ဂေါ်ဖီထုပ်ကြီး တစ်ထုပ် (၈၀) ကျပ်မှ (၁၀၀) ကျပ်သာ ဈေးရသောကြောင့် စိုက်ပျိုးတောင်သူများ အရှုံးပေါ်ပြန်ပြီ

သျှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထွက်ရှိသော ဂေါ်ဖီထုပ်ကြီး တစ်ထုပ် (၈၀) ကျပ်မှ (၁၀၀) ကျပ်သာ ဈေးရသောကြောင့် စိုက်ပျိုးတောင်သူများ အရှုံးပေါ်ပြန်ပြီ

သျှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်နှင့်ပင်းတယမြို့နယ်အတွင်း ဒေသစိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်သည့် ဂေါ်ဖီထုပ် စိုက်ပျိုးတောင်သူများ အရှုံးပေါ်ပြီး ယခုမြင်တွေ့နေရသလို ခုတ်ထွင်ရှင်းလင်းပစ်နေရကြောင်း သိရသည်။

အဆိုပါ ဗီဒီယိုထဲတွင် စိုက်ပျိုးစရိတ်ရင်းနှီးခဲ့ရသော်လည်း ပြန်ရောင်းချပါက ကားခပင်အရင်းမကြေကြောင်း လှူဖို့အတွက်လည်း ကားခမတတ်နိုင်သည့်အတွက် ခုတ်ပစ်နေရကြောင်း စိတ်ပျက်လက်ပျက်ဖြင့် ၎င်းအခင်းထဲရှိ ဂေါ်ဖီထုပ်များကို ခုတ်ထွင်ပစ်နေခြင်း ဖြစ်သည်။

“အခုနှစ်ဂေါ်ဖီဈေးက အထုပ်ကြီးမှ တစ်ထုပ် (၁၀၀) ကျပ်ပဲ လောက်ပဲ အများဆုံးရနိုင်တာ။

အဲ့ဒီတော့ ရောင်းဖို့ဆိုဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုရင် ကားခနဲ့ လူငှားခတောင်ပြန်မရနိုင်ဘူးလေ။ အရင်နှစ်တွေတုန်းကလည်း ဒီလိုကြုံခဲ့ပြီးပြီ။ တစ်ချို့တွေကတော့ လှူချင်ကြပေမယ့် ကားခမတတ်နိုင်တော့ အဲ့လိုပဲခုတ်ပစ်ပြီး မြေဩဇာပြန်ရအောင် လုပ်လိုက်ရတာပဲ။

တချို့တွေတော့ နွားစာကျွေးပစ်လိုက်ကြတယ်။ လှူချင်တဲ့သူတွေ ယူချင်တဲ့သူတွေရှိရင် ခြံမှာလာယူလို့ရပါတယ်။” ဟု ပင်းတယ ဒေသခံ စိုက်ပျိုးတောင်သူတစ်ဦးက ပြောပါသည်။

ရန်ကုန်မြို့လို နေရာမျိုးတွင် ဂေါ်ဖီထုပ် ဈေး (၁၀၀၀) ကျပ်မှ (၁၅၀၀) ကျပ်အထိ ဈေးရှိသော်လည်း လက်တွေ့ရင်းနှီးစိုက်ပျိုးရသည့် တောင်သူများ ယခုလိုအခက်အခဲ ကြုံတွေ့နေရတာလည်း ဖြစ်ပါသည်။

HsanLoiVoice

vedio credit & original uploader

မှတ်ချက်။.။ နည်းပညာချို့ယွင်းမှုကြောင့် အစောပိုင်းတင်ထားသော သတင်းပျက်၍ ယခုသတင်းကို ပြန်လည်တင်လိုက်ရပါသည်။ စာဖတ်ဝါသနာရှင်များကိုကျေးဇူးတင်ပါသည်။

unicode








HsanLoiVoice

vedio credit & original uploader
