4နှစ်ခွဲကလေးမူကြိုသွားတော့ အများနဲ့နေထိုင်ဖို့မတတ် အများနဲ့ ကစားဖို့ နားမလည်တော့တဲ့အထိ ဖြစ်ရခြင်းက Screen time တွေ များခဲ့ခြင်းရဲ့ ဆိုးကျိုးပါ။
ပုံလေးထဲက ကလေး သူငယ်ချင်းတွေနဲ့ ကစားတာမျိုး မရှိတဲ့အပြင် ကစားဖို့လဲ စိတ်မဝင်စားကြောင်း မိခင်ရဲ့ ပိုစ့်မှာ ပြောထားပါတယ်။ဆရာဝန်နဲ့ပြပြီး ကုသရတော့မယ်လို့လည်း ဆိုထားပါတယ်။
ဒါကြောင့် နှစ်နှစ်အောက်ကလေးကို screen time လုံးဝမပေးပါနဲ့ နှစ်နှစ်အထက်ကလေးကိုလည်း တီဗီကြာကြာပေးကြည့်တာ ဖုန်းကြာကြာပေးကြည့်တာမျိုး ရှောင်ရပါမယ်။ နာရီဝက်ထက် ပေးမကြည့်သင့်ပါ။
သတ်မှတ်ချိန်ပြည့်လို့ ဖုန်းမရလို့ ငိုတဲ့အခါ ပေးငိုရပါမယ်။ ငိုရင် အကုန်ရတယ်လို့ သိနားလည်သွားရင် မိဘရဲ့အားနည်းချက်အတိုင်း ကလေးက အခွင့်ရေးယူရင်း အရှိန်လွန်သွားနိုင်လို့ပါပဲ။
ကလေးရဲ့ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ဆုံးအချိန်ကို ဖုန်းပေးကြည့်ခြင်းနဲ့ မဖျက်ဆီးလိုက်ပါနဲ့။ ကလေးကို အချိန်ပေးပါ။ မိဘနဲ့ ညီအစ်ကိုမောင်နှစ်မနဲ့ အိမ်နီးနားခြင်းနဲ့ အတူကစားခွင့်ပြုပါ။ အများနဲ့နေထိုင်တတ်အောင် သင်ယူခွင့်ပြုရမှာပါ။
ငြိမ်နေရင်ပြီးရောဆိုပြီး လွတ်မထားပါနဲ့။ ကြီးလာလေ ပြုပြင်ရခက်လာလေနိုင်လို့ပါ။အရွယ်လိုက် လုပ်သင့်တာကတော့သဘာဝအတိုင်း ပြေးလွှား ဆော့ကစားဖို့ကို ကစားတတ်တဲ့ အရွယ်ကနေ 7နှစ်အထိလို့ ကလေးပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။
ပညာရေးထိပ်တန်းရောက်တဲ့နိုင်ငံတွေက ကလေးကို 7နှစ်ပြည့်မှ စာစသင်ကြပါတယ်။ 7နှစ်အောက်ကလေးတွေ ကျောင်းသွားတဲ့အခါ ကစားဖို့ပဲသွားတာပါ အများနဲ့နေထိုင်တတ်အောင် သွားတာပါ။
ကလေးရဲ့ ကိုယ်ကာယကျန်းမာအောင် ကစားနည်းမျိုးစုံကို ကလေးနဲ့ ဆရာအတူ ကစားဖို့ တွေးတောစေခြင်းနဲ့ စတင်ကြတာပါ။
ဒါကြောင့် ကလေးကို ကစားခွင့်ပြုကြပါ။ ဖုန်းတီဗီချိန် အတတ်နိုင်ဆုံး လျော့ချပေးပါ။ မိဘတွေ ရေရှည်ဆိုးကျိုးကို မျှော်တွေးပြီး စည်းကမ်းလိုက်နာကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။ဒီအမေလည်း အများကြီး ပြုပြင်သင်ယူနေပါတယ်။
ကလေးတွေနဲ့အတူ ကြီးပျင်းသွားကြတဲ့ မိဘထဲက မိခင်မို့ ကလေးနဲ့အတူ ကစားနိုင်သလောက် အချိန်ပေးနိုင်သလောက်ပေးကြဖို့ ခွန်အားပေးပါတယ်။
Mommy of 3
Mommy of 3
Leave a Reply