မျက်မှန်လေး အသစ် ဝယ်ချင်လို့ပါ
အဖိုး အသက် (၈၁)နှစ်…..
အဖွား အသက်(၇၆)နှစ်ကို ထောက်ကြန့်စျေးဘက်မှာ…ဟင်းရွက်စုံ ထမ်းရောင်းပြီ ရှာကျွေးတယ်
နေပူပူတည်း…အဖိုးရေ လာပါအုံး ဗျ…ဘာတွေရောင်းတုန်း??
ကန်စွန်းရွက်ပါတယ်…သီးရွက်အစုံထုပ်ပါတယ် သား
ဟုတ် ဘယ်လိုရောင်းလဲဗျ??
ကန်စွန်းရွက် (၁)စီး – ၁၀၀ ပါ…သီးရွက်စုံက တထုပ် – ၃၀၀ ပါ သား
ဟုတ် အဖိုး…ဒါတွေ ကုန်မှ ပြန်တာလား??
ဟူတ်တယ် သား…မကုန်တဲ့ရက်လဲ ရှိတယ်…ဒါတွေလဲ ကုန်အောင်ရောင်းရတာပေါ့…ဒါမှ အဖွားနဲ့ ထမင်းစားလို့ရမှာ
တနေ့ တနေ့ ရောင်းရင် အဖိုးတွက် ဘယ်လောက်ကျန်လဲ??
အကုန်ရောင်းရရင် ၃ထောင် ၄ထောင်တော့ ကျန်တယ် သား…
အဲ့ဒါ လောက်ရဲ့လား အဖိုး??
လောက်အောင် သုံးရတာပေါ့ သားရယ်…ဒီမှာက အသားတွေ စျေးကြီးတယ်…
အဖိုးတို့ (၁)ပါတ် (၂)ရက်လောက်ပဲ အသားဟင်း ချက်စားနိုင်တယ်
ဟာဗျာ…ဒါတွေ အကုန်ယူမယ် အဖိုး…ဘယ်လောက်ကျမလဲ…(၁)သောင်းလောက်ရှိမယ် ထင်တယ်
ဟာ…အဲ့လောက် မရှိဘူး သား…အကုန်မှ (၅)ထောင်ပဲ ပေးပါ
ဟင်..တကယ်ကြီးလား အဖိုး??
တကယ်ပါ သားရယ်…ဒီနေ့တော့ အိမ်အစောကြီးပြန်ရပြီ…အကုန်ရောင်းရတော့ ပိုက်ဆံလေး စုလို့ရပြီ
ဘာဖြစ်လို့လဲ အဖိုး??
အဖိုး မျက်မှန်လေး ဝယ်ချင်လို့ပါ…အဖိုးက မျက်မှန်မပါရင် လမ်းလျှောက်လို့မရဘူး.
ဟာ…ဟုတ်ပါ့…အဖိုး မျက်မှန်လေးက အတော်ပျက်စီးနေပြီ…ကြာပြီလား??
(၃)နှစ်လောက်ရှိတော့မယ်…အဖိုး အသစ်မဝယ်နိုင်သေးလို့…ဒါလေးပဲ တပ်လို့ရအောင် လုပ်ပြီ တပ်နေတာ
ဟုတ် အဖိုး…ရော့ (100,000) Ks….. အဖိုး မျက်မှန်လဲ အသစ် ဝယ်…အဖွားနဲ့လဲ စားချင်တဲ့ အသားကို ဝယ်ပြီ အဝချက်စားကြနော်
ကျေးဇူးတင်ပါတယ် သားရယ်…ပြောမပြတတ်အောင်ပဲ…မျက်မှန်လေး အသစ်ဝယ်လို့ရပြီ
မနက်ဖြန်ကျရင် အင်းစိန်စျေးဘက်သွားပြီ…မျက်မှန်လေး သွားလုပ်မယ်…ဝမ်းသာလိုက်တာ
ဟုတ် အဖိုး…ဂရုစိုက်ပြီ ပြန်ပါနော်
အော…ကျနော်တို့ တနေ့တနေ့ သုံးနေတဲ့ ပမာဏလေး တခုရဖို့…နေပူ မိုးရွာမရှောင် စျေးရောင်း စုပြီမှ ဝယ်ရတဲ့ အဖိုးအဖွားတွေ အများကြီးပါလား
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
09-5408437
unicode
09-5408437
Leave a Reply