လူလေး…အဖွားက လောကမှာ နေရတော့မှာ မဟုတ်တော့ဘူး

လူလေး…အဖွားက လောကမှာ နေရတော့မှာ မဟုတ်တော့ဘူး

အလုပ်ကိစ္စနဲ့ အပြင်သွားရင်း…..မိုးဖွဲဖွဲအောက်…အသက် (၈၉)နှစ် အဖွားအိုတယောက်…..

အဖွားရေ…တံမြက်စည်း ဘယ်လိုရောင်းတုန်း? ?

အရိုးသေး – (1)ချောင်း….. 1,000 Ks

အရိုးတုတ် – (1)ချောင်း….. 1,500 Ks

ကာလာ – (1)ချောင်း….. 2,000 Ks

ဟုတ် အဖွား….ဒါတွေ ရောင်းကုန်ရင် ဘာလုပ်မှာလဲ ??

အိမ်အစောကြီး ပြန်နားရတာပေါ့ လူလေး….မိုးလဲ ရွာနေတော့ အိမ်ပြန်ချင်တာပေါ့…

ဟုတ် ထီးကော မပါဘူးလား ??

မပါဘူး လူလေး…ရပါတယ်….အဖွားက သေတော့မှာပါ

ဟာ…အဖွားကလဲ ပေါက်ကရမပြောနဲ့…အဖွား အသက် ဘာ်လောက်ရှိပြီလဲ? ?

အဖွားက အသက် (89)နှစ် ရှိပြီ…၁နှစ်ပဲ လိုတယ် ၉၀ ပြည့်တော့မှာ

ဟုတ် အဖွား…မသေတော့ဘူး ဒီလောက် အသက်ရှည်တာ ကြာကြီး နေရမှာ 😔

မဟုတ်ဘူး လူလေး…အဖွားက သိပြီသား လောကမှာ သိပ်မနေရတော့ဘူးဆိုတာ သိနေတယ်

ဟာ…အဖွားကလဲ…သား အကုန် ယူမယ် အဖွား အိမ်ပြန်နားတော့နော်…

အရိုးလေး (3)ချောင်း / အရိုးတုတ် (1)ချောင်း / ကာလာ (5)ချောင်း စုစုပေါင်း 14,500 Ks ကျတယ်

ရော့ အဖွား…. 70,000 Ks နော်

လူလေးရယ်…အများကြီးပဲ…အဖွားတွက် အရမ်းများပါတယ် လူလေးရယ်

များလဲ ယူထားလိုက် အဖွား… အဖွား လိုအပ်တာ ဝယ် သုံးနော် 🙏🙏🙏

အဖွား မိုးမိထားတော့ နားချင်တာ…လူလေး ပေးတာလေးနဲ့ ဆေးလေးဝယ်သောက်မယ်…နက်ဖြန်တရက်လောက် အဖွား နားလို့ရပြီ

ဟုတ် အဖွား…ကျန်းမာရေးတော့ ဂရုစိုက်ပါနော်

ဝမ်းသာလိုက်တာ…ကျေးဇူးပါ လူလေးရယ်…အဖွားက ထားဝယ် ဇာတိ လူလေး….အဖွားက မနေရလောက်တော့ပါဘူး

ဟာ အဖွားကလဲ တော်ပြီ…. မပြောနဲ့တော့ .. အိမ်ပြန်တော့နော်

(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ 🙏🏻🙏🏻🙏🏻)

• အော အသက်ရွယ်အရ အိမ်မှာ နားပြီ နေရမှာ…အခြေနေအရ စျေးရောင်းပြီ ရှာစားနေရတဲ့ သက်ကြီးရွယ်အို အဖိုး အဖွားတွေ အများကြီး ရှိနေပါလား

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

#ကိုပူတူးနှင့်ဘော်ဒါများ

☎ 09-5408437