သားသမီးတိုင်း မိဘကိုချစ်ရင် မရှက်ပါနဲ့ (အချိန် ၂ မိနစ်လောက်ပေးပြီး ဖတ်ကြည့်ပေးပါ)

အလယ်တန်း အထက်တန်း ကျောင်းသူဘဝတုန်းက ကျောင်းတက်ရင် အတန်းဖော်သူငယ်ချင်းတွေက မေးကြတယ်

” နင့်အဖေ ဘာလုပ်လဲ နင့်အမေ ဘာလုပ်လဲ ” လို့ မေးရင် ကျွန်မအရမ်းအားငယ်ရတယ် ဝမ်းနည်းမိတယ်။”

”ငါ့ရဲ့ဖေဖေက စက်ချုပ်တယ် ငါ့ရဲ့မေမေက ထမင်းချက်တယ် ” ဆိုတဲ့ အဖြေကို မရဲမဝဲ့ သူငယ်ချင်းတွေကို ဖြေခဲ့ရတယ်။

( ” ငါ့ဖေဖေက အင်ဂျင်နီယာ ငါ့မေမေက ဒေါက်တာ ” ဆိုပြီး တချို့သူငယ်ချင်းတွေလို ဂုဏ်ယူဝဲ့ကြွားစွာ ဖြေချင်မိတယ် )

ဒါပေမယ့် … ကျွန်မ အဖေက စက်ချုပ်တယ် အမေက ထမင်းချက်တယ်။

တစ်န့တော့ …” ဖေဖေ … သမီးကိုလေ သူငယ်ချင်းတွေက မေးကြတယ် ဖေဖေမေမေက ဘာလုပ်တာလဲ ” တဲ့

” ဖြေတော့ တချို့သူတွေက သမီးကိုလှောင်ရယ်ကြတယ် ” သမီး … သိပ်ရှက်တယ် … ဖေဖေ … သမီးရှက်တယ်။

”သမီးလဲ … သူငယ်ချင်းတွေရဲ့အဖေအမေလို အင်ဂျင်နယ်ယာ ဒေါက်တာ ပညာတတ်တဲ့ ဖေဖေမေမေလိုချင်တာပေါ့ ”

အဲဒီအချိန်မှာ ကျွန်မအနားသို့ ဖေဖေတိုးလာပြီး”ဘယ်လိုပြောလိုက်တာလဲ သမီးရေ ဖေဖေတို့လည်း ပညာတတ်ဖြစ်ချင်ခဲ့တာပေါ့…။ဘဝပေးအခြေအနေက ဖေဖေကိုပညာတတ်ဖြစ်ဖို့မပေးခဲ့ဘူးလေ ”

” ဖေဖေတို့မောင်နှမနှစ်ယောက်ဟာ ပညာတတ်သိပ်ဖြစ်ချင်ခဲ့တာ ”” အမေကမုဆိုးမ ဆင်းရဲတယ် သူများဆီမှာအငှားခံရတယ် စားဝတ်နေရေးအတွက်ပဲ ထမင်းမငတ်အောင်စားခဲ့ရတာ

””ဖေဖေတို့ကို ကျောင်းတက်ဖို့ ဖတ်စာအုပ်တွေ ဗလာစာအုပ်တွေ မဝယ်ပေးနိုင်ခဲ့ဘူးသမီး ”

” ဖေဖေတို့မောင်နှမနှစ်ယောက်က စာအရမ်းသင်ချင်လို့ တောင်ပေါ်က ဟင်းသီးဟင်းရွက်တွေကို သွားခူးပြီးရောင်းတယ် ”

” ဟင်းသီးဟင်းရွက်ရောင်းလို့ … ရတဲ့ပိုက်ဆံကို … စု သူများဆီကတဆင့် စာအုပ်အဟောင်းလေးတွေဝယ်ပြီးဖေဖေတို့မောင်နှမနှစ်ယောက် ကျောင်းတက်ခဲ့ရတာ ”

” ဖေဖေတို့ကဆင်းရဲတော့ … ဘယ်သူကမှဂရုမစိုက်ကြဘူး သမီးရေ ”

” စာအုပ်အသစ်တွေမဝယ်နိုင်ဘူး သူများဆီကဝယ်တဲ့စာအုပ်အဟောင်းလေးနဲ့ စာရေးခဲ့တယ် ”ဆရာကို အမှတ်ခြစ်ဖို့ စာအုပ်သွားထပ်တော့ …

” မင်း ဘာစာအုပ်နဲ့ရေးထားတာလဲ ညစ်ပတ်စုတ်ပြတ်သတ်နေတာပဲ ရော့…ကွာ ” ဆိုပြီး ဖေဖေ့စာအုပ်ကို ဆရာက လွှင့်ပစ်တယ်သမီးရေ”

စာအုပ်ကထဲက စာရွက်လေးတွေ တရွက်စီကွာကြသွားခဲ့တယ် ဖေဖေလည်း အရမ်းရှက်လို့ ငိုပြီးစာရွက်လေးတွေကို တရွက်ချင်းစီ ကောက်ခဲ့ရတယ် ”

အဲဒါနဲ့ … ဖေဖေ … လေးတန်းဖြေပြီး ကျောင်းနားခဲ့ရတယ် သမီးရေ ” အရွယ်ရောက်လာတော့ ဖေဖေစက်ချုပ်ပညာကိုတတ်ကျွမ်းအောင် ဆရာတယောက်ဆီမှာ သင်ခဲ့တယ် ”

” သမီးတို့မောင်နှမနှစ်ယောက်ကို ဖေဖေတို့မောင်နှမနှစ်ယောက်လို မဖြစ်ရလေအောင် ဖေဖေတတ်တဲ့စက်ချုပ်ပညာနဲ့ ပညာတတ်ဖြစ်အောင် ပညာသင်ရအောင် ကျောင်းတက်ရအောင် ထားပေးတယ်လေ”

ဖေဖေပြောတဲ့စကားတွေကို နားထောင်ရတာတော့ ကျွန်မရင်ထဲဝမ်းနည်းပြီး မျက်ရည်စက်တွေ ကျလာတယ်။ဖေဖေက စကားတစ်ခွန်းပဲပြောတယ်

” ဂုဏ်ယူလိုက်စမ်းပါသမီးရေ … မရှက်ပါနဲ့ငါ့မိဘတွေက သူတို့တတ်တဲ့အတတ်ပညာ ရှာလို့ပေးလို့ရတဲ့ပိုက်ဆံနဲ့

ငါ့အစ်ကိုကို ဘွဲ့ရအောင် ကျောင်းထားပေးခဲ့တယ်…ငါ့ကို အခုကျောင်းထားပေးနေတယ် ဆိုပြီး ပြောလိုက်စမ်းပါ သမီးရေ ” တဲ့လေ ။

တချိန်က … မပြောနိုင်ခဲ့တဲ့စကားတွေကို အခုတော့ … ဖေဖေ့ကျေးဇူးတွေကြောင့် … ရဲဝဲ့စွာပြောနိုင်ခဲ့ပြီ … ဖေဖေ သမီး … မရှက်တော့ဘူး … ဖေဖေ ”

သူငယ်ချင်းတို့ … မိတ်ဆွေတို့ရေ ” ငယ်တဲ့အချိန်မှာတော့ စဉ်းစားဉာဏ် အတွေးအခေါ် ဗဟုသုတ မရှိသေးတဲ့ အရွယ်မို့ ရှက်တတ်ရင်ရှက်နိုင်ပါတယ်။

အသက်အရွယ်ကြီးလာလို့ စဉ်းစားဉာဏ်အတွေးအခေါ် ဗဟုသုတတွေကို ရင့်ကျက်လာတဲ့အခါ မရှက်သင့်တာကို … မရှက်ပါနဲ့ အားမငယ်သင့်တာကို … အားမငယ်ပါနဲ့။

ဒါကြောင့် မိဘကိုချစ်ရင်မရှက်ပါနဲ့။

credit – မူရင်