မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးဖြစ်တဲ့ ဧရာဝတီတိုင်းမှာတောင် ဆန်ဈေးတက်ပါပြီ…

ဧရာဝတီတိုင်းဒေသကြီးမှာ ယခု မေလအတွင်း ဧရာဝတီမှာ စားအုန်းဆီတစ်ပိသာကို ကျပ် ၉၀၀၀ နဲ့ ဆန်ကြမ်း တစ်အိတ်ကို ကျပ် ၁၀၀၀၀ အထိ ဈေးမြင့်လာလို့ ဒေသခံများ အခက်ကြုံနေလို့ ပုသိမ်မြို့ရှိဒေသခံတွေက ပြောပါတယ်။

“အခုလည်း တစ်ပိသာကို ၉၀၀၀ တဲ့ ဒီလိုခေတ်ဆိုး ခေတ်ပျက်မှာ သူဌေးဖြစ် ချင်နေကြတဲ့သူတွေကလည်း အများသား။ အဆမတန်တက်နေတဲ့ ဒီဆီဈေးကို ကျအောင် လုပ်ပေးစေချင်တယ်။

ဟိုလွန်ခဲ့သော၂ နှစ်ခွဲတုန်းက တစ်ပိသာဈေး ၂၀၀၀ အထိ ပြန်မကျ ရင်နေပါ။ ကျွန်မတို့လိုအခြေခံလူတန်းစားတွေ ဝယ်စားနိုင်တဲ့ဈေးဆိုရပါပြီ။”ဟုပုသိမ်မြို့ခံတစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း လွန်ခဲ့သည့်ဧပြီလနှင့် မေလဒုတိယအပတ် က စားအုန်းဆီ တစ်ပိဿာလျှင်ငွေကျပ် ၅၀၀၀ မှ ၆၅၀၀ အထိရှိခဲ့သော်လည်း လက်ရှိ တွင်တစ်ပိဿာကို ငွေကျပ် ၉၀၀၀ အထိဈေးတက်လာ ကြောင်း ၊ ပြည်ပမှ တင်သွင်း သော စာအုန်းဆီဈေးနှုန်းပြန်လည်မြင့်တက်လာခြင်းမှာ ပြည်ပမှ ဆီတင်သွင်းသည့် ကုမ္ပဏီများ ဆီတင်သွင်းမှု လျော့ကျလာခြင်းကြောင့်ဖြစ်သည်ဟု ပုသိမ်ရှိ စားအုန်းဆီတင်သွင်းရောင်းချရေးလုပ်ငန်းရှင်များက ဆိုပါတယ်။

အလားတူ ယခု မေလအတွင်း ဆန်အကြမ်း၂၄ ပြည်တစ်အိတ်လျှင်ငွေကျပ် ၁၀၀၀၀ အထိဈေးတက် လာသည်ဟု မော်လမြိုင်ကျွန်းရှိ စပါးရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းရှင် တွေက ဆိုပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် မေလသည် မိုးစပါးများပေါ်နေသည့်ကာလဖြစ်သော်လည်း မိုးစပါးအထွက်နှုန်း နည်းခြင်းနှင့် ပြည်ပနိုင်ငံများက ဆန်ဝယ်ယူမှုများရှိလာ ခြင်းကြောင့် ဆန်အကြမ်းအုပ်စုတွင် ပါဝင်သောဆင်းသုခ၊ ပခန်း၊ သီးထပ်ရင်၊ မှော်ဘီ၊ မင်းဧရာစသည့် ဆန်များ ၂၄ ပြည်တစ်အိတ်လျှင်ငွေကျပ် ၁၀၀၀၀ အထိ ဈေးတက်လာခြင်းဖြစ်ကြောင်းသိရပါတယ်။

“လက်ရှိအကြမ်းအုပ်စုမှာပါတဲ့ ဆန်တွေ ဈေးတက်လာပါတယ်။ ဆန် ၂၄ ပြည်ပါ တစ်အိတ်ကို ငွေကျပ်တစ်သောင်းလောက်အထိ တက်လာပါတယ်။

ဆန်စပါးကို တစ်ချို့ကလှောင်ဖို့နဲ့ တစ်ချို့ကသန့်ပြီးပြန်ရောင်းဖို့ဝယ်နေတာတွေ အခု ပြည်ပဈေးကွက်ကလည်းအဝယ်ပြန်လိုက်လို့ ဈေးကောင်းနေတယ်။

ဒါ့အပြင် ဆန်အချောဈေးလည်း ကောင်းလာတယ်။ ရန်ကုန် အဝယ်လည်း များလာတယ်။ နောက်ထပ်ပေါ်မယ့် နွေစပါးများမပေါ်သည့် အချိန်ဈေးကဆက်ကောင်းလာဖို့ရှိပါတယ်။”ဟုမော်လမြိုင်ကျွန်းမြို့ရှိစပါးရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်ဦးစိုးမြင့်က ပြောပါ တယ်။

ဧရာဝတီတိုင်းဒေသကြီးတွင် ဧပြီလက၂၄ ပြည်ပါဆန်အကြမ်းတစ်အိတ်ဈေးနှုန်းမှာ ဆင်းသုခတစ်အိတ်လျှင်ငွေကျပ် ၂၃၀၀၀ ၊ပခန်း တစ်အိတ်လျှင်ကျပ် ၂၅၀၀၀ ၊သီးထပ်ရင်တစ်အိတ် လျှင်ကျပ် ၂၂၀၀၀ ၊မှော်ဘီ ၂၇၀၀၀၊ မင်းဧရာ တစ်အိတ်လျှင်ငွေကျပ် ၂၅၀၀၀ဈေးသာရှိခဲ့ပြီးယခု မေလ အတွင်းဆင်းသုခတစ်အိတ်လျှင်ကျပ် ၂၃၃၀၀၊ပခန်းတစ်အိတ်လျှင်ငွေကျပ် ၄၀၀၀၀ ၊ သီးထပ်ရင်တစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀ ၊မှော်ဘီ ၄၂၀၀၀၊ မင်းဧရာတစ်အိတ်လျှင်ငွေကျပ် ၄၀၀၀၀ အထိရှိလာကြောင်းသိရပါတယ်။

“ မေလဒုတိယ အပတ်ကနေစတင်ပြီး ယနေ့အထိ ပြည်ပတင်သွင်းကုန်တစ်ခုဖြစ်သော စားအုန်းဆီများဈေးနှုန်းများပြန်တက်လာတယ်။ ပြည်ပတင်သွင်းကုန်စည်ဖြစ်တော့ အချို့ကုမ္ပဏီတွေက ရပ်လာတာရယ်၊ အချို့ကလည်း တင်သွင်းစရိတ် များများလာ တာ ကြောင့်ရယ်၊ ဆီကိုလျော့သွင်း လာကြတယ်။ နိုင်ငံရေးကလည်း ပြည်တွင်းမှာ မငြိမ်းချမ်းရင်ကန့်သတ်ချက်တွေကြောင့် ဆီဈေးက ထပ်တက်ဖို့သာ ရှိပါတယ်”ဟု ပုသိမ်မြို့ရှိစားသောက် ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးသို့ ရန်ကုန်တိုင်းဒေသကြီး မှတစ်ဆင့် ပြည်ပနိုင်ငံများက တင်သွင်းသော စားအုန်းဆီများ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး စားအုန်းဆီများကို နယ်မြို့များကို ဖြန့်ဖြူးရောင်းနေရာမှာ အကန့်အသတ်များရှိနေကြောင်း စားအုန်ဆီရောင်းဝယ်ရေးလုပ် ငန်းရှင်များထံမှ သိရပါတယ်။

အလားတူယခုနှစ်တွင် တရုတ်နိုင်ငံ၏ ဝယ်လိုအားကောင်း နေခြင်းနှင့် နွေစပါးများအထွက်နှုန်းလျော့နည်ခဲ့သဖြင့် စပါးဆန်ဈေးနှုန်းမှာ ယခင်နှစ်များထက်များစွာ မြင့်တက်နေခြင်းဖြစ်သည်ဟု ပုသိမ်မြို့ရှိ ဆန်စပါးကုန်သည်များမှသိရပါတယ်။

လက်ရှိအချိန်မှာ အခြေခံစားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ မီးဖိုချောင်သုံး မရှိမဖြစ်တွေ အကုန်ဈေးတက်နေပါတယ်။ စက်သုံးဆီဈေး အဆမတန်တက်မှုတွေကြောင့်လည်း အထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်လျက် ရှိပါတယ်။ စိုက်ပျိုးရေးထွက် ပစ္စည်းများကို သယ်ယူပို့ဆောင်ရာမှာ စက်သုံးဆီ ဈေးနှုန်း ကြီးမြင့်တာကြောင့် ကုန်သည်များအနေနဲ့ အမြတ်မရရှိဘဲ ဖြစ်နေပါတယ်။ အဲဒါကြောင့် တချို့ သီးနှံတွေမှာ လုံးဝ မရောင်းရတာကို တွေ့ရပါတယ်။ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှု ဂယက်က မြန်မာ့ကုန်ဈေးနှုန်းကို အဓိက သက်ရောက်နေကြောင်း သုံးသပ်လိုက်ရပါတယ်