မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း၌ လွန်ခဲ့တဲ့ (၂၄) နာရီအတွင်း ငလျင် (၁၈) ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ ငလျင်စောင့်ကြည့်ရေး ဝက်ဘ်ဆိုက် တခုက ဖော်ပြခဲ့ပါတယ်။
လှုပ်ခတ်သွားတဲ့ ဒေသတွေကတော့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ (၁၇) ကြိမ်ဖြစ်ပြီး ယမန်နေ့က အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့တဲ့ ဂွမြို့အနီး ပင်လယ်ပြင်မှာ (၁) ကြိမ် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ပြင်းအားအနေနဲ့ ဂွမြို့ပင်လယ်ပြင်က ငလျင်က 4.2 ပမာဏ ရှိပြီး အများဆုံး ဖြစ်ပါတယ်။ ရှမ်းပြည်အရှေ့ပိုင်းမှာတော့ 4.1၊ 3.9 နဲ့ အခြား သေးငယ်တဲ့ ငလျင်တွေ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ငလျင်တွေဟာ ဇွန်လ (၁) ရက်နေ့က တရုတ်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးတွေရဲ့ နောက်ဆက်တွဲ ငလျင်တွေ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
ထူးခြားမှုတခုကတော့ အင်အား 4 ထက်ကျော်တဲ့ ငလျင်တွေ လှုပ်ခတ်ခဲ့ပေမယ့် မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနကတော့ မြေငလျင် သတိပေးချက် မထုတ်ပြန်နိုင်ခဲ့တာကို တွေ့ရပါတယ်။
မြေငလျင်ကို မည်သူမျှ ကြိုတင် မခန့်မှန်းနိုင်ပါဘူး။ သီအိုရီတွေ အများအပြားနဲ့ နှိုင်းယှဉ် သုံးသပ်ပြီးမှသာ အနီးစပ်ဆုံး ခန့်မှန်းနိုင်ကြတာ ဖြစ်ပါတယ်။
အဲဒါကြောင့် တရုတ်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာပြည်အောက်မှာ တည်ရှိတဲ့ စစ်ကိုင်း ပြတ်ရွေ့ကြောကြီး မည်သို့ မည်ပုံ ဖြစ်လာနိုင်မယ်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ မြေငလျင် သတိအမြဲထားပြီး ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို သေချာလေ့လာပြီး ကြိုတင် ကာကွယ်ထားကြပါလို့ တိုက်တွန်း လိုက်ရပါတယ် ခင်ဗျာ။
(မြန်မာပြည်တွင် လှုပ်ခတ်ခဲ့တဲ့ ငလျင်များမှ ဓာတ်ပုံများကို ပြန်သုံးထားပါသည်)
unicode
Leave a Reply