ဖေဘုန်းဘုန်း ဓမ္မဒူတ အရှင်ဆေကိန္ဒကို တနိုင်ငံလုံးက ဓမ္မဒူတမောင်မယ်တွေ တောင်းပန်ပြီ

၂၄-၅-၂၀၂၂ ရက်စွဲဖြင့် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ဓမ္မဒူတ မောင်မယ်များ အဖွဲ့ကနေ ဖေဘုန်းဘုန် ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒထံသို့ တောင်းပန်လျှောက်ထားလွှာတခု လူမှု ကွန်ယက်မှာ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်လက်ဖော်ပြ လိုက်ပါတယ် ခင်ဗျာ-

သို့ ဖေဘုန်းဘုန်း ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ၊ တပည့်တော်တို့သည် ဆရာတော်၏ ဓမ္မဒူတ မောင်မယ်များ ဖြစ်ကြပါသည်။ မောင်မယ်များ ဖြစ်သည်နှင့် အညီ ဖေဘုန်းဘုန်း၏ သွန်သင် ဆုံးမမှုများကို အမြဲမပြတ် လိုက်နာရန် ကြိုးစားလျက် ရှိပါသည်။

တချိန်က ဓမ္မဒူတမောင်မယ် လုပ်ငန်းဆိုင်ရာတွင်လည်း နိုင်ငံရေး မရှုပ်ထွေးရန် အရှင်ဘုရား ဆုံးမဖူးပါသည်။ ယခု ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်မှ စတင်ကာ အာဏာသိမ်းခံရပြီးနောက်ပိုင်း -တ်ြ-တ်ခံရသော ပြည်သူများအတွင်း ဓမ္မဒူတ မောင်မယ်များလည်း အပါအဝင် ဖြစ်ခဲ့သည်။

ဖေဘုန်းဘုန်းသည် မင်္ဂလသုတ်ပါအတိုင်း မကောင်းသူနှင့် မပေါင်းသင်းဖို့ ဆုံးမသော်လည်း အကြမ်းဖက် အာဏာရှူး မင်းအောင်လှိုင်၏ ‌ေ-ွးစွန်းလက်ထီးတော်တင်ပွဲသို့ သွားရောက်ပေးခဲ့ပါသည်။ ယခင် အမျိုးသား ဒီမိုကရေစီ အစိုးရလက်ထက် မန္တလေးဆည်ကျိုးရာတွင် ပြည်သူတွေကို စိုးရိမ်စိတ်ဖြင့် စေတနာ မေတ္တာရှေ့ထားကာ ညအချိန် ကိုယ်တော်တိုင် ကူညီခဲ့ပါသည်။

ယခုအခါတွင်လည်း သားတို့ သမီးတို့ အားကိုးရတဲ့ လေးစားရတဲ့ ချစ်ခင်ရတဲ့ ဖေဘုန်းဘုန်း ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒအနေဖြင့် အကြမ်းဖက် စစ်တပ်မှ ပြည်သူတွေကို သတ်ဖြတ်နေခြင်းအား နှုတ်ဆိတ်နေခြင်း မပြုဘဲ ပြည်သူလူထုအား ကယ်တင်ပေးပါရန် ရိုသေစွာဖြင့် လက်ဆယ်ဖြာမိုး လျှောက်ထားအပ်ပါသည် အရှင်ဘုရား (မှ ဖေဘုန်းဘုန်း ချစ်သော ဓမ္မဒူတမောင်မယ် သားသမီးများ)

စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက ရွာတွေ မီးလောင်တာနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ထပ်မံပျံ့နှံနေတဲ့ အရှင်‌ဆေကိန္ဒသို့ တောင်းပန်စာကိုပါ ထပ်မံဖော်ပြပေးလိုက်ပါတယ်။

အခုချိန်မှာ ဓမ္မဒူတ ဆရာတော်သာရှိရင် စစ်ကိုင်းထဲကရွာတွေ မကွေးတိုင်းထဲကရွာတွေ မီးလောင်တာမြင်ရင် ဆရာတော်က “ငါ့ပြည်သူအတွက် စိုးရိမ်လို့ ရောက်လာတာ”ဆိုပြီး သင်္ကန်းကြီး ခါးတောင်းကျိုက်မဖြုတ်စတမ်း စခတွေကို တားနေမှာ -ဲနေမှာ သေချာတယ်။

အမရပူရ တာဘောင်ကျိုးတုန်းက နေ့မအား၊ ညမနား မိန်းမဆုံးတာ နှစ်ရက်ရှိသေးတဲ့ အလုပ်လုပ်နေတဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင်ကို ငါ့ပြည်သူတွေအတွက် စိုးရိမ်လို့ရောက်လာတာကွ ဆိုပြီး မဟာဂရုဏာ ဒေါသတကြီးနဲ့ ဆူပူငေါက်ငမ်း ခဲ့တာ မြင်ယောင်နေမိတယ်။

အခု စစ်ကိုင်းကရွာတွေနဲ့ မကွေးက ရွာတွေက ဆရာတော်ရဲ့ ငါ့ပြည်သူတွေအတွက် စိုးရိမ်လို့ လာတာကွ ဆိုတဲ့ အသံ ကြားချင်နေကြတယ် အရှင်ဘုရားရေ။ ဆရာတော်ဘုရားရယ် ထကြည့်ပါဦးလား ဆြာတော်ဖျားရယ်။ ပြည်သူတွေကို ထကြည့်ပါအူးလား ဆြာတော်ဖျား ဆရာတော်ဘုရားရယ်၊ ထကြည့်ပါဦးလားဘုရာ့။

ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒဟာ စကစက အာဏာသိမ်းပြီးနောက်ပိုင်း ဓမ္မဒူတ သင်တန်းများ မဖွင့်တော့သလို လူသိရှင်ကြား တရားဟောကြားခြင်းလည်း မရှိခဲ့ပဲ လူမြင်ကွင်းက ပျောက်ကွယ်နေခဲ့တာ အတော်ကြာပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူငယ်အတော်များများဟာ ရှင်ဆေကိန္ဒဖွင့်တဲ့ ဓမ္မဒူတ သင်တန်းတွေမှာ တက်ရောက်ခဲ့ဖူးကြပါတယ်။ လက်ရှိအချိန်မှာ ရေငုံနှုတ်ပိတ်နေတဲ့ ဖေဘုန်းဘုန်း ဓမ္မဒူတ အရှင်ဆေကိန္ဒကို ဓမ္မဒူတ မောင်မယ်တွေက မချင့်မရဲ ဖြစ်နေကြကြောင်း သိရှိရပါတယ်။