“မိန်းကလေးတိုင်းအတွက် သိထားသင့်တဲ့ လျှို့ဝှက်ချက် (၁၀၀)” မိန်းခလေးမှန်ရင် သိမ်းထားပါ

“မိန်းကလေးတိုင်းအတွက် သိထားသင့်တဲ့ လျှို့ဝှက်ချက် (၁၀၀)” မိန်းခလေးမှန်ရင် သိမ်းထားပါ။ (1)မိတ်ကပ်လိမ်းခြယ်မယ်ဆို အောက်ခံ အသားအရည်ကို အရင်ကောင်းအောင်လုပ်ပါ။ (2) မိတ်ကပ်ကို အိမ်မှာနေရင် မလိမ်းပါနဲ့။ (3)မိတ်ကပ်ကို အပြင်သွားပြီး ပြန်လာတာနဲ့

တစ်ခါထဲ ဖျက်ပါ (4)မိတ်ကပ်လိမ်းတဲ့နေ့တွေမှာ မျက်နှာကို သေချာသန့်စင်ပါ ၊မိတ်ကပ်က မျက်နှာသစ်ဆပ်ပြာ တခုသုံးယုံနဲ့ မလုံလောက်ပါဘူး (5)မိတ်ကပ်ဖျက်မယ်ဆို မိတ်ကပ် remover သုံးပြီးသန့်စင်ပြီးမှ မျက်နှာသစ်ပါ (6)မိတ်ကပ် remover ကို

အလေအလွင့်နည်းအောင် ယနေ့ခေတ် အသုံးများလာကြတဲ့ ready made ဂွမ်းလေးတွေ သုံးပြီးဖျက်ပါ။ (7)ဘူးအသန့်တစ်လုံး သို့မဟုတ် လေလုံအိတ်တစ်လုံးထဲကို ဂွမ်း အရွက် ၂၀ခန့်ထည့်ပါ ပြီးရင် make up remover အရည်နဲနဲ လောင်းထည့်ပေးပါ

ဒါဆို make upremoverကို နဲနဲပဲကုန်စေနိင်သလို အကျိုးလဲရှိပါတယ် money saving ဖြစ်စေပါတယ်။ (8)တိုနာကိုလဲ ထိုနည်းလည်းကောင်းလုပ်လို့ရပါတယ်။ (9)မျက်နှာကို မိတ်ကပ်ဖျက်ဆေးနဲ့ဖျက်ပြီး မျက်နှာသစ်ဆေးနဲ့ သစ်ပေးပါ။ (10)ပြီးရင် ဂွမ်းမှာ တိုနာစွတ်ပြီး

မျက်နှာအနှံ့ ပွတ်လိမ်းပါ (11) တိုနာက ချွေးပေါက် ကျဉ်းစေတယ်လို့ ပြောကြတာထက် မျက်နှာသစ်ပြီး သုံးရင် ကျန်ရှိနေသေးတဲ့ အညစ်အကြေးတွေ ထပ်ထုတ်ပေးပါတယ်။ (11)ပြီးရင် လိမ်းနေကြ တစ်ခုခုရှိရင် လိမ်းပါ။ (12)မျက်နှာကို တနေ့နှစ်ခါ အနဲဆုံးသစ်ပါ

(13)မနက်တစ်ကြိမ် ညတစ်ကြိမ်သစ်ပါ။ မိတ်ကပ်လိမ်းတဲ့နေ့ဆို လိမ်းပြီးပြန်လာတာနဲ့မျက်နှာသစ်ပါ။ (14) သွားကျန်းမာ‌ရေးကိုလဲဂရုစိုက်ပါ။ (15)တနေ့နှစ်ခါ တိုက်ပါ။ (16)အစာစားပြီး ပလုတ်ကျင်းပါ။ (17)သွားတိုက်ရင် အနဲဆုံး ၂မိနစ်ခန့်တိုက်ပါ

(18)မျက်နှာလေးလှနေယုံနဲ့ မပြီးပါဘူး၊ပါးစပ်က အနံ့ ဆိုးတွေရှိရင် လူတစ်ယောက်ရဲ့ imageက ပြောင်းသွားနိုင်ပါတယ်။ (19)ဆံံပင်ကို တစ်ပတ်နှစ်ခါ အနဲဆုံး လျှော်ပါ (20)နဖူးမှာ ဝက်ခြံတွေ အရမ်းထွက်တတ်တာမျိုးက ဆံပင်က မသန့်တာကြောင့်ဖြစ်တတ်ပါတယ်

ခေါင်းမလျှော်ဖြစ်ခဲ့ရင်တောင် အရှေ့ဆံပင်လေးကို လျှော်ပေးပါ။ (21)ဝက်ခြံထွက်ရင် လက်နဲ့မညစ်ပါနဲ့ (22)စိတ်ကိုထိန်းပြီး ဆေးလေးပဲလူးထားပါ (23) အရမ်းများလာရင် တတ်ကျွမ်းသူတွေနဲ့ပြပါ (24)ဝက်ခြံကို အသည်းယားလို့ ကုတ်ဖဲ့တာမျိူးက အန္တာရယ်များပါတယ်

ဝက်ခြံဖုကထွက်လာတဲ့ သွေး (သို့)ပြီအပုတ်တွေ စီးကြပြီး ထိုနေရာတွေမှာပါ ဝက်ခြံထွက်တတ်ပါတယ် (25)ဆင်ဝက်ခြံလို ဝက်ခြံမျိူးတွေ လက်နဲ့အညစ်များတဲ့ ဝက်ခြံတွေဟာ ကြာရင် ချိုင့်ခွက်တွေဖြစ်လာပြီး မျက်နှာကို အဖု အထစ်တွေဖြစ်စေနိုင်ပါတယ်

(26)ဆားဝက်ခြံတွေကလဲ စိတ်ရှုပ်ရပါတယ်။ (27)ဆားဝက်ခြံတွေကို ပျောက်ကင်းအောင် ထပ်မထွက်အောင် ကုသမရသေးပါ၊ (28)ပါးသွားအောင်ပဲ လုပ်လို့ရနိုင်ပါတယ် (29) ဝက်ခြံညှစ်တဲ့အတံလေးတွေနဲ့ အသာအယာ ညစ်ထုတ်ပေးနိုင်ပါတယ်။

ဆားဝက်ခြံ ကပ်ခွာတွေလဲ ကပ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းနဲ့လုပ်လုပ် လုပ်ပြီးမပစ်ထားပါနဲ့။ (30) treatmentပြန်လုပ်ပေးပါ။ ထပ်ခါထပ်ခါလုပ်ပါများရင် ချွေးပေါက်တွေကျယ်ပြီး အဆီအရမ်းပြန်တတ်ပါတယ်။ (31) အကောင်းဆုံးနည်းလမ်းကတော့မျက်နှာကို

ရေနွေးငွေ့နဲ့ ခေါင်းပေါ် ပုဝါအုပ်ပြီး ရေနွေးငွေ့ခံပါ ပြီးရင် ကြက်ဥအကာကို မျက်လုံးကိုဝိုက်ပြီး မျက်နှာတစ်ပြင်လုံးလိမ်းပါ။ tissue နှစ်လွှာကို တစ်လွှာခွာပါ မိမိကပ်မဲ့နေရာချိန်ပြီး အရွယ်တော်ဖြဲပါ။ ပြီးရင် ကြက်ဥအကာသုတ်ထားတဲ့အပေါ်ကို ကပ်ပါ။

ပြီးရင် tissue ကပ်ထားတဲ့အပေါ်ကို ကြက်ဥအကာထပ်တင်ပေးပါ၊ မိနစ် ၂၀ခန့်ထားပြီး ခွာချပါ ဆားဝက်ခြံတွေပါလာပါလိမ့်မယ်။ အကုန်တော့မပါလာပါဘူးနော်။ သဘာဝနည်းလမ်းတွေရဲ့ အာနိသင်ဆိုတာ ဖြေးဖြေးခြင်းထိရောက်တာပါ

နောက်ဆုံး ရေခဲရေနှင့်မျက်နှာသစ်ပါ (သို့)ရေခဲတုံးလေးနဲ့ ပွတ်ပေးပါ။ ဒီအဆင့်ကို လုပ်ဖြစ်အောင်လုပ်ပါ။ ချွေးပေါက်တွေဖွင့်ပြီးရင် ချွေးပေါက်ပြန်ပိတ်ရပါမယ် ဆားဝက်ခြံများရင် တစ်ပတ် ၃ကြိမ်လုပ်ပါပါးသွားရင် တစ်ပတ် ၁ကြိမ်ဆို ရပါပြီ။ (32)အပူက ချွေးပေါက်ကျယ်စေပါတယ်

အအေးက ချွေးပေါက်ကျဉ်းစေပါတယ် (33) ချွေးပေါက် အရမ်းကျယ်လို့ မိတ်ကပ်လိမ်းရအဆင်မပြေရင် ရေခဲတုံးနဲ့ မျက်နှာကို ပွတ်လိမ်းပေးပြီး တဘတ်နဲ့ သုတ်ကာ မိတ်ကပ်လိမ်းကြည့်ပါ (34)မနက် အိပ်ရာထလျှင် ထခြင်း ရေတစ်ဖန်ခွက်အပြည့်သောက်ပါ။

တစ်ကျိုက်ထဲမော့ပါ စသောက်ခြင်း အဆင်မပြေပါဘူး။ နောက်ရက်တွေ အိုခေလာမှာပါ။ (35) ခန္ဓာကိုယ်က အပူအပုတ်တွေ ကင်းဖို့မျှတစွာ နေထိုင်စားသောက်ပါ အသီးအနှံအရွက်စားပါ ဝမ်းချုပ်နေပြီခံစားရရင် ဝမ်းနုတ်ပါ။ (36) ဆီး၊ဝမ်း၊လေမှန်မှ နေသာထိုင်သာရှိပြီး

ကျန်းမာရေး ကောင်းမှာပါ (37)ရေချိုးတဲ့အခါ ခြေထောက်မှ ခြေသည်းလေးတွေကို brush နဲ့တိုက်ချွတ်ဆေးကြောပါ။ လူတစ်ယောက်ကို အကဲဖြတ်ရာမှာ ခြေထောက်ရယ် မျက်နှာရယ်က အဓိကပါ။ (38)လက်သည်းနီတွေ အမြဲမဆိုးပါနဲ့ ဆိုးဖြစ်ခဲ့ဪ

မဆိုးပဲနဲ့ တစ်လလောက် အနားပေးပါ လက်သည်းကျန်းမာဖို့ပါ။ (39) လက်သည်းကျိုးလွယ်တယ် အရမ်းပျော့နေမယ်ဆိုရင် သံပုရာသီးလေးနဲ့ ပွတ်ပေးပါ၊ (40)မိတ်ကပ်လိမ်းရင် Brush လေးတွေနဲ့ လိမ်းပေးပါ။ (41)လက်နဲ့ပဲ လိမ်းချင်တယ်ဆိုရင်လက်ကို

သေချာသန့်စင်ပြီးမှ လိမ်းပေးပါ။ လက်က ဘက်တီးရီးယားအများဆုံးနေရာပါ။ (42) make up brushတွေကို တစ်ပတ်တစ်ခါ ဆေးပါ။ make up Brush အတွက် ထုတ်တဲ့ ဆပ်ပြာလေးတွေ ထွက်ပါတယ်။ အဲ့လိုမှ မသုံးချင်လဲ ကလေးသုံးဆပ်ပြာ သို့မဟုတ်

ခေါင်းလျှော်ရည်နဲ့ သုံးလို့ရနိုင်ပါတယ် (43)မိတ်ကပ်ဖော့အသုံးပြုရင်လဲ အနဲဆုံး နှစ်ခုထားပါ တစ်ခုလျှော်ရင် တခုနဲ့သုံးလို့ရနိုင်ပါတယ်။ (44)နှုတ်ခမ်းနီကို ပါးနီအဖြစ်လဲ အသုံးပြုနိုင်ပါတယ် နှုတ်ခမ်းနီကို ပါးပေါ်နဲနဲတင်ပြီး အမြန်ပြန်ဖြန့်ပေးလို့ရပါတယ်

(45)eyeliner ကုန်နေခဲ့လို့ မဆိုးလို့က မရဘူး အလျင်လိုနေခဲ့ရင် mascaraကို eyelinerအဖြစ် ယူသုံးနိုင်ပါတယ်။ (46)concelarသုံးဖို့ လိုအပ်လာရင် concelar မရှိခဲ့ရင် သုံးနေကြမိတ်ကပ်အရည်ရဲ့ အဖုံး(သို့)နှုတ်ခမ်းအဝမှာ မစိုမခြောက်ဖြစ်နေတဲ့မိတ်ကပ်ကို

concelarအစား သုံးပေးနိုင်ပါတယ်။ (47) powder hightlight လုပ်ချင်လို့ loose powder မရှိလျှင်လဲ baby ကလေးပေါင်ဒါကို အသုံးပြုနိုင်ပါတယ်။ (48) မျက်တောင်ပါးရင်masacara ကော့ပြီး ပေါင်ဒါမှုန့်ကို မျက်တောင်တွေအပေါ်လိုက်တင်ပါ ပြီးရင် mascara ပြန်ကော့ပါ။

သုံးခါလောက် ထိုနည်းအတိုင်းလုပ်ပါ မျက်တောင်ထူသလို ဖြစ်သွားစေပါတယ် (49)မျက်ခုံးဆိုးရင် မျက်ခုံးရိတ်ပြီးမှ မျက်ခုံးဆိုးပါ။ မျက်ခုံးကို မိမိဘာသာ မရိတ်တ်တက်ရင် ဆိုင်မှာပုံအရင်သွင်းပါ။ (50) ပြန်ထွက်လာတဲ့ မျက်ခုံး အတိုအထွာလေးတွေကို နုတ်တာရိတ်တာ

အားသန်သလို လုပ်ပေးနိုင်ပါတယ် (51)မျက်ခုံးမှ မရိတ်ချင်ဘူးဆိုလဲ concelarနဲ့ မညီညာတဲ့ မျက်ခုံးတွေကို ဖုံးကွယ်ပါ (52) မိတ်ကပ်ကြောင့်သင်ပိုလှပါစေ (53pမိတ်ကပ်က သင့်အလှကို မဖုံးကွယ်ပါစေနဲ့ (54)မိတ်ကပ်လိမ်းရင် မိမိမျက်နှာက အလှဆုံးအစိတ်အပိုင်းကို

ဦးစားပေးပြင်ပါ (55)နှုတ်ခမ်း matteတွေ ဆိုးတာများရင် lip scrub လေး ပုံမှန်လုပ်ပေးပါ (56)သခွားသီးကို မျက်နှာမှာ ကပ်ပေးပါက မျက်နှာအေးစေတယ် အသားအရည်ကြည်ပြီး ကောင်းစေပါတယ် (57)အာလူးကို မျက်လုံးမှာကပ်ပေးပါက မျက်ကွင်းညိုတာ

သက်သာစေပါတယ်။ မျက်နှာမှာကပ်ရင် မျက်နှာက အပူတွေစုပ်ပေးပါတယ် ကပ်ပြီးရင် မျက်နှာတော့ သေချာပြန်သစ်ပါ။ (58)ငှက်ပျောသီးမှည့်ကိုလဲ ရေမချိူးခင် မျက်နှာမှာ ၁၅မိနစ်လောက်လူးထားပေးးပြီး။ ပြီးမှ ရေချိူးလို့ရပါတယ် အသားအရည်လဲလှစေပါတယ်။

(59)ကြက်ဥအကာ သံံပုရာသီး ၃စက်ခနု့်ရောမွှေပြီးလူးပေးပါ ၁၅မိနစ်ထားပါ။ ပြီးရင် ရေဆေးချပါ အသားအရည် တင်းရင်းစေပါတယ်။ (60)Vasaline ကိုသိကြမှာပေါ့နော် (မှတ်ချက် lotion မဟုတ်ပါ vasalineအဆီပါ)။vasaline ကို ရေမွှေးစွတ်မဲ့နေရာကို လိမ်းပေးပြီး ရေမွှေးစွတ်ရင်

ရေမွှေးနံ့ ကြာရှည်ပိုခံတယ်။ (61)ဒူးမဲ တံတောင်ဆစ်မဲ ဂျိုင်းမဲ နှုတ်ခမ်းမဲတာတွေကို vasaline လူးပေးရင် ပျောက်စေပါတယ် (62)vasalineကို ဆံပင်နှစ်ခွဖြစ်နေရင် အောက်ဖျားတွေကို လိမ်ပေးလို့ရပါတယ် (63)eyeliner pencil တွေဆိုးရတာ အရောင်မထွက်ရင်

မီးအပူ ခဏလေးပေးပြီး ဆိုးရင် အရောင်ပိုတောက်စေပါတယ်။ (64)မျက်တောင်တွေပိုကော့အောင် မျက်တောင်ကော့စက်ကို hair dryerနဲ့ အပူပေးပြီး ကော့ပေးလို့ရပါတယ် (65)နူတ်ခမ်းနီ ဝယ်မိတာ မစိုမခြောက်ဖြစ်နေရင် နူတ်ခမ်းနီဆိုးပြီး setting powder သို့

loose powderကို နှုတ်ခမ်းပေါ် တင်ပေးနိုင်ပါတယ် နှုတ်ခမ်းလေး matteလေး ဖြစ်သွားစေပါတယ်။ (66) Eyeshadowဆိုးရင် အမူန်တွေတခါတလေ ကျပါတယ် ကျရင်ကာကွယ်ဖို့ တိတ်လေးကို မျက်လုံးအောက်မှာကပ်ပြီး ကာကွယ်ပေးပါ

(67)အလက်ပါတဲ့ eyeshadow တွေဆိုးလို့ မျက်အိမ်အောက်ကျတဲ့ အလက်အမူန်တွေကို တိပ်လေးနဲ့ ကပ်လိုက်ခွာလိုက်လုပ်ကာ ဖယ်ရှားပေးနိုင်ပါတယ် (68)မိတ်ကပ်လိမ်းရင် လည်ပင်းကိုပါလိမ်းပါ။ မိမိမိတ်ကပ်က ဈေးကြီးလို့နှမြောရင် ဈေးသင့်တာလေး

မျက်နှာမိတ်ကပ်နဲ့ အရောင်ညီတာလေးဝယ်ထားပါ လည်ပင်းကို ထိုမိတ်ကပ်လေးလိမ်းပါ (69)မိတ်ကပ်မလိမ်းခင် skin care တခုခု ခံလူးပါ။ (70) Green tea လက်ဖက်ခြောက် တစ်ခါသောက်ထုတ်လေးတွေကို စိမ်သောက်ပြီးရင် မျက်လုံးပေါ်မှာ ကပ်ပေးနိုင်ပါတယ်ရှင်

(71)ခေါင်းအုံးစွတ်တွေကို တစ်ပတ်တစ်ခါ လျှော်ပါ။ (72) ခုလို မိုးတွင်းအချိန်ခါမျိူးမှာ နေပူတာနဲ့ အိပ်ရာခင်းတွေ ခေါင်းအုံးတွေကို နေပြပါ။ (73) စိုထိုင်းထိုင်းအနေအထားမျိူးမှာ ဘတ်တီးရီးယားတွေ အရမ်းပေါက်ဖွားတတ်ကြပါတယ် အသားတွေယားတာတွေ ဖြစ်တတ်ပါတယ်။

ခေါင်းအုံး မသန့်ရင် မျက်နှာ ဝက်ခြံထွက်စေပါတယ် (74) အိပ်ရေးပျက်မခံပါနဲ့ (75) ည 11နာရီ နောက်ဆုံးထားအိပ်ပေးပါ (76) ည 12နာရီနှင့် 1နာရီအချိန်မှာ မျက်နှာက နုပျိုခြင်း လှပခြင်း ဆဲလ်တွေဖွံ့ဖြိုးပါတယ်။ထို ဆဲလ်တွေက အိပ်မှထွက်တာပါ

အဲ့အချိန်မအိပ်ရင် မထွက်နိုင်ပါ(ကြားဖူးတာ ကြာပါပြီ အချိန် အမှားအယွင်းလေးရှိနိုင်ပါတယ် ၁၁နာရီနောက်ပိုင်း အိပ်ရမှာက သေချာပါတယ်) (77)အိပ်ရေးပျက်ရင်လဲ ဝက်ခြံထွက်တတ်ပါတယ် (78)အသားခြောက်သူတွေ က ရေဓာတ်ပါဝင်နဲ့ skincareတွေ လိမ်းပေးပါ

(79)သခွားသီး ရှားစောင်းလတ်ပတ်တို့ဟာ ရေဓာတ်ပြည့်ဝပါတယ် ကပ်ပေးနိုင်ပါတယ် (80)alove vera gel တွေလဲ လူးနိုင်ပါတယ် အသားခြောက်သူတွေအတွက် သာမက မည့်သည့်အသားအရည်ပိုင်ရှင်မျိူးမဆိုလဲ မိတ်ကပ်လိမ်းရင် မိတ်ကပ်သားတက်အောင်

လူးနိုင်ပါတယ် (81)အရမ်းအိပ်လိုက်လို့ မျက်လုံးတအား မို့အစ်နေရင် စတီးဇွန်းနှစ်ချောင်းကို ၁၅မိနစ်ခန့် ရေခဲသေတ္တာထဲ ထည့်ပေးပြီး မျက်အိတ်အပေါ်ကို ကပ်ပေးနိုင်ပါတယ် (82)မိတ်ကပ်ဝယ်တဲ့အခါ tester ရှိတဲ့နေရာက ဝယ်ပါ (83)tester စမ်းတဲ့အခါ မိတ်ကပ်ကို

မိမိအသားအရောင်နဲ့ ကိုက်ညီတာကို ရွေးခြယ်ပါ (84) ရွေးခြယ်သည့်အခါ လက်ဖျံရိုး မေးရိုး တို့မှာတင်ပြီး ရွေးပါ အ‌ရောင်တစ်ရောင်ထဲတင်ပြီး စမ်းတာမျိူးရှောင်ပါ ။ မိတ်ကပ် နံပါတ် ၃ခု ရှိရင် သုံးခုလုံး နေရာလေးခြားပြီး ယှည်ကြည့်ပြီး အလိုက်ဖက်ဆုံးအရောင်ကို ရွေးခြယ်ပါ

(85)သူများကသုံးလို့ ငါလဲသုံးမယ်ဆိုတာမျိူးရှောင်ပါ (86)သူများနဲ့အဆင်ပြေပေမဲ့ ကိုယ်နဲ့အဆင်ပြေချင်မှပြေမှာပါ (87)မိတ်ကပ်ရွေးခြယ်ဖို့ ခက်နေသည့်အခါ မိမိ အသားအရည်နဲ့ အဆင်ပြေမဲ့ပစ္စည်းကို မရွေးးခြယ်တတ်သည့်အခါ သေချာနားလည်တဲ့ blogger(သို့)

မိတ်ကပ်ဆရာဆီမှာမေးပါ (88)ဝါသနာရှင်တွေကို မမေးမိပါစေနဲ့ပညာရှင်ကိုမေးပါ ဝါသနာရှင်က ပစ္စည်းအကုန်လုံးမသုံးနိုင်ပါဘူး တံဆိပ်အမျိုးမျိုးမသုံးနိုင်ပါဘူး။ လက်တွေ့မသုံးဖြစ်တဲ့အတွက် ဖြေဖို့ရာညွှန်းဖို့ရာ အရမ်းခက်ခဲပါတယ်။ တကယ်သုံးပြီး ညွှန်းတဲ့လူဆီ ပညာရှင်ဆီမေးပါ

(sisကိုလာမေးကြရင် အစ်မ ဘယ်မိတ်ကပ်ကောင်းလဲတဲ့ ဘယ်လိုဖြေရမှန်းမသိဘူး ဖြေချင်ပါတယ် မသိလို့ပါ ကိုယ်သုံးတာလောက်ပဲပြောပြနိုင်တော့ သူနဲ့အဆင်ပြေမပြေက ရှိသေးတယ်လေနော့်) ဝါသနာရှင်ပါရှင် နားလည်ပေးကြပါနော်) (89)နားလည်သူညွှန်းတဲ့မိတ်ကပ်ကို

ကိုယ်တိုင်ကိုယ်ကြ counterမှာဝယ်ပါ ထိုပစ္စည်းမှာ sampleဘူးသေးလေး (travel size)တွေထွက်ရင် ဝယ်သုံးပါ။အဆင်မပြေရင် နောက်တခုပြောင်းဝယ်ဖို့ အသေးထွက်ရင် အသေးဝယ်ပါ အဆင်ပြေမှဘူးကြီးဝယ်ပါ။ (90)ငွေကို ချွေတာလို့ရတဲ့နေရာaချွတာပါ masacaraလို

eyeliner အရည်လို ၃လလောက်ပဲခံတဲ့ပစ္စည်းတွေကို ဈေးအမြင့်ဆုံးထဲက ဝယ်မဲ့အစား ဈေးအလတ်စားထဲက ဝယ်ပါ (91)ဂျိုင်းချွေးနံ့ကို ဂရုစိုက်ပါ Roll onသုံးပေးပါ အနံ့ဆိုးတွေက လူတစ်ယောက်နှာခေါင်းရှုတ်တာမျိူး မဖြစ်ပါစေနဲ့။ (92)နားတွေကို ပုံမှန်သန့်စင်ပါ

နားကပ်တွေကို ရေချိူးတိုင်းဖြုတ်ပြီး နားကိုဆေးပါ နားရွက်ကထွက်တဲ့ဂျီးဟာ ညှီစော်နံပါတယ် (93)တခုခုစားပြီး အသုံးပြုပြီးလက်ဆေးရင် လူတော်တော်များများ လက်ကိုမသုတ်ကြပါဘူး လက်သုတ်ပါ ပိုးမွှားတွေက လက်မှာ မပေါက်ဖွားအောင်တားဆီးပါ (94)မျက်စိယားရင်

မျက်စဉ်းခပ်ပါ ဆေးသောက်ပါ လက်နဲ့မပွတ်ပါနဲ့ (95)ဖုန်း ပိုက်ဆံ လက် ထိုအရာတွေဟာ ပိုးမွှားအပေါဆုံးအရာတွေပါ ညအိပ်ရာဝင် မျက်နှာသစ်ခြေထောက်လက်ထောက်ဆေးပြီး လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးပါ။ ဖုန်းကိုလဲ စင်တခုပေါ်တင်ထားပါ

(96)မျက်ကပ်မှန် ဈေးအပေါစားတွေမတပ်ပါနဲ့ မျက်လုံးက တအားနုပါတယ် ဂရုစိုက်ကြပါ (97)မျက်ကပ်မှန်တပ်ရင် ဆေးကိုပုံမှန်လဲပါ အေးတဲ့နေရာမှာထားပါ ပိုးဝင်သွားရင် အန္တရာယ်ရှိပါတယ် (98)မျက်ကပ်မှန် မတပ်ဖြစ်ခဲ့ရင်တောင် ဆေးရည်ကို ၂ပတ်တစ်ခါ ပုံမှန်လဲပေးပါ

ဒီနေ့တပ်ဖြစ်ရင် ဆေးရည်အသစ်နဲ့လဲပြီး ပြန်ထည့်ထားပါ (99) နေပူပူမိုးရွာရွာ suncreamလူးပါ ခရမ်းလွန်ရောင်ခြည်က တိမ်တွေကိုဖောက်ထွက်ပြီး မြေကမ္ဘာပေါ်ဆင်းသက်နိုင်ပါတယ် နေပူမှ ခရမ်းလွန်ရောင်ခြည် ကျရောက်တာမဟုတ်ပါဘူး။ (100) ခေါင်းဘီးတွေကို တစ်ပတ်တစ်ခါ ဆေးပေးပါ။ ခရက်ဒစ်

ယူနီကုဒျဖွင့ျ ဖတျရနျ