မိုးတွေက ရွာနေတယ်…ရောင်းမကောင်းဘူးလေ…မြန်မြန်ကုန်သွားချင်တယ်….အဖွား ပိုထည့်ပေးပါမယ်

များလိုက်တာ…သားရယ်…ပဲပြုတ်ဖိုးလေးရရင် အဖွားပျော်ပါပြီ

ညနေစောင်း မိုးတွေသည်းနေချိန်…အဖွားတယောက် ပဲပြုတ်တောင်းလေး မိုးရေထဲရွက်လို့…

ပဲပြုတ်…ပဲပြုတ်….အော်သံလေး 🥺

အဖွားရေ…ဘယ်လိုရောင်းလဲ ??

တဆယ်သား….၅၀၀ ပါသားရေ…၁၀၀၀ထောင်ဖိုးလောက် ယူပါလား သားရယ်?

ဘာလို့လဲ အဖွားရဲ့…?

မိုးတွေက ရွာနေတယ်…ရောင်းမကောင်းဘူးလေ…မြန်မြန်ကုန်သွားချင်တယ်….အဖွား ပိုထည့်ပေးပါမယ်

အင်း…တကယ် ပိုထည့်ပေးမှာလား? ?

တကယ်…ထည့်ပေးပါ့မယ် 😔

ဟုတ်….ဒါတွေ အကုန်ရောင်းရပြီ အိမ်ပြန်ရင် အဖွားတွက် ဘယ်လောက် ရတုန်း? ?

8000 Ks ဖိုးဆို ကုန်ပြီ…သား (အရင်း + အမြတ် = 8000 Ks )

ဟုတ်…ဒါဆို သား…အကုန် ယူမယ် ဗျာ….

ရော့ 30,000 Ks အဖွား….မိုးရွာနေတယ် အိမ်ပြန်တော့နော် 😍

ရပါတယ် သားရယ်… အဖွားတွက် အရင်းနဲ့အမြတ်လေး ရရင် ကျေနပ်ပါတယ်…အများကြီးပဲ မပေးပါနဲ့….

ဟုတ်….သားက အဖွား လိုရာသုံးဖို့ပါ 🙏

ကျေးဇူးပါ….သားရယ်…ပဲပြုတ်တွေက ပူတယ်နော်…ကျေးဇူးပါ သားလေးရယ်…(ဆုတွေ ပေးတယ် 🙏)

•••အဖွား ပဲပြုတ် တကယ်ကောင်းတယ်….စားဖူးသမျှထဲ အကောင်းဆုံးပဲ….ပဲကတ္ထီပါပြုတ်လဲ ရှယ်…🤗

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

#ကိုပူတူးနှင့်ဘော်ဒါများ

☎️ – 095408437

unicode




















☎️ – 095408437