နောက် ၂၄ နာရီအတွင်း မိုးကြီးရေလျှံနိုင်တဲ့ ဒေသများခန့်မှန်းချက်











မိုးကြီးရေလျှံသတိ 🌧🌧🌧 02/06/2022 ရက်နေ့မှ 06/06/2022 ရက်နေ့အထိ ကချင်ပြည်နယ် ဗန်းမော်ခရိုင်မြစ်ကြီးနားခရိုင်မူဆယ်ခရိုင် ဒေသတွေမှာမိုးကြီးနိုင်ပါတယ် အဆိုပါရက်များအတွင်း လိုင်ဇာ မိုးကြီးရေလျှံနိုင်သဖြင့်

တာပိန်မြစ်ရေကြီးနိုင်ပါတယ် မြစ်ကြီးနား ဝိုင်းမော် ဝါရှောင် ဆဒုံး ကန်ပိုက်တီလမ်းပိုင်းခရီးသွားခြင်းရှောင်သင့်ပါတယ် တောင်ကျချောင်ရေကြီးခြင်း တောင်ပြိုခြင်းအန္တရာယ်များဖြစ်ပေါ်နိုင်ပါတယ် ဘေးအန္နရာယ်ကင်းကြပါစေ 😘😘😘 ခန့်မှန်းချိန် 02/06/2022 at 8:40AM

ဇွန်လ ၂ရက်နေ့မှ ၅ရက်နေ့အထိ တာလောကြီး မြစ်ကြီးနား ဝိုင်းမော် ဝါရှောင် ဆဒုံးဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး မိုးကြီးရေလျှံနိုင်ပါတယ်

ဟိုပင် ပင်ဘော နမ္မတီး မိုးကောင်း ကာမိုင်း မြစ်ကြီးနား မိုး 🌧၊ မိုးညှင်း လေမိုးလျှပ်စီးမိုးကြိုး မိုး 🌧 ခန့်မှန်းချိန် 02/06/2022

၂၀၂၂ဇွန်လ ၂ရက်နေ့မှ ၉ရက်နေ့အတွင်း လိုင်ဇာ လွယ်ဂျယ် လဂျားယန် ဒေါ့ဖုန်းယန် မူဆယ် မုန်းကို ကြူကုတ် ပန်ဆိုင်း ဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ် ခန့်မှန်းချိန် 02/06/2022 at 6:30AM

02/06/2022 🌧🌧🌧🌧 စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်တွင် မိုးများစွာရွာသွန်းနိုင်ပါတယ် ခန့်မှန်းချိန် 02/06/2022 at 2:30AM

ဧရာဝတီမြစ်ရေတိုးမယ် 🌧🌧🌧 02/06/2022 ရက်နေ့ ကချင်ပြည်နယ်တွင် မိုးများစွာရွာသွန်းနိုင်ပါတယ် မိုးညှင်းခရိုင် ဗန်းမော်ခရိုင် မြစ်ကြီးနားခရိုင် ပူတာအိုခရိုင် ဒေသတွေမှာ မိုးကြီးရေလျှံနိုင်ကာ ဧရာဝတီမြစ်ဖျား မေခ မလိခ မြစ်တွေရဲ့ မြစ်ဖျားပိုင်းတောင်တန်းများပေါ်တွင် မိုးကြီးနိုင်သဖြင့် မြစ်ရေသတိပြုကြပါ

ရခိုင်ပြည်နယ်မြောက်ပိုင်းမိုးကြီးနိုင်ပြီး ပြည်ခရိုင်တောင်ငူခရိုင် နေပြည်တော် မကွေးခရိုင် အောင်လံခရိုင် သရက်ခရိုင်ဒေသတွေမှာလည်း မိုးရွာနိုင်ပါတယ်

June ဧရာဝတီမြစ်ရေ အခြေအနေ 🌧 ၂၀၂၁ ဇွန် ပထမလဝက် 15/06/2022 နေ့အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွေမှာ ရွာသွန်းမြဲအထက် ၃ဆ ပိုမိုရွာသွန်းနိုင်သဖြင့်

၂၀၂၂ ဇွန်လအတွင်း ဧရာဝတီမြစ်ကြောင်းတလျှောက် မြစ်ရေသည် စိုးရိမ်ရေမှတ်နီးပါးအထိရောက်ရှိလာနိုင်ပါတယ် နွေရာသီ ရေကျကျွန်းပေါ်စိုက်ပျိုးထားကြသူများ ကျွန်းအတွင်းနေထိုင်ကြသူများ အထူးသတိပြုမိကြဖို့လိုပါတယ် အများပြည်သူအားလုံးအတွက် weather data အချက်အလက်များစွာ ဝယ်ယူပြီး စိစစ်တွက်ချက်ပြီး အချိန်နှင့်တပြေးညီခန့်မှန်းပေးနေပါတယ်