ယနေ့ သရုပ်ဆောင် ရဲတိုက်အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခံရ

ယနေ့ သရုပ်ဆောင် ရဲတိုက်အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခံရ

သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၃ဖြင့် ယနေ့ မေလ ၂၇ ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ကြောင်းယင်းနှင့် နီးစပ်သည့် ရှေ့နေတစ်ဦးကပြောသည်။

သရုပ်ဆောင်ရဲတိုက် မူးယစ်ဆေးဝါးမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခံရ

သရုပ်ဆောင်ရဲတိုက် မူးယစ်ဆေးဝါးမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခံရကြောင်း သိရသည်။

မေ ၂၇ ရက်က အနောက်ပိုင်းခရိုင်တရားရုံးတွင် အမိန့်ချမှတ်ခံရခြင်းဖြစ်ကြောင်း ရဲတိုက်ဘက်မှ လိုက် ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။

“ ဒီနေ့အမိန့်ချလိုက်ပါတယ်။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ပါ။ သူ့ကျန်းမာရေးကတော့ ကောင်းပါ တယ်” ဟု တရားလွှတ်တော်ရှေ့နေက ပြောကြားသည်။

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၃ အမှုအတွက် အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

သရုပ်ဆောင်ရဲတိုက်မှာ ယခင်ကလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်သုံးနှစ် အမိန့်ချမှတ်ခံထားရပြီး လက်ရှိတွင် နှစ်နှစ်နီးပါးကျန်ရှိသေးကြောင်း သိရသည်။

(Zawgyi ျဖင့္ဖတ္ရန္)

သ႐ုပ္ေဆာင္ရဲတိုက္ မူးယစ္ေဆးဝါးမႈျဖင့္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ဆယ္ႏွစ္ ခ်မွတ္ခံရ

သ႐ုပ္ေဆာင္ရဲတိုက္ မူးယစ္ေဆးဝါးမႈျဖင့္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ဆယ္ႏွစ္ ခ်မွတ္ခံရေၾကာင္း သိရသည္။

ေမ ၂၇ ရက္က အေနာက္ပိုင္းခ႐ိုင္တရား႐ုံးတြင္ အမိန႔္ခ်မွတ္ခံရျခင္းျဖစ္ေၾကာင္း ရဲတိုက္ဘက္မွ လိုက္ ပါေဆာင္႐ြက္သည့္ တရားလႊတ္ေတာ္ေရွ႕ေနထံမွ သိရသည္။

“ ဒီေန႔အမိန႔္ခ်လိုက္ပါတယ္။ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၁၀ ႏွစ္ပါ။ သူ႔က်န္းမာေရးကေတာ့ ေကာင္းပါ တယ္” ဟု တရားလႊတ္ေတာ္ေရွ႕ေနက ေျပာၾကားသည္။

မူးယစ္ေဆးဝါး လက္ဝယ္ေတြ႕ရွိမႈျဖင့္ မူးယစ္ေဆးဝါးဆိုင္ရာ ဥပေဒပုဒ္မ ၁၆(ဂ)/၂၃ အမႈအတြက္ အမိန႔္ခ်မွတ္ခံခဲ့ရျခင္းျဖစ္သည္။

သ႐ုပ္ေဆာင္ရဲတိုက္မွာ ယခင္ကလည္း ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅၀၅ (က) ျဖင့္ ေထာင္ဒဏ္သုံးႏွစ္ အမိန႔္ခ်မွတ္ခံထားရၿပီး လက္ရွိတြင္ ႏွစ္ႏွစ္နီးပါးက်န္ရွိေသးေၾကာင္း သိရသည္။