ဆိုနီဓာတ်ပုံဆုရ ဓာတ်ပုံဆရာကိုကျော်ဝင်းလှိုင် ကွယ်လွန်….

ဆိုနီဓာတ္ပုံဆုရ ဓာတ္ပုံဆရာကိုေက်ာ္ဝင္းလွိုင္ ကြယ္လြန္

ျမန္မာ့ဓာတ္ပုံပညာေလာကမွာ လူသိမ်ားသူတစ္ဦးျဖစ္တဲ့ ဓာတ္ပုံဆရာ ကိုေက်ာ္ဝင္းလွိုင္ဟာ ဒီေန႔ ေမလ ၂၆ ရက္ မနက္ပိုင္းမွာ မေတာ္တဆမွုတစ္ခုေၾကာင့္ ကြယ္လြန္ခဲ့တယ္လို့ ဘီဘီစီက သိရွိရပါတယ္။

ကိုေက်ာ္ဝင္းလွိုင္ ကြယ္လြန္တာအတြက္ လုပ္ေဖာ္ကိုင္ဖက္ ဓာတ္ပုံဆရာေတြနဲ႔ ျမန္မာနိုင္ငံ ဓာတ္ပုံပညာရွင္မ်ားအသင္းကလည္း ဝမ္းနည္းေၾကာင္း ေျပာၾကားထားပါတယ္။

ကိုေက်ာ္၀င္းလွိုင္ဟာ ကြယ္လြန္ခ်ိန္မွာ သားႏွစ္ဦးနဲ႔ ဇနီးျဖစ္သူတို့ က်န္ရစ္ခဲ့ပါတယ္။

သူဟာ ၂၀၁၇ ခုႏွစ္တုန္းက လန္ဒန္မွာျပဳလုပ္တဲ့ ဆိုနီကမၻာ့ဓာတ္ပုံၿပိဳင္ပြဲမွာ ကရင္ျပည္နယ္က ဆဒၵန္လိုဏ္ဂူမွာ ကရင္တိုင္းရင္းသူတစ္ဦးက ဘုရားဝတ္ျပဳေနတဲ့ပုံနဲ႔ ယဥ္ေက်းမွုေခါင္းစဥ္ေအာက္ဓာတ္ပုံဆုမွာMyanmar National Award ဆုကို ရခဲ့ပါတယ္။

အဲဒီဆုနဲ႔အတူ ဆိုနီရဲ့ ျမန္မာနိုင္ငံဆိုင္ရာ Brand Ambassador အျဖစ္လည္း ဂုဏ္ျပဳခ်ီးျမႇင့္တာခံခဲ့ရပါတယ္။

ကိုေက်ာ္ဝင္းလွိုင္ရဲ့ ဆုရဓာတ္ပုံ နဲ႔ သူရိုက္ကူးခဲ့တဲ့တျခားဓာတ္ပုံေတြကိုလည္း ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

ဘီဘီစီျမန္မာပိုင္း

Credit

unicode

ဆိုနီဓာတ်ပုံဆုရ ဓာတ်ပုံဆရာကိုကျော်ဝင်းလှိုင် ကွယ်လွန်

မြန်မာ့ဓာတ်ပုံပညာလောကမှာ လူသိများသူတစ်ဦးဖြစ်တဲ့ ဓာတ်ပုံဆရာ ကိုကျော်ဝင်းလှိုင်ဟာ ဒီနေ့ မေလ ၂၆ ရက် မနက်ပိုင်းမှာ မတော်တဆမှုတစ်ခုကြောင့် ကွယ်လွန်ခဲ့တယ်လို့ ဘီဘီစီက သိရှိရပါတယ်။

ကိုကျော်ဝင်းလှိုင် ကွယ်လွန်တာအတွက် လုပ်ဖော်ကိုင်ဖက် ဓာတ်ပုံဆရာတွေနဲ့ မြန်မာနိုင်ငံ ဓာတ်ပုံပညာရှင်များအသင်းကလည်း ဝမ်းနည်းကြောင်း ပြောကြားထားပါတယ်။

ကိုကျော်ဝင်းလှိုင်ဟာ ကွယ်လွန်ချိန်မှာ သားနှစ်ဦးနဲ့ ဇနီးဖြစ်သူတို့ ကျန်ရစ်ခဲ့ပါတယ်။

သူဟာ ၂၀၁၇ ခုနှစ်တုန်းက လန်ဒန်မှာပြုလုပ်တဲ့ ဆိုနီကမ္ဘာ့ဓာတ်ပုံပြိုင်ပွဲမှာ ကရင်ပြည်နယ်က ဆဒ္ဒန်လိုဏ်ဂူမှာ ကရင်တိုင်းရင်းသူတစ်ဦးက ဘုရားဝတ်ပြုနေတဲ့ပုံနဲ့ ယဉ်ကျေးမှုခေါင်းစဉ်အောက်ဓာတ်ပုံဆုမှာMyanmar National Award ဆုကို ရခဲ့ပါတယ်။

အဲဒီဆုနဲ့အတူ ဆိုနီရဲ့ မြန်မာနိုင်ငံဆိုင်ရာ Brand Ambassador အဖြစ်လည်း ဂုဏ်ပြုချီးမြှင့်တာခံခဲ့ရပါတယ်။

ကိုကျော်ဝင်းလှိုင်ရဲ့ ဆုရဓာတ်ပုံ နဲ့ သူရိုက်ကူးခဲ့တဲ့တခြားဓာတ်ပုံတွေကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဘီဘီစီမြန်မာပိုင်း

Credit