ခွေးချစ်တဲ့သူတိုင်းဒီခံချက်ကိုကောင်းကောင်းနားလည်မှာပါ
လုပ်ရက်လိုက်ကြတာ
ကျနော်ခွေးက ရပ်ကွက်ထဲလျှောက်သွားနေတဲ့ခွေးမဟုတ်သလို
အိမ်ထဲကနေအိမ်ပြင်တောင်မထွက်ဘူး
ဘယ်သူ့ကိုမှလည်း မကိုက်ဖူးဘူး
ကျနော်တို့အပြင်ကပြန်လာလို့ကားသံ ဆိုင်ကယ်သံကြားရင်သူထွက်ကြိုတတ်တယ်
မနေ့က ကျနော် အပြင်ကပြန်လာတော့သူကျနော် ကားသံကြားလို့ ထွက်လာတာအိမ်ရှေ့လေးမှာပဲ ..
အဆိပ်က အိမ်ရှေ့တံခါးဝတည့်တည့်လာချသွားတာ(လူစိတ်မရှိတဲ့ အောက်တန်စားတွေ)က
သူကောက်စားလိုက်တာတော့တွေ့တယ်
ဘာမှန်းမသိလိုက်ဘူး
အဆိပ်ခပ်ထားမှန်းလည်းမထင်ဘူး
သူ့ကို ပွေ့ချီလိုက်သေးတယ်ခနနေ သုံးမိနစ်လောက်ပဲရှိသေးတယ်
သူက ပုံစံမမှန်တော့ဘူး
အော်ပြီးတစ်အိမ်လုံးပတ်ပြေးတာ(ဘယ်လောက်တောင်နာကျင်နေမလဲ)
ခနနေတော့ ကျနော်အဖေက ခွေးကအဆိပ်မိနေတာတဲ့
ကြားကြားချင်း ရင်ဝကို ဓားစိုက်ဝင်သွားသလိုပဲ
ကျနော် ချက်ချင်းအသက်ကယ်ဆေးတစ်လုံးထိုးပေးလိုက်သေးတယ်
ပြီးတော့ အဖေတို့က ငါးပိရည်ရောကြက်ဥတွေရော အကုန်တိုက်တယ်( လုပ်တတ်သလောက်)
မရတော့ဘူး သူအသက်ထွက်တော့မယ်ဆိုတာသတိထားလိုက်မိတယ်
ဒါပေမယ့် ….စိတ်အားတင်းထားပြီး မှီသလောက်ကယ်တယ်. . .
နောက်ဆုံးသူ့အသက်ထွက်သွားတဲ့ထိ💔
အဆိပ်က တော်တော်ပြင်းတယ်…..
မိနစ်ပိုင်းပဲ သူခံနိုင်ရည်မရှိလောက်တဲ့ထိ
ဘယ်လိုစိတ်နဲ့များ လုပ်ရက်လိုက်တာလဲ
Video-နောင်ဝေ
unicode
Leave a Reply