အမေစုချစ်တဲ့ သားသမီးတွေ အဘကျောင်းလာထားရတာပဲမဟုတ်လား ဟု လာအပ်သည့် ကလေးများကို ပုန်းထွန် အထက ဆရာမများခနဲ့

အေမစုခ်စ္တဲ့ သားသမီးေတြ အဘေက်ာင္းလာထားရတာပဲမဟုတ္လား ဟု ေက်ာင္းလာအပ္သည့္ ကေလးမ်ားကို တာခ်ီလိတ္၊ ပုန္းထြန္ အထက ဆရာမမ်ား ခနဲ႔ေျပာဆို

မဲေခါင္၊ ေမ ၂၇

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္းခြဲ(ပုန္းထြန္)မွ ေက်ာင္းဆရာ/ဆရာမမ်ားက ေက်ာင္းလာအပ္သည့္ ေက်ာင္းသား/သူမ်ားအေပၚ ခြဲျခားဆက္ဆံမႈမ်ားရွိေနေၾကာင္း ေက်ာင္းမိဘမ်ားထံမွ ယေန႔သိရသည္။

ေက်ာင္းပုံႏွိပ္စာအုပ္ ေပးရာတြင္ ယခင္ႏွစ္ေက်ာင္းတက္သည့္ ေက်ာင္းသားမ်ားအား ဦးစားေပး ေပးအပ္မည္ျဖစ္ၿပီး ပိုလၽွံမွသာ ယခုႏွစ္မွ ျပန္တက္သည့္ ေက်ာင္းသားမ်ားကို ေပးမည္ျဖစ္ေၾကာင္း၊ အေမစု(ေဒၚေအာင္ဆန္းစုၾကည္)ကိုခ်စ္သည့္ ကေလးမ်ား

ေနာက္ဆုံးတြင္ အဘ(အာဏာသိမ္း‌စစ္ေခါင္း)ေက်ာင္းကိုသာ လာအပ္ရေၾကာင္းစသည္ျဖင့္ ေျပာဆိုဆက္ဆံမႈမ်ားရွိေနသည္ဟု ေက်ာင္းသားမိဘတစ္ဦးက ေျပာသည္။

နင္တို႔အေမစုကိုခ်စ္တဲ့ သားသမီးေတြ ဘယ္ႏွယ္ရွိစ၊ အခုေတာ့ သူတို႔အဘေက်ာင္းကိုပဲ လာထားရတာပဲ​ မဟုတ္လားဆိုၿပီး ေျပာတယ္။ ေက်ာင္းသားေတြကိုလည္း ဒါကအဘေက်ာင္း၊ အဘေက်ာင္းနဲ႔ တြင္တြင္ေျပာေနတာ ဟု ၎ကေျပာသည္။

ေက်ာင္းအပ္ခ်ိန္တြင္ပင္ ယင္းကဲ့သို႔ ခြဲျခားဆက္ဆံမႈမ်ားရွိေနသည့္အတြက္ ေရရွည္ေက်ာင္းတက္ရာတြင္ ပိုမိုဆိုးရြားသည့္ ခြဲျခားဆက္ဆံမႈမ်ား ၾကဳံရမည္ကို စိုးရိမ္ေၾကာင္း အဆိုပါေက်ာင္းသားမိဘက ေျပာသည္။

ယမန္ေန႔၊ ညပိုင္းက က်ဴရွင္ဖြင့္လွစ္သည့္ ေက်ာင္းဆရာမတစ္ဦး၏ ေနအိမ္ေခါင္မိုးေပၚသို႔ ခဲလုံးပစ္တင္သည့္ ေက်ာင္းသားအခ်ိဳ႕ကို ယင္းဆရာမကေက်ာင္းေစာင့္သည့္ စစ္ေကာင္စီတပ္သားထံ တိုင္တန္းခဲ့သည့္အတြက္ အဆိုပါေက်ာင္းသားမ်ားကို စစ္သားက ေသနတ္ျဖင့္ခ်ိန္ရြယ္ခဲ့ေသးေၾကာင္း သိရသည္။

အဆိုပါအေျခခံပညာအထက္တန္းေက်ာင္းခြဲ(ပုန္းထြန္)၌ လက္ရွိအခ်ိန္တြင္ စစ္ေကာင္စီတပ္သားမ်ားက ေက်ာင္းဝန္းအတြင္း ေနထိုင္၍ ခ်က္ျပဳတ္စားေသာက္ကာ ေက်ာင္းလုံျခဳံေရးယူေပးထားေၾကာင္းလည္း သိရသည္။ Credit- Me Kong News

အမေစုချစ်တဲ့ သားသမီးတွေ အဘကျောင်းလာထားရတာပဲမဟုတ်လား ဟု ကျောင်းလာအပ်သည့် ကလေးများကို တာချီလိတ်၊ ပုန်းထွန် အထက ဆရာမများ ခနဲ့ပြောဆို

မဲခေါင်၊ မေ ၂၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(ပုန်းထွန်)မှ ကျောင်းဆရာ/ဆရာမများက ကျောင်းလာအပ်သည့် ကျောင်းသား/သူများအပေါ် ခွဲခြားဆက်ဆံမှုများရှိနေကြောင်း ကျောင်းမိဘများထံမှ ယနေ့သိရသည်။

ကျောင်းပုံနှိပ်စာအုပ် ပေးရာတွင် ယခင်နှစ်ကျောင်းတက်သည့် ကျောင်းသားများအား ဦးစားပေး ပေးအပ်မည်ဖြစ်ပြီး ပိုလျှံမှသာ ယခုနှစ်မှ ပြန်တက်သည့် ကျောင်းသားများကို ပေးမည်ဖြစ်ကြောင်း၊ အမေစု(ဒေါ်အောင်ဆန်းစုကြည်)ကိုချစ်သည့် ကလေးများ

နောက်ဆုံးတွင် အဘ(အာဏာသိမ်း‌စစ်ခေါင်း)ကျောင်းကိုသာ လာအပ်ရကြောင်းစသည်ဖြင့် ပြောဆိုဆက်ဆံမှုများရှိနေသည်ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

နင်တို့အမေစုကိုချစ်တဲ့ သားသမီးတွေ ဘယ်နှယ်ရှိစ၊ အခုတော့ သူတို့အဘကျောင်းကိုပဲ လာထားရတာပဲ​ မဟုတ်လားဆိုပြီး ပြောတယ်။ ကျောင်းသားတွေကိုလည်း ဒါကအဘကျောင်း၊ အဘကျောင်းနဲ့ တွင်တွင်ပြောနေတာ ဟု ၎င်းကပြောသည်။

ကျောင်းအပ်ချိန်တွင်ပင် ယင်းကဲ့သို့ ခွဲခြားဆက်ဆံမှုများရှိနေသည့်အတွက် ရေရှည်ကျောင်းတက်ရာတွင် ပိုမိုဆိုးရွားသည့် ခွဲခြားဆက်ဆံမှုများ ကြုံရမည်ကို စိုးရိမ်ကြောင်း အဆိုပါကျောင်းသားမိဘက ပြောသည်။

ယမန်နေ့၊ ညပိုင်းက ကျူရှင်ဖွင့်လှစ်သည့် ကျောင်းဆရာမတစ်ဦး၏ နေအိမ်ခေါင်မိုးပေါ်သို့ ခဲလုံးပစ်တင်သည့် ကျောင်းသားအချို့ကို ယင်းဆရာမကကျောင်းစောင့်သည့် စစ်ကောင်စီတပ်သားထံ တိုင်တန်းခဲ့သည့်အတွက် အဆိုပါကျောင်းသားများကို စစ်သားက သေနတ်ဖြင့်ချိန်ရွယ်ခဲ့သေးကြောင်း သိရသည်။

အဆိုပါအခြေခံပညာအထက်တန်းကျောင်းခွဲ(ပုန်းထွန်)၌ လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သားများက ကျောင်းဝန်းအတွင်း နေထိုင်၍ ချက်ပြုတ်စားသောက်ကာ ကျောင်းလုံခြုံရေးယူပေးထားကြောင်းလည်း သိရသည်။ Credit- Me Kong News