မိန်းခလေးတွေအချစ်ကိုစိတ်ကုန်သွားတဲ့အခါ……

မိန်းခလေးတွေအချစ်ကိုစိတ်ကုန်သွားတဲ့အခါ

(1) ဂရုစိုက်မှုလေးပေးဖို့ အောက်ကျခံပြီးတောင်းဆိုမှုတွေ ပြုလုပ်နေမှာမဟုတ်တော့ဘူး( မှန်တစ်ချပ်လို တုံ့ပြန်လိုက်ဖို့ဘဲ သူဆုံးဖြတ်လိုက်လိမ့်မယ်

(2) ဖုန်းတွေတဂွမ်ဂွမ်ဆက် မက်ဆေ့ခ်ျတွေတဒေါင်ဒေါင်ပို့အားအားယားယားအလုပ်တွေ ဆက်လုပ်မှာမဟုတ်တော့ဘူး( သူ့ဘာသူ Online လေးတက် Facebook လေးသုံးနဲ့သာယာတဲ့ဘဝလေးမှာဘဲ နေနေလိမ့်မယ် )

(3) အရည်မရအဖတ်မရ စိတ်ဆိုးစိတ်ကောက်အလုပ်တွေ စကားနိုင်လုတာတွေ ငြင်းခုန်တာတွေ လုပ်မှာမဟုတ်တော့ဘူး ( ပြီးပြီးရော ခေါင်းညိတ်လိုက်တာတွေ

စကားယှဉ်မပြောတော့ဘဲအသာလေးရှောင်ထွက်သွားတာတွေ ရေငုံနှုတ်ဆိတ်နဲ့Silent talk တွေဘဲ သူလုပ်လာလိမ့်မယ် )

4) သာလိကာလေးလို ပကျိပကျိနဲ့ ရေပက်မဝင်အောင်စကားတွေအသေအလဲပြောပြီး တွယ်ကပ်နေမှာမဟုတ်တော့ဘူး ( မေးထူးခေါ်ပြောအဆင့်ထက် ပိုဖို့မရှိတော့တာ သေချာပြီလေ )

(5) Jealous ဖြစ်တာတွေ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ချုပ်ချယ်တာတွေ ရှိလာမှာမဟုတ်တော့ဘူး ( သူ့ဘဝလေးနဲ့သူဘဲနေတတ်အောင်နေလိမ့်မယ်

ဘယ်သွားသွား ဘာလုပ်လုပ် စိတ်ပူတာတွေ ရပ်တန်းကရပ်ပစ်လိုက်လိမ့်မယ် )

(6) BFF တွေကိုအရင်ကထက်ပိုတွယ်တာ ပိုပြီးချစ်လာလိမ့်မယ် ( လွတ်လပ်ပြီး အပူအပင်ကင်းတဲ့ Free style ဘဝလေးကို ပြန်ရဖို့ဘဲ သူကြိုးစားလာလိမ့်မယ် )

(7) သင်ကသူ့ကို ချစ်ချစ်မချစ်ချစ် စိတ်ကိုဝင်စားမှာမဟုတ်တော့ဘူး( သူ့ကိုယ်သူဘဲ ချစ်တတ်သွားလိမ့်မယ် အရင်ကထက်ပိုပြီး လှပပြည့်စုံတဲ့ မိန်းခလေးဖြစ်ဖို့ဘဲ သူလုပ်လာလိမ့်မယ် )

(8) သင့်ဘက်ကလမ်းခွဲစကားပြောလည်းရင်တုန်မှာမဟုတ်တော့ဘူး( သူမဘဝထဲကနေ သင့်ကိုအပြီးအပိုင်ထုတ်ပစ်ဖို့ လုံလောက်တဲ့ Reason အချို့သူ့ဆီမှာရှိနေပြီးသားဖြစ်နေလို့ဘဲလေ )

အနားမှာရှိနေတုန်း♡ တန်ဖိုးထားချစ်ပေးဖို့ မမေ့ပါနဲ့♡ သူတို့တွေက ဆီလီကွန်အရုပ်မတွေမှ မဟုတ်ဘဲလေ ♡ချစ်ရင် သူများထက် ပိုချစ်တတ်ကြတယ်စိတ်နာသွားပြီဟေ့ဆို ရင်တော့ ပြတ်သားချက်

Credit

Zawgyi

မိန်းခလေးတွေအချစ်ကိုစိတ်ကုန်သွားတဲ့အခါ

(1) ဂရုစိုက်မှုလေးပေးဖို့ အောက်ကျခံပြီးတောင်းဆိုမှုတွေ ပြုလုပ်နေမှာမဟုတ်တော့ဘူး( မှန်တစ်ချပ်လို တုံ့ပြန်လိုက်ဖို့ဘဲ သူဆုံးဖြတ်လိုက်လိမ့်မယ်

(2) ဖုန်းတွေတဂွမ်ဂွမ်ဆက် မက်ဆေ့ခ်ျတွေတဒေါင်ဒေါင်ပို့အားအားယားယားအလုပ်တွေ ဆက်လုပ်မှာမဟုတ်တော့ဘူး( သူ့ဘာသူ Online လေးတက် Facebook လေးသုံးနဲ့သာယာတဲ့ဘဝလေးမှာဘဲ နေနေလိမ့်မယ် )

(3) အရည်မရအဖတ်မရ စိတ်ဆိုးစိတ်ကောက်အလုပ်တွေ စကားနိုင်လုတာတွေ ငြင်းခုန်တာတွေ လုပ်မှာမဟုတ်တော့ဘူး

( ပြီးပြီးရော ခေါင်းညိတ်လိုက်တာတွေ စကားယှဉ်မပြောတော့ဘဲအသာလေးရှောင်ထွက်သွားတာတွေ ရေငုံနှုတ်ဆိတ်နဲ့Silent talk တွေဘဲ သူလုပ်လာလိမ့်မယ် )

4) သာလိကာလေးလို ပကျိပကျိနဲ့ ရေပက်မဝင်အောင်စကားတွေအသေအလဲပြောပြီး တွယ်ကပ်နေမှာမဟုတ်တော့ဘူး ( မေးထူးခေါ်ပြောအဆင့်ထက် ပိုဖို့မရှိတော့တာ သေချာပြီလေ )

(5) Jealous ဖြစ်တာတွေ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ချုပ်ချယ်တာတွေ ရှိလာမှာမဟုတ်တော့ဘူး ( သူ့ဘဝလေးနဲ့သူဘဲနေတတ်အော

င်နေလိမ့်မယ် ဘယ်သွားသွား ဘာလုပ်လုပ် စိတ်ပူတာတွေ ရပ်တန်းကရပ်ပစ်လိုက်လိမ့်မယ် )