မိုးရွာတော့ ထမင်းစားဖို့တောင် ရပါ့မလား မသိဘူး
အဖိုး အသက် (၇၈)နှစ်
ပလက်ဖောင်းပေါ်လေးမှာ…တိုလီမိုလီလေးတွေ စုံစီနားဖာလေးတွေ ချခင်းရောင်းတယ်
အဖိုးရေ…နားကြပ်တံလေးတွေ ဘယ်လိုရောင်းလဲ??
တထုပ် – ၂၀၀ပါ သားရယ်…
ဟုတ် အဲ့ဒါလေး (၅)ထုပ်ယူမယ်နော်
ဒီ အဝတ်တိုက်တဲ့ဟာလေးတွေက ဘယ်လောက်လဲ??
တခု – ၃၀၀ပါ သား
အဲ့ဒါ (၂)ခုယူမယ် အဖိုး
ဇာဂနာကကော အဖိုး??
(၃၀၀)ပါ သား
အဲ့ဒါလဲ တခု ယူမယ်နော် အဖိုး
ဟာ…အများကြီး အားပေးပါလား??
ဟုတ် အဖိုး…စျေးဦးကော ပေါက်ပြီလား??
မိုးရွာတော့ မပေါက်သေးပါဘူး သားရယ်…ဒီနေ့ ထမင်းစားဖို့တောင် ရပါ့မလား မသိဘူး
ဟုတ်တယ်နော်…မိုးတွေလဲ အရမ်းရွာတယ်…အဖိုး အိမ်စောစော ပြန်ချင်လား??
ပြန်ချင်တာပေါ့ သားရယ်…ဒါမဲ့ အဖိုး တနေ့ (၃)ထောင်လောက် ရောင်းရမှ အဆင်ပြေတာ
ဟုတ် အဖိုး…သား ယူထားတာ ဘယ်လောက်ရှိပြီလဲ ??
အားလုံး (2,000) Ks ပါ သား
ရော့ အဖိုး (50,000)Ks…ဒီနေ့ (၃)ထောင် မစောင့်နဲ့တော့ ရာသီဥတု မကောင်းဘူး အိမ်ပြန်နားတော့နော်…မိုးမိရင် အအေးပတ် နေမကောင်းဖြစ်နေမယ် 🙏🏻
တကယ်ကြီး ပေးတာလား…ဒီပိုက်ဆံတွေက
တကယ်ကြီး ပေးတာပါ…အဖိုးကို အိမ်အစောကြီးပြန်နားစေချင်လို့ပါ 🙏🏻
ကျေးဇူးတင်လိုက်တာ…အဖိုး ဆုတောင်းပေးမယ်နော်…
ဒီနေ့ မိုးချုပ်တဲ့ထိ ရောင်းစရာမလိုတော့ဘူးပေါ့
ဒါပေါ့ အဖိုး…အိမ် အစောကြီး ပြန်နားတော့နော် 🙏🏻🙏🏻🙏🏻
အဖိုး ဒါတွေ သိမ်းတော့မယ် အိမ်ပြန်ရတော့မယ်
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးသော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ🙏🏻🙏🏻🙏🏻)
•အော…ကျနော်တို့အတွက် (၅၀၀) (၁၀၀၀)က မသိသာပေမဲ့…လက်လုပ်မှ ပိုက်ဆံလုပ်ရတဲ့ ဆင်းရဲနွမ်းပါးအဖိုးအဖွားများအတွက်ကျ တနေကုန်ရောင်းမှ စားရတဲ့ ပိုက်ဆံလေး ဖြစ်နေတယ်
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
☎ 09-5408437
Leave a Reply