(၂၄) နာရီမပြည့်မီ ကြည့်ရှုသူ တစ်သန်းပြည့်သွားသည့် နိုင်ငံပျောက်သူ ဇာတ်လမ်းတို မြန်မာ့ရုပ်ရှင်သမိုင်းတလျှောက် စံချိန်အားလုံးကို ရိုက်ချိုး

(၂၄) နာရီမျပည့္မီ ၾကည့္ရႈသူ တစ္သန္းျပည့္သြားသည့္ နိုင္ငံေပ်ာက္သူ ဇာတ္လမ္းတို ျမန္မာ့႐ုပ္ရွင္သမိုင္းတေလၽွာက္ YouTube စံခ်ိန္အားလုံးကို ရိုက္ခ်ိဳးခဲ့ျခင္းျဖစ္

ရန္ကုန္၊ ေမ (၃၀)၊ လူငယ့္ေခတ္

ဒါရိုက္တာဏႀကီးရိုက္ကူးသည့္ နိုင္ငံေပ်ာက္သူ ဇာတ္လမ္းတိုသည္ ယေန႔ YouTube တြင္ တင္ၿပီး (၂၄) နာရီမျပည့္မီ၌ပင္ ၾကည့္ရႈသူ တစ္သန္းျပည့္သြားၿပီျဖစ္သည္။

ထိုဇာတ္လမ္းတိုကို ယေန႔ေမလ (၃၀) ရက္ နံနက္ (၈) နာရီကစ၍ ပေဒသာပင္ယူက်ဳခ်န္နယ္တြင္ တင္ခဲ့ျခင္း ျဖစ္ၿပီး ယေန႔ျမန္မာစံေတာ္ခ်ိန္ ည(၉)နာရီ(၄၈)မိနစ္တြင္ တစ္သန္းျပည့္ခဲ့ျခင္း ျဖစ္သည့္အတြက္ (၁၄) နာရီခန႔္သာ ၾကာျမင့္ခဲ့ၿပီး ထိုကဲ့သို႔ ၾကည့္ရႈသူႏႈန္းျမင့္မားခဲ့ျခင္းျဖစ္သည္။

ထိုပမာဏသည္ နိုင္ငံေက်ာ္မင္းသားမင္းသမီးမ်ားပါသည့္ ျမန္မာ႐ုပ္ရွင္ရွင္ဇာတ္ကားမ်ား၏ နမူနာ (Trailer) ႏွင့္ ဇတ္ကားအစအဆုံးတင္ျခင္းတို႔၏ (၂၄) နာရီအတြင္း ၾကည့္ရႈသည့္ စံခ်ိန္အျပင္ ဒါရိုက္တာဏႀကီး၏ “မီ”႐ုပ္ရွင္ဇာတ္ကား Trailer ကို ရိုက္ခ်ိဳးလိုက္နိုင္ျခင္းလည္းျဖစ္သည္။

ဒီ Short Film ေလးရဲ့ ရည္ရြယ္ခ်က္က ေတာ္လွန္ေရးမွာ ေသြးမေအးသြားဖို႔၊ အရႈံးမေပးဖို႔ ၿပီးေတာ့ ကိုယ္တတ္နိုင္တဲ့ဘက္က ပါဝင္ေပးဖို႔ ရည္ရြယ္ပါတယ္ဟု ေဒါင္းက ေျပာသည္။

အဆိုပါ ဇာတ္လမ္းတိုမွရမည့္ ဝင္ေငြမ်ားကို ေႏြဦးေတာ္လွန္ေရးအတြက္အသုံးျပဳမည္ျဖစ္ၿပီး ၾကည့္မည္ဆိုပါက VPN ခ်ိတ္ၿပီးဝင္ၾကည့္ေပးရန္ႏွင့္ျပန္မတင္ၾကရန္လည္း တိုက္တြန္းထားၾကသည္။

ဒီဗြီဒီယိုေလးကေန ရရွိလာတဲ့ ဝင္ေငြေတြအားလုံးကို ေႏြဦးေတာ္လွန္ေရးအတြက္လိုအပ္တဲ့ေနရာေတြကို တိုက္ရိုက္ စီးဆင္းသြားမွာမို႔လို႔ လုံးဝတျပားမွကို ေလ်ာ့မသြားေစခ်င္လို႔ပါရွင့္ ဟု ပိုင္ၿဖိဳးသုက ေျပာသည္။

စစ္အုပ္စု၏ ဖမ္းဝရမ္းထုတ္ခံထားရသူမ်ားျဖစ္သည့္ ေဒါင္းႏွင့္ ပိုင္ၿဖိဳးသုတို႔က အဓိကသ႐ုပ္ေဆာင္ ထားၿပီး ႐ုပ္ရွင္တြင္ပါဝင္သည့္ ဂီတႏွင့္ပတ္သက္သည့္အပိုင္းကို အဆိုေတာ္ က်ားေပါက္က တာဝန္ယူေပးထားေၾကာင္း သိရသည္။

အဆိုပါ ဇတ္လမ္းတိုအတြင္းမွ စကားျဖစ္သည့္ “အရႈံးမေပးမခ်င္း ငါတို႔နိုင္တယ္” ဆိုသည့္ စာသားကိုလည္း ၾကည္ရႈ႔ၿပီးသူမ်ားက လူမႈကြန္ရက္ စာမ်က္ႏွာမ်ားတြင္ ယေန႔ျပန္လည္ေရးသားမၽွေဝေနၾကသည္။

ထို Short film ကို Play2Donate ၏ Nway Oo Videos App တြင္လည္း ဇြန္လ (၂) ရက္မွ စတင္ကာ ၾကည့္ရႈနိုင္မည္ျဖစ္သည္ Credit-Lungekhit

(၂၄) နာရီမပြည့်မီ ကြည့်ရှုသူ တစ်သန်းပြည့်သွားသည့် နိုင်ငံပျောက်သူ ဇာတ်လမ်းတို မြန်မာ့ရုပ်ရှင်သမိုင်းတလျှောက် YouTube စံချိန်အားလုံးကို ရိုက်ချိုးခဲ့ခြင်းဖြစ်

ရန်ကုန်၊ မေ (၃၀)၊ လူငယ့်ခေတ်

ဒါရိုက်တာဏကြီးရိုက်ကူးသည့် နိုင်ငံပျောက်သူ ဇာတ်လမ်းတိုသည် ယနေ့ YouTube တွင် တင်ပြီး (၂၄) နာရီမပြည့်မီ၌ပင် ကြည့်ရှုသူ တစ်သန်းပြည့်သွားပြီဖြစ်သည်။

ထိုဇာတ်လမ်းတိုကို ယနေ့မေလ (၃၀) ရက် နံနက် (၈) နာရီကစ၍ ပဒေသာပင်ယူကျုချန်နယ်တွင် တင်ခဲ့ခြင်း ဖြစ်ပြီး ယနေ့မြန်မာစံတော်ချိန် ည(၉)နာရီ(၄၈)မိနစ်တွင် တစ်သန်းပြည့်ခဲ့ခြင်း ဖြစ်သည့်အတွက် (၁၄) နာရီခန့်သာ ကြာမြင့်ခဲ့ပြီး ထိုကဲ့သို့ ကြည့်ရှုသူနှုန်းမြင့်မားခဲ့ခြင်းဖြစ်သည်။

ထိုပမာဏသည် နိုင်ငံကျော်မင်းသားမင်းသမီးများပါသည့် မြန်မာရုပ်ရှင်ရှင်ဇာတ်ကားများ၏ နမူနာ (Trailer) နှင့် ဇတ်ကားအစအဆုံးတင်ခြင်းတို့၏ (၂၄) နာရီအတွင်း ကြည့်ရှုသည့် စံချိန်အပြင် ဒါရိုက်တာဏကြီး၏ “မီ”ရုပ်ရှင်ဇာတ်ကား Trailer ကို ရိုက်ချိုးလိုက်နိုင်ခြင်းလည်းဖြစ်သည်။

ဒီ Short Film လေးရဲ့ ရည်ရွယ်ချက်က တော်လှန်ရေးမှာ သွေးမအေးသွားဖို့၊ အရှုံးမပေးဖို့ ပြီးတော့ ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်ပေးဖို့ ရည်ရွယ်ပါတယ်ဟု ဒေါင်းက ပြောသည်။

အဆိုပါ ဇာတ်လမ်းတိုမှရမည့် ဝင်ငွေများကို နွေဦးတော်လှန်ရေးအတွက်အသုံးပြုမည်ဖြစ်ပြီး ကြည့်မည်ဆိုပါက VPN ချိတ်ပြီးဝင်ကြည့်ပေးရန်နှင့်ပြန်မတင်ကြရန်လည်း တိုက်တွန်းထားကြသည်။

ဒီဗွီဒီယိုလေးကနေ ရရှိလာတဲ့ ဝင်ငွေတွေအားလုံးကို နွေဦးတော်လှန်ရေးအတွက်လိုအပ်တဲ့နေရာတွေကို တိုက်ရိုက် စီးဆင်းသွားမှာမို့လို့ လုံးဝတပြားမှကို လျော့မသွားစေချင်လို့ပါရှင့် ဟု ပိုင်ဖြိုးသုက ပြောသည်။

စစ်အုပ်စု၏ ဖမ်းဝရမ်းထုတ်ခံထားရသူများဖြစ်သည့် ဒေါင်းနှင့် ပိုင်ဖြိုးသုတို့က အဓိကသရုပ်ဆောင် ထားပြီး ရုပ်ရှင်တွင်ပါဝင်သည့် ဂီတနှင့်ပတ်သက်သည့်အပိုင်းကို အဆိုတော် ကျားပေါက်က တာဝန်ယူပေးထားကြောင်း သိရသည်။

အဆိုပါ ဇတ်လမ်းတိုအတွင်းမှ စကားဖြစ်သည့် “အရှုံးမပေးမချင်း ငါတို့နိုင်တယ်” ဆိုသည့် စာသားကိုလည်း ကြည်ရှု့ပြီးသူများက လူမှုကွန်ရက် စာမျက်နှာများတွင် ယနေ့ပြန်လည်ရေးသားမျှဝေနေကြသည်။

ထို Short film ကို Play2Donate ၏ Nway Oo Videos App တွင်လည်း ဇွန်လ (၂) ရက်မှ စတင်ကာ ကြည့်ရှုနိုင်မည်ဖြစ်သည်

Credit-Lungekhit