အပြုံးချိုချို နဲ့ မုန့်ဖတ်ထုပ် အဖိုး
အဖိုးရေ…ဖုန့်ဖတ်ထုပ်တွေ ဘယ်လိုရောင်းလဲဗျ??
တခု – ၁၀၀ပါ သား
ဆီထမင်းကကော….
တထုပ် – ၁၅၀ပါ သား
ဟုတ် အဖိုး…ဒီမှာပဲ တနေကုန်ရောင်းတာလား??
ဟုတ်တယ် သား…မကုန်မချင်းပေါ့…
အိမ် အစောကြီးပြန်ရတဲ့ ရက်တွေကော ရှိလား??
မရှိပါဘူး သားရယ်…မိုးရွာလဲ မိုးခိုပြီ ပြန်ရောင်းရတာပဲ
ဟုတ် အဖိုး…ဒါတွေ အကုန်ဆို ဘယ်လောက် ရှိမလဲ??
အဖိုး တွက်ကြည့်မှ သိမယ် သား
ဟုတ် အဖိုး…ဘယ်လောက်ဖိုးရှိလဲ တူတူ တွက်ကြမယ်
အဖိုးရေ…အားလုံး (7,300)Ks ရှိတယ်…သား အားလုံးယူမယ်
ဟာ…တကယ်ကြီးလား
တကယ်ပေါ့ အဖိုးရဲ့…ရော့ (50,000) Ks
သား ပိုက်ဆံတွေ အများကြီး ပိုနေတယ်နော်
ဟုတ် အဖိုး…ပိုတာ အဖိုးလိုတာ သုံးပါနော်
ပျော်လိုက်တာ ပိုက်ဆံလဲ အများကြီး ပိုရတယ်…တနေကုန်လဲ မထိုင်ရတော့ဘူး
ဟုတ် အဖိုး ဂရုစိုက်ပြီ ပြန်ပါနော်…..
•အော…နေပူမရှောင် မိုးရွာမရှောင် ရောင်းပြီ စားဝတ်နေရေး ဖြေရှင်းနေရတဲ့ အဖိုးအဖွားတွေ အများကြီးပါလား
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
09-5408437
unicode
အပွုံးခြိုခြို နဲ့ မုနျ့ဖတျထုပျ အဖိုး
09-5408437
Leave a Reply