ထိုင်းက မြန်မာထက် နှစ် ၃၀ လောက် ရှေ့ရောက်သွားတော့မယ့်အဖြစ် (ဝမ်းနည်းစရာပါပဲ)

ထိုင်းနိုင်ငံဟာ သိပ်မကြာခင် အရင်လို ပြန်စည်လာလိမ့်ဦးမယ်။ mask တပ်ဖို့မလိုတဲ့အခြေအနေတစ်ခု ထိုင်းအစိုးရက ကြေငြာတော့မယ်။

မြန်မာနိုင်ငံမှာ လူတွေရောကျန်သေးရဲ့လားလို့ ထင်ရလောက်အောင် အစုလိုက်အပြုံလိုက်မဟုတ်တောင် တဖွဲဖွဲနှင့် ဝင်လာကြတယ်။ ဒီတစ်ခါမြန်မာတွေလာတာဟာ အလည်အပတ်ဆိုတာထက် ပြောင်းရွှေ့နေထိုင်ဖို့ကို ဦးတည်လာကြတယ်။

ကျောင်းတွေလာတက်တယ်။ မိသားစုလိုက်ပြောင်းလာကြတယ်။ ထိုင်းဘဏ်တွေမှာ ငွေတွေအပ်တာများလာတယ်။ ထိုင်းဘက်မှာ ငွေစီးဆင်းမှု ပိုမိုချောမွေ့လာနေတယ်။

ဘုရားတွေမှာ လူတွေပြန်စည်တော့မယ်။ ဇိမ်မယ်တွေ ဘိတွေ ဘားတွေ ပြန်လာတော့မယ်။ လူတွေ ဒီနိုင်ငံမှာ ပိုက်ဆံလာသုံးကြတော့မယ်။

မအလ မင်းအောင်လှိုင် နှိပ်စက်လိုက်တာ နဂိုကတည်းကမှ ထိုင်းနိုင်ငံထက် အနှစ် ၂၀ နီးပါးနောက်ကျပြီးသား မြန်မာနိုင်ငံဟာ နောက်ထပ် ၁၀ နှစ်လောက် ထပ်ပြီး နောက်ကျဦးမယ် (မယုံမရှိနှင့်)

သူတပါးနိုင်ငံ ဘယ်လောက် အနေချောင်ပါတယ် ပြောပါစေ ဘယ်သူမှ အမြဲမနေချင်ကြဘူး။ မအလ မင်းအောင်လှိုင် ငရဲပြည်ဂျိုးကပ်ပြီးလို့ နောင်ဘဝအဆက်ဆက် လောက်ကောင်ပြန်ဖြစ်ပြီးရင်တောင် မြန်မာနိုင်ငံဟာ ပြန်လည်ထူထောင်ဖို့ အချိန်တွေယူရဦးမယ်။

ဘာလို့ဒီလိုရေးလဲဆိုရင် ဘယ်သူမှ သူတပါးနိုင်ငံတကူးတက ဆေးလာမကုချင်ဘူး … ( ဘယ်လောက်ပင် ချမ်းသာပါစေ ) ဘယ်သူမှ သူတပါးနိုင်ငံမှာ လာအလုပ်မလုပ်ချင်ဘူး .. ( ဘယ်လောက်ပင် အလုပ်ကောင်းကောင်း )

အကုန်လုံးဟာ အနည်းနှင့်အများ ကိုယ့်အိမ် ကိုယ့်တဲ ပြန်ချင်ကြတဲ့သူတွေချည်းဘဲ။

ဖြစ်ချင်တာကတော့ ကိုယ့်နိုင်ငံကြီး တိုးတက်တာ တွေ့ချင်ကြတာဘဲ။ တကယ်ဖြစ်နေတာနှင့်တကယ်ဖြစ်တော့မှာက ထိုင်းနိုင်ငံဟာ ပြန်ဦးမော့လာဦးမယ်။

ဘာလို့လဲဆိုတော့ အိမ်နီးချင်းနိုင်ငံတွေထဲ ဒီငနဲတကောင်ဘဲ စျေးသည်ရှိတာ ကျန်တဲ့နိုင်ငံတွေက ဝယ်သူနှင့် သူဌေးစျေးရောင်းကောင်တွေချည်းဘဲ။ (စောမယ်တင်)

unicode









