မသေခင် အဖိုးကြီးနဲ့အတူ…ဘုရားဖူးလေး သွားချင်တယ်
အဖွား – (၈၀)နှစ်
အဖိုး (၈၄)နှစ်ကို ရေခဲချောင်းရောင်းပြီ ရှာကျွေးတယ် 😢
အဖွားရေ…ရေခဲချောင်း ဘယ်လိုရောင်းတုန်း ဗျ?
တချောင်း – (၁၅၀)ပါ သားရယ်…
ဟာ တန်တယ်…ဘာအရသာတွေပါသလဲ??
အစုံပါတယ် သား..ဘာယူယူ (၁၅၀)ပဲ
ဟုတ် အဖွား…ဘယ်နှချောင်း ပါတုန်း??
အချောင်း (၆၀)ပါတယ် သား…
ဘယ်ကနေလာရောင်းတာလဲ အဖွား ??
အဖွားက ဒလမှာနေတာပါ…မနက် (၅)နာရီလောက် အင်းစိန်ကို ရေခဲချောင်း သွားယူပြီ လိုက်ပတ်ရောင်းတာ 😢
အဝေးကြီးပဲ အဖွားဟာက…သားသမီးတွေကော မရှိဘူးလား??
ရှိပါတယ်…သူတို့ကိုလဲ ဒုက္ခမပေးချင်တော့ အဖိုးကြီးနဲ့ပဲ နေတယ် 🥺
ဟုတ် အဖွား… ဒါတွေ အကုန်ရောင်းရရင် ဘယ်လောက်မြတ်လဲ??
တနေ့ (၃၀၀၀)လောက် ကျန်အောင် ရောင်းရတာပဲ…တခါတလေ နေပူလို့ မိုးရွာလို့ မကုန်တာလဲ ရှိတယ်🥺
ဟုတ် အဖွား…ဒါဆို အဲ့ တနေ့ ၃ထောင်နဲ့ပဲ စားကြတာပေါ့
တနေ့ (၃)ထောင်ရရင်…..(၁)ထောင်စုတယ်…ကျန်တာ စားတယ် သား🥺
ဘာလို့ စုတာလဲ ဗျ??
အဖွား နဲ့ အဖိုးကြီး မသေခင် ဘုရားဖူးလေး အတူသွားချင်လို့ပါ သားရယ် 😢
ဘယ်ဘုရားဖူးချင်လို့လဲ အဖွားရဲ့??
အဖွား ဇလွန်ဘုရားလေး ဖူးချင်တာ…ကားသမားကြီးက (၁)ယောက် (၁)သောင်းခွဲပဲ ပေးဆိုလို့ အဖွား စုနေတာပါ သား 🥺😢
အဖွား ကျနော် ရေခဲချောင်း အကုန် ယူမယ်ဗျာ…
ဟာ တကယ်လား သား…ဒါဆို အဖွား ဒီနေ့လဲ ပိုက်ဆံလေး စုလို့ရပြီပေါ့ 😢
ဟုတ် သားတို့နဲ့ ခဏလိုက်ခဲ့ပေးအုံး…အဖွား ရေခဲပုံးလေးက မကောင်းတော့ဘူး…သား အသစ်လဲပေးမယ်နော်
ရော့…အဖွား (100,000) Ks…အဖိုးနဲ့အဖွား ဘုရားဖူးသွားကြနော်…သွားတဲ့လမ်းမှာ ဘာမှ မစဉ်းစားနဲ့ လှူချင်တာ အကုန်လှူခဲ့ကြနော် 🙏🏻🙏🏻🙏🏻
ပြီတော့…ဒါက ရေခဲပုံး…နောက်ကျ ဒါလေးနဲ့ အဖွားရောင်းနော် 🥺
ဝမ်းသာလိုက်တာ…အဖွား ငိုချင်တယ်…အဖွားတို့ ဘုရားဖူးချင်တဲ့ ဆန္ဒလေး ပြည့်ပြီပေါ့…ကျေးဇူးတင်လိုက်တာ သားရယ်…အဖွား ဘယ်လိုပျော်မှန်းမသိဘူး 😢😢
ဟုတ် အဖွား….
အဖွားကို သား ကားလမ်းလေး ကူးပေးပါ…အဖွား ကားလမ်းမကူးတတ်ဘူး 😢
ဟုတ် အဖွား…ကူးပေးမှာပေါ့…အိမ်ထိလဲ ကားငှါးပေးလိုက်မယ်နော်…အဖွား ဂရုစိုက်ပါနော် 🙏🏻🙏🏻🙏🏻
အဖိုးကြီး သိရင် အရမ်းပျော်မှာ…ကျေးဇူးတင်ပါတယ် သားရယ် 🥺🥺
•အော…အဲ့ အဖိုးအဖွားနေရာမှာ…ကျနော့် အဖိုးအဖွားဆိုရင် စိတ်နဲ့ပဲ…အဖွားတို့ကို ဘုရားဖူးစေချင်ခဲ့တာပါ 🥺
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
#ကိုပူတူးနှင့်ဘော်ဒါများ
☎ 09-5408437
Leave a Reply