“သောကြာသားသမီးလေးတွေရဲ့ သူမတူတဲ့ မွေးရာပါ အားသာချက်တွေနဲ့ ပင်ကိုယ်စရိုက် (၁၀) မျိုး”













Credit:For You

Unicode

“သောကြာသားသမီးလေးတွေရဲ့ သူမတူတဲ့ မွေးရာပါ အားသာချက်တွေနဲ့ ပင်ကိုယ်စရိုက် (၁၀) မျိုး”

ရက်သတ္တပတ် တစ်ခုရဲ့ ငါးရက်မြောက်နေ့မှာ မွေးဖွားတဲ့ သောကြာ သားသမီးလေးတွေဟာ ဗီးနပ်စ်ဂြိုလ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတာ ဖြစ်ပါ တယ်။

သောကြာ သားသမီးလေးတွေမှာ သူများနဲ့မတူတဲ့ အားသာချက်နဲ့ ကိုယ်ရည် ကိုယ်သွေးတွေ အများကြီး ရှိပါ တယ်။ ဒီ အားသာချက်တွေ ကိုသာ ကောင်းမွန်စွာ အသုံးချ နိုင်ရင်တော့ အောင်မြင်တဲ့ သူတွေဖြစ်လာမှာ မလွဲ ဧကန်ပါပဲ

(၁) သောကြာသားသမီးလေးတွေဟာ ငြိမ်းချမ်းခြင်း၊ လှပခြင်း၊ အချစ်နဲ့ သာယာခြင်းတွေကို ကိုယ်စားပြုကြ ပါတယ်

(၂) သောကြာ သားသမီးလေးတွေဟာ အဆို၊ ပန်းချီလိုမျိုး အနုပညာ အလုပ်တွေကို အထူးခုံ မင်နှစ်သက်သလို ထူးကဲတဲ့ ပါရမီ လည်း ပါလာ တတ် သူတွေဖြစ် ပါတယ်

(၃) သင်ဟာ ပျော်ပျော်နေတတ်သူ တစ်ယောက် ဖြစ်တဲ့ အပြင် ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းတတ်သူပါ ဒါပေမယ့် အချစ်ရေးမှာတော့ အရမ်းကို ထိရှလွယ်တဲ့ သူ တစ်ယောက်ပါ

(၄) သောကြာသား သမီးလေးတွေဟာ စိတ်ခံစားချက် ပြင်းထန်တဲ့ သူတွေဖြစ်တဲ့ အလျောက် အသည်းကွဲတဲ့အခါ ဒါမှမဟုတ် တစ်စုံတစ်ယောက်က ကိုယ့်ကို နာကျင်မှုတွေ ပေးသွားတဲ့ အခါမှာ လွယ်လွယ်နဲ့ပြန်ပြီး မကုစား နိုင်ကြ ပါဘူး

(၅) သင်ဟာ မိန်းကလေးတစ်ယောက် ဆိုရင် သူတစ်ပါးရဲ့စိတ်ခံစားချက်တွေကို စာနာနားလည် ပေးတတ်လွန်းလို့ သင့်မှာ အပေါင်းအသင်းတွေ ဝိုင်းဝိုင်းလည်နေ မှာပါ

(၆) သောကြာသားသမီးတွေဟာ စကားကို သွယ်ဝိုက်မပြောပဲ တိုက်ရိုက်ပြောတတ်သူတွေဖြစ်ပြီး မဟုတ်မခံချင်စိတ် အပြည့်ရှိတဲ့ သူတွေဖြစ်ပါတယ်

(၇) သောကြာသားသမီး တွေဟာ သူငယ်ချင်း အပေါင်းအသင်းတွေကြား၊ ဆန့်ကျင်ဘက် လိင်တွေကြားမှာ အရမ်းကိုပေါ်ပြူလာဖြစ်ပြီး ဖော်ရွေသလောက် မိသားစုတွေနဲ့တော့ သိပ်ပြီး မတည့်တဲ့သူတွေပါ…

(၈) သောကြာ သားသမီးတွေဟာ လွယ်လွယ်နဲ့ ကျရှုံးတတ် တဲ့သူတွေ မဟုတ် ပါဘူး။ အရမ်းမျှော်လင့်ထားတဲ့ အရာတစ်ခုခု၊ အလေးအနက် ထားတဲ့ အရာတစ်ခုခုက ကိုယ်ထင် ထားသလို ဖြစ်မလာခဲ့ရင် အချိန်တွေ အကြာကြီး စိတ်ထိခိုက်ကြေကွဲ တတ်သူတွေပါ

(၉) သောကြာသားသမီးလေးတွေမှာ တစ်ခုခုဆို အလိုလိုကြိုပြီး သိနေတတ်တဲ့ ဆဋ္ဌမအာရုံရှိနေတတ်ပြီး သူတို့တွေးထင်တဲ့အရာတွေဆို မှန်နေတတ်ပါတယ်…

(၁၀) သောကြာ သားသမီးတွေဟာ အရမ်းကို လိမ္မာပါးနပ် သူတွေဖြစ်ကြ ပါတယ်။ သူတို့ထက် အသက်အရွယ်ကြီးသူတွေထက်တောင် ပိုပြီး ပညာရှိ တတ်ကြ ပါတယ်

Credit:For You