သီလရှင် ၂၁ရက်ကြာဝတ်ပြီးနောက် ဂေါတမီရတနာ လူဝတ်ပြန်လဲခဲ့

သီလရှင် ၂၁ရက်ကြာဝတ်ပြီးနောက် ဂေါတမီရတနာ လူဝတ်ပြန်လဲခဲ့

အီတလီနိုင်ငံသူ ဂေါတမီရတနာသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးလမ်း၊ စာဘူးတောင်းကျေးရွာနယ်မြေရှိ မဂ္ဂဖလဝိဟာရ အပြည်ပြည်ဆိုင်ရာ ဝိပဿနာတောရတွင် ၂၁ရက်ကြာ သီလရှင်ဝတ်ပြီးနောက် မနေ့က လူဝတ်သို့ပြန်လဲသွားခဲ့ပြီဖြစ်သည်။

သူမအနေဖြင့် မြတ်ဗုဒ္ဓ၏သမီးတော် သီလရှင်တပါးအဖြစ် ရာသက်ပန်နေထိုင်သွားလိုသော်လည်း မိခင်ဖြစ်သူအား ပြုစုလုပ်ကျွေးရမည့်တာဝန်ဝတ္တရားများရှိနေသော‌ကြောင့် အီတလီနိုင်ငံသို့ မကြာမီ ပြန်ရဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ သီလရှင်ဆရာလေးအဖြစ် သာသနာ့ဘောင်သို့ ခေတ္တဝင်ရောက်ခဲ့စဉ် အတွေ့အကြုံခံစားချက်များနှင့်ပတ်သက်၍ ဂေါတမီရတနာက လူမှုကွန်ရက်မှတဆင့် ရေးသားထားသည်မှာ “ကျမဘဝမှာ ယခင်က နေထိုင်ရှင်သန်ခဲ့ဖူးသမျှတွေထဲမှာ သီလရှင်ဝတ်ခွင့်ရတာဟာ အလေးနက်ဆုံး အတွေ့အကြုံပါ။

လူပြန်ထွက်တဲ့အခါ မေ့ဆေးမပါဘဲ အသားတပိုင်းကိုပြတ်သွားရသလို ခံစားရတယ်။

ကိုယ့်ကိုယ်ကို ကတိပေးထားတဲ့အတိုင်း ၃ ပတ်တိတိ တရားတော်တွေကို အားထုတ်ပြီးမြောက်ခဲ့တယ်။

နောက်တကြိမ်တော့ အမေ့ကို ပြုစုစောင့်ရှောက်ဖို့ သမီးရဲ့တာဝန်တွေ ကျေပွန်အောင် ထမ်းဆောင်ပြီးရင် ထာဝစဉ် ဝတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု တွေ့ရသည်။

မန္တလေးသတင်းကွန်ရက်

ဓာတ်ပုံ ဂေါတမီရတနာ

unicode








