“1985-1995 မှာ မွေးတဲ့သူတွေဆိုတာ စွရမ်းကံဆိုးကြတာ. . .ဖတ်သာကြည့်တော့”

1985-1995 လူလတ်ပိုင်းတွေဆိုတာ စွရမ်းကံဆိုးကြတာ အဘအဆက်ဆက်မှီတယ် 🥴

80%လောက်က ဆယ်တန်းအောင်/ကျ နဲ့ ဘွဲ့ရကြားမှာ ရရစားစား လစာ၃/၄သိန်းလောက်နဲ့ ဘဝကြီး သာယာနေကြတဲ့လူတွေများတယ်😑

ရှေ့က generation တွေလို E-Skill, Political Skill ဘာမှသိပ်မရ🤐

ယောက်ျားတွေဆိုတာလည်း အဖေတွေ အဖိုးတွေလို ရာထူးကြီးကြီး ဘယ်ကုန်တိုက်ပိုင်ရှင် ဘယ်သူဌေးကြီး ဘာမြေကွက်တွေအများကြီးပိုင်တဲ့သူ စတဲ့ လူတွေနဲ့ ဝေလာဝေး …🙅

ကုမ္ပဏီဝန်ထမ်းလုပ်မလား Taxi ဆွဲမလား နဲ့ကြားမှာ မရေမရာ အလုပ်တွေနဲ့ ၃၀ ဝန်းကျင်သာသာမှာ ရုပ်ပိုင်းဆိုင်ရာတွေကျဆင်း🌚

တချို့လည်း မူးယစ်ဆေးရဲ့ ကျေးကျွန်‌တွေဖြစ်သွားပြီး😢

မိန်းကလေးတွေငယ်ဘဝအတွက် အလှပြင်မယ်ဆိုလည်း အာချီနဲ့ ပရိုမီနာကြားတိုင်ပတ်ခဲ့ရပြီး Fair & Lovely လောက်ကို ဘဝမှတ်ပြီးသုံးလာရတယ်(ဒါတောင် ကိုရာတို့ဘာတို့မမှတ်မိတော့လို့)🙄

ဟော ပညာရေးကျတော့လည်း ဟိုမရောက်ဒီမရောက် ဘဘ ဗိုလ်ချုပ်ကြီး မင်္ဂလာပါလည်း လက်အုပ်ချီပြီး သူတို့ပြောတတ်တယ်😂

မအလတွေသေပါစေဆိုလည်း သူတို့ပါတယ်✊

ကမ္ဘာ့သမိုင်းနဲ့ မြန်မာ့သမိုင်းကို ၈ မှတ်တန် တစ်ပုဒ်စီရရင် အောင်လာတဲ့ ကြက်တူရွေးနှုတ်တိုက်ခေတ်🤷

လူကြီးတွေရဲ့ ဆရာလုပ်တာလည်းခံရ အငယ်တွေ မိုက်ရိုင်းတာလည်း ခံရ

ဟိုလူလုပ်သမျှခံရ ဒီလူလုပ်သမျှခံရနဲ့ တော်တော်ကျက်သရေတုံးတဲ့ ဘဝ🥺

လူငယ်ဘဝကိုလည်း ယောက်ျားလေးမိန်းကလေး ၂ယောက် ၃ယောက်လောက် ပြင်ပြင်ဆင်ဆင်သွားလာရင်ကို ဖာသာသာ အပြောခံရတဲ့ ဘဝ🙂

လွတ်လပ်မှုဆိုတာ ဘယ်တုန်းကမှမရခဲ့ဘူး..ကျောင်းတွေလည်းပြီး ပိုက်ဆံတွေရှာရတော့မယ့်အရွယ်..ကျေးဇူးတော်ကြောင့် ဒီမိုကရေစီလေးရလို့..ကြိုးစားမယ်ဟေ့ဆိုတော့ ကိုဗစ်ထဖြစ်တယ်🤒

ကိုဗစ်ပြီးခါနီး ခေတ်ကောင်းတော့မယ်လည်းဆိုရော .. မသေမချင်းဆိုးတွေ ဒုက္ခပေးတယ်👿

အဲ့ မသေမချင်းဆိုးတွေက..1985-1995တွေကို ကျောင်းနေရွယ်ကတည်းက ပေးလာတဲ့ဒုက္ခတွေဆိုတာ..အခုထက်ထိကို မကုန်နိုင်တော့ဘူး😩

ငါတို့ဘဝ မှ ငါတို့ဘဝ စစ်စစ်😒

crd


















#crd