
ပျော်လိုက်တာ သားရယ်…အဖွား ဘဝမှာ ဒီလောက် တခါမှ မရဖူးဘူး
ကျေးဇူးတင်လိုက်တာ သားလေးရယ်….အဖွား အိမ်လေး ခြေတိုင်လေး ပြန်ပြင်လို့ ရသွားပြီ … အဖွား ဝမ်းသာလိုက်တာ သားလေးရယ်
ရပါတယ် အဖွားရယ်…. အိမ်ပြန်နားတော့နော်….ခြင်းလေး ဆွဲပြီ ကြည်မြင့်တိုင် တဖက်ကမ်းသို့ ပြန်သွားရှာတယ်
ကားပေါ် သရက်သီးထုပ်တွေ တင်တုန်း ဘေးနား ကွမ်းယာဆိုင်က ဦးလေးကြီးက…..
မင်းတို့ကို အဖွားကြီး ကိုယ်စား ကျေးဇူးတင်တယ်ကွာ…
သူ တနေလုံး နေမှ တလုံးတောင် ရောင်းရချင်မှ ရောင်းရတာ….
••• လျှောက်လာတဲ့သူတွေကလဲ ကျော်သွားကြတာပဲ တခါတလေ နေ့လည်စာတောင် မစားရဘူး ဘေးနားက ကျွေးတာလေး စားပြီ ပြန်သွားရတဲ့ ရက်တွေ မနည်းဘူး
ကျနော်တို့တွေ နေ့လည်စာ ညစာ နပ်မှန်စွာ စားနိုင်နေခဲ့ပေမဲ့…..တချို့ တနေ့လုပ်မှ တနေ့မစားရတဲ့ အဖိုးအဖွားများစွာရှိနေပါသေးလား…ဗျာ
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
☎️ – 095408437
Leave a Reply