အဖွား ဆေးခန်းပြချင်နေတာ…ဒီနေ့ အဖွား ဆေးခန်း သွားပြနိုင်ပြီ
အဖွား အသက် (၇၇)နှစ်ပါ
မနက်ဆို ငှက်ပျော်ကြော်လေးတွေ ရောင်းတယ်
တထုပ် – ၁ထောင်ကျပ်ပါ…
အဖွားရေ…လာပါအုံး…အကြော်လေး ဝယ်ချင်လို့ပါ
လာပြီ သားရေ…တထုပ် ၁ထောင်ပါ သားရေ
ဘယ်နှထုပ်ရှိလဲ အဖွား ??
(၁၃)ထုပ်ရှိတယ်သားရယ်…
ဟိုနေ့က လမ်းကြောင်းရှိလို့ဆိုပြီ…အဖွားတို့ကို မရောင်းခိုင်းတာ…အဲ့နေ့က အကုန် ပစ်လိုက်ရတယ်သားရယ်…
အဲ့နေ့ မရောင်းရတော့ နောက်နေ့ ရောင်းဖို့ အဖွားမှာ…အကြွေးယူရတယ်…
တစ်သောင်းချေးတာ…၈ထောင်ပဲရတယ်…အတိုးဖြတ်ယူထားတယ်…အဲ့ကရတာလေးနဲ့ ဒီနေ့ အဖွား လာရောင်းရတာ အဖွား အကုန် သားယူမယ်ဗျာ…
ဟာ… ဝမ်းသာလိုက်တာ…ဒါဆို အဖွား ဒီနေ့ အကြွေး ၁သောင်းဆပ်နိုင်ပြီ…ပိုတာလေး စုပြီ နောက်နေ့ ဆေးခန်းပြရမယ်…အဖွား ဒူးက မကောင်းဘူး…တခါပြ ၇ထောင်ပေးရတာ သားရယ်
ရော့ အဖွား…. 100,000 Ks အဖွား အကြွေးလဲ ဆပ်…ဆေးခန်းလဲ ပြဗျာ
ဟာ သားရယ်…ဒါဆို အဖွား ဒီနေ့ ဆေးခန်းပြနိုင်ပြီပေါ့…ဆေးခန်းပြချင်နေတာ ကြာပြီ သားရယ်
အဖွား စျေးရောင်းတာ မရှက်ဘူး…တောင်းစားရမှာ အရမ်း ရှက်တယ်
တခါတလေ တချို့ကားတွေက သူတောင်းစားထင်ပြီ ၁၀၀တန်လေးတွေ ပေးတယ်…အဖွား မယူဘူး…အဖွားက စျေးရောင်းစားတာ သား
ဟုတ်ကဲ့ အဖွား…အဖွား အကြွေးလဲ သွားဆပ်…ဆေးခန်းလဲ ပြနော်…
စိတ်ချ သား…အဖွား သွားဆပ်မှာ…ဆေးခန်းလဲ ပြချင်နေတာ ကြာပြီ…ဒီနေ့မှ ပြနိုင်တော့တယ်
အဖွား သေချာ ဂရုစိုက်ပြီပြန်နော်…သားနောက်မှ ထပ်လာခဲ့မယ်နော်
လာနော် သား…အဖွား မျှော်နေမယ်နော်
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်ကူညီလှူဒါန်းပေးကြသော (၇)ရက်သားသမီးအားလုံးကို အဖွားကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ 🙏🏻🙏🏻🙏🏻)
•အော…ကျနော်တို့ လူငယ်တွေတောင် တခါတလေဆောင်းရာသီ ကိုက်ခဲကြရတာ…ခု အဖွားဆို ဘယ်လောက်များ ကိုက်ခဲနေမလဲ ဗျာ…ဆေးခန်းပြဖို့ စုရမယ်တဲ့
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
☎ 09-5408437
unicode
အဖွား ဆေးခန်းပြချင်နေတာ…ဒီနေ့ အဖွား ဆေးခန်း သွားပြနိုင်ပြီ 🥺
အဖွား အသက် (၇၇)နှစ်ပါ
မနက်ဆို ငှက်ပျော်ကြော်လေးတွေ ရောင်းတယ်
တထုပ် – ၁ထောင်ကျပ်ပါ…
အဖွားရေ…လာပါအုံး…အကြော်လေး ဝယ်ချင်လို့ပါ
လာပြီ သားရေ…တထုပ် ၁ထောင်ပါ သားရေ
ဘယ်နှထုပ်ရှိလဲ အဖွား ??
(၁၃)ထုပ်ရှိတယ်သားရယ်…
ဟိုနေ့က လမ်းကြောင်းရှိလို့ဆိုပြီ…အဖွားတို့ကို မရောင်းခိုင်းတာ…အဲ့နေ့က အကုန် ပစ်လိုက်ရတယ်သားရယ်…
အဲ့နေ့ မရောင်းရတော့ နောက်နေ့ ရောင်းဖို့ အဖွားမှာ…အကြွေးယူရတယ်…
တစ်သောင်းချေးတာ…၈ထောင်ပဲရတယ်…အတိုးဖြတ်ယူထားတယ်…အဲ့ကရတာလေးနဲ့ ဒီနေ့ အဖွား လာရောင်းရတာ အဖွား အကုန် သားယူမယ်ဗျာ…
ဟာ… ဝမ်းသာလိုက်တာ…ဒါဆို အဖွား ဒီနေ့ အကြွေး ၁သောင်းဆပ်နိုင်ပြီ…ပိုတာလေး စုပြီ နောက်နေ့ ဆေးခန်းပြရမယ်…အဖွား ဒူးက မကောင်းဘူး…တခါပြ ၇ထောင်ပေးရတာ သားရယ်
ရော့ အဖွား…. 100,000 Ks အဖွား အကြွေးလဲ ဆပ်…ဆေးခန်းလဲ ပြဗျာ
ဟာ သားရယ်…ဒါဆို အဖွား ဒီနေ့ ဆေးခန်းပြနိုင်ပြီပေါ့…ဆေးခန်းပြချင်နေတာ ကြာပြီ သားရယ်
အဖွား စျေးရောင်းတာ မရှက်ဘူး…တောင်းစားရမှာ အရမ်း ရှက်တယ်
တခါတလေ တချို့ကားတွေက သူတောင်းစားထင်ပြီ ၁၀၀တန်လေးတွေ ပေးတယ်…အဖွား မယူဘူး…အဖွားက စျေးရောင်းစားတာ သား
ဟုတ်ကဲ့ အဖွား…အဖွား အကြွေးလဲ သွားဆပ်…ဆေးခန်းလဲ ပြနော်…
စိတ်ချ သား…အဖွား သွားဆပ်မှာ…ဆေးခန်းလဲ ပြချင်နေတာ ကြာပြီ…ဒီနေ့မှ ပြနိုင်တော့တယ်
အဖွား သေချာ ဂရုစိုက်ပြီပြန်နော်…သားနောက်မှ ထပ်လာခဲ့မယ်နော်
လာနော် သား…အဖွား မျှော်နေမယ်နော်
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်ကူညီလှူဒါန်းပေးကြသော (၇)ရက်သားသမီးအားလုံးကို အဖွားကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ )

Leave a Reply