သမီးကြီးပြောတဲ့စကားရေးရင်းမျက်ရည်ကျရပါတယ်…မေမေချစ်ချစ်တို့ကဘယ်မှာနေရမှာလဲတဲ့…

ရင်ထဲမှာအရမ်းပူလောင်ရပါတယ်

အဖိုးဆို၉၃နှစ်မှာဆုံးတာကိုယ်နေလာတာလဲနှစ်ပေါင်း၃၀ကျော်ပါပီမနက်၈နာရီခွဲလာပီး၉နာရီခွဲအပီးပစ္စည်းတွေသယ်တဲ့ရက်စက်လိုက်ကျတာ

ကလေးအငယ်လေးကလဲမနေပစ္စည်းတွေကလဲအမြန်သိမ်းရ ရပ်ကွက်ကကလေးကိုထိန်းပေး သမီးကြီးလေးလဲသူ့ဆရာမကခေါ်ထားပေးလို့တော်ပါသေး

လူလဲအရူးမကြီးကျလို့ကလေးကိုသူများအိမ်သိပ်ပီးပစ္စည်းလာသိမ်းတာကလေးပျောက်လို့အော်ငိုလိုက်ရှာရဲတွေစစ်တွေလဲမသိတော့ပါဘူး

ဟိုမေးဒီမေးနဲ့ပီးမှအမ၁ယောက်ကကလေးကနို့စာနေပီဆိုမှအင်္ကျိတွေလဲနို့တွေဆိုရွှဲနေတာပဲ

ဒီနေ့ကိုရင်ထဲမှာဘယ်တော့မှမမေ့နိုင်တော့တဲ့နေ့ပါပဲရပ်ကွက်ကဝိုင်းဝန်းကူညီလုပ်ပေးမဲ့ယောကျားလေးတွေလဲမကူခိုင်းရဘူးတဲ့ မိန်းကလေးတွေပဲလာလုပ်ရတယ်

အချိန်အရမ်းကပ်မှလာကူပေးလိုက်ကျတဲ့ကူညီလုပ်ကိုင်ပေးသူများအားလုံးကျေးဇူးအထူးတင်ပါတယ်ရှင့်

ကားလွှတ်ပေးသောသူငယ်ချင်းနွေးကျေးဇူးအထူးတင်ပါတယ်ရင်ထဲမှာမမေ့နိုင်တဲ့သမီးကြီးပြောတဲ့စကားရေးရင်းမျက်ရည်ကျရပါတယ်

မေမေချစ်ချစ်တို့ကဘယ်မှာနေရမှာလဲတဲ့ချစ်ချစ်စာရတယ်နော်မေမေတဲ့သူကဘယ်လိုထင်လို့လဲသမီးရယ်

စာရှည်သွားရင်ခွင့်လွှတ်ပါနော်ကိုယ့်ကိုကူညီသူပေါလို့ဝမ်းသာမိပါတယ်ရှင့်

တကယ့်ကိုရင်ထဲကနေအတိုင်းမသိကျေးဇူးတင်ပါတယ်ရှင့်အတိတ်ကဘာလုပ်ခဲ့လဲမသိအခုဘဝတော့အတတ်နိုင်ဆုံးကောင်းမွန်အောင်နေထိုင်ပါတယ်ရှင့်အကြွေးကြေသွားပီလို့စိတ်ဖြေပါတယ်ရှင့်😢

unicode





ဟိုမေးဒီမေးနဲ့ပီးမှအမ၁ယောကျကကလေးကနို့စာနပေီဆိုမှအငျ်ကြိတှလေဲနို့တှဆေိုရှှဲနတောပဲ





