ကြယ်မိုး မုန်တိုင်း (များပြားတဲ့ ကြယ်ကြွေခြင်း) တခု ဖြစ်လာနိုင်တဲ့ မေလ ၃၀ ရက်နေ့ည

ၾကယ္မိုး မုန္တိုင္း (မ်ားျပားတဲ့ ၾကယ္ေႂကြျခင္း) တခု ျဖစ္လာနိုင္တဲ့ ေမလ ၃၀ ရက္ေန႔ည

လာမည့္ ၂၀၂၂ ခုႏွစ္ ​ေမလ ၃၀ ည (၃၁ နံနက္) မွာ ရာစုႏွစ္အတြက္ မ်ားျပားတဲ့ ၾကယ္​ေႂကြျခင္း (ၾကယ္မိုးရြာျခင္း) ျဖစ္​ေပၚလာနိုင္​ေခ် တခု ရွိ​ေနပါတယ္။

ဟာက်ဴလီ ၾကယ္တာရာမွ ​ေႂကြဆင္းမည့္ Tau Herculid ၾကယ္မိုးဟာ အခန္႔မသင့္လၽွင္ ၁၉ ရာစုက ျမန္မာဘုရင္ သီ​ေပါမင္း ပါ​ေတာ္မူစဥ္က က်ဆင္းခဲ့​ေသာ ၾကယ္​ေႂကြျခင္းပုံစံအတိုင္း.. တစ္နာရီလၽွင္ အလုံး ရာ-​ေထာင္ ခ်ီ ၿပီး က်ဆင္းလာနိုင္သလို..၊ လုံးဝ မက်ဆင္းျခင္းလည္း ျဖစ္လာနိုင္ပါတယ္။

ၾကယ္​ေႂကြတယ္ဆိုတာ စၾကဝဠာအတြင္းက ၾကယ္​ေတြ ​ေႂကြက်ပ်က္စီးျခင္းမဟုတ္ပါ။

က်​ေနာ္တို႔ ​ေနအဖြဲ႕အစည္းအတြင္းက ​ေနကိုဗဟိုျပဳလွည့္ပတ္​ေန​ေသာ ဥကၠာပ်ံ၊ ၾကယ္တံခြန္ တို႔ရဲ့ ပတ္လမ္းမွာ က်က်န္ခဲ့​ေသာ အမႈန္မ်ားရွိရာသို႔

ကမၻာ ​ေရာက္ရွိလာတဲ့အခါမွာ ကမၻာ့​ေလထုနဲ႔ အဆိုပါ ​ေက်ာက္ခဲမႈန္တို႔ ပြတ္တိုက္ရာမွ ​ေပၚထြက္လာတဲ့ အလင္းတန္းမ်ားျဖစ္ပါတယ္။

ဟာက်ဴလီ ၾကယ္စု​ေနရာမွာ ျမင္ရမည့္ ၾကယ္​ေႂကြဆင္းျခင္းမ်ားဟာ SW3 လို႔​ေခၚတဲ့ 73P/ Schwassmann-Wachmann ၾကယ္တံခြန္လမ္း​ေၾကာင္းမွာ က်က်န္ခဲ့တဲ့ အမႈန္မ်ားျဖစ္ပါတယ္။

အဆိုပါၾကယ္တံခြန္ကို ၁၉၃၀ ခုႏွစ္က အာကာသပညာရွင္ Schwassmann နဲ႔ Wachmann တို႔က ရွာ​ေဖြ​ေတြ႕ရွိခဲ့တာျဖစ္ၿပီး ​ေနကို ၅.၄ ႏွစ္လၽွင္ တစ္ပါတ္ႏႈန္းနဲ႔ လွည့္ပတ္​ေနပါတယ္။ ​

ေနနဲ႔ နီးကပ္စဥ္မွာ ​ေနမုန္တိုင္းအပူဒဏ္​ေၾကာင့္ အမႈန္မ်ားလြင့္စင္ပါးလႊာခဲ့ၿပီး.. ၁၉၉၅ ခုႏွစ္မွာ ဒီ ၾကယ္တံခြန္ဟာ ႏွစ္ျခမ္း စတင္ကြဲထြက္လာတာကို ​ေလ့လာ​ေတြ႕ရွိခဲ့ပါတယ္။

ထို႔​ေနာက္.. အစိတ္အပိုင္းမ်ား ဆက္လက္ ကြဲထြက္လာခဲ့ၿပီး ပုံတြင္ျပထားသလို B, G, R, N အစိတ္အပိုင္း (အႀကီး) ၄ ခုအထိ ရွိ​ေနပါၿပီ။ ၂၀၀၆ ခုႏွစ္မွာ အစိတ္အပိုင္းတစ္ခုက​ေန အစိတ္​ေပါင္း ၆၈ ခုအထိ ကြဲထြက္သြားခဲ့ပါတယ္။

လာမည့္ ​ေမလ ၃၀ – ၃၁ မွာ ဒီၾကယ္တံခြန္ အစိတ္အပိုင္းမ်ားရဲ့ အရွိန္ဟာ တစ္နာရီကို မိုင္ ၂၂၀ ခန္႔ ရွိမည္ဆိုပါက အစိတ္အပိုင္းမ်ားစြာ ကြဲထြက္သြားနိုင္ၿပီး ၾကယ္အလင္းတန္းမ်ားစြာကို ျမင္​ေတြ႕ရနိုင္ပါတယ္။

တကယ္လို႔ ထိုအရွိန္ထက္ ​ေႏွးသြားပါက ၾကယ္​ေႂကြျခင္းျဖစ္စဥ္ မျဖစ္နိုင္ပါ။ All or none law ျဖစ္တဲ့အတြက္ ​ေစာင့္ၾကည့္ရမည့္ အ​ေနအထား ျဖစ္ပါတယ္။

၁၈၈၅ ခု နိုဝင္ဘာလ ၂၇ ရက္​ေန႔.. သီ​ေပါမင္းပါ​ေတာ္မူစဥ္မွာ အန္ဒရိုမီဒါ ၾကယ္တာရာမွ ၾကယ္မိုးမ်ားစြာ က်ဆင္းခဲ့ဖူးပါတယ္။

အာကာသ ဝါသနာရွင္မ်ားအတြက္.. သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္​ေထာက္ကူ)

unicode

ကြယ်မိုး မုန်တိုင်း (များပြားတဲ့ ကြယ်ကြွေခြင်း) တခု ဖြစ်လာနိုင်တဲ့ မေလ ၃၀ ရက်နေ့ည

လာမည့် ၂၀၂၂ ခုနှစ် ​မေလ ၃၀ ည (၃၁ နံနက်) မှာ ရာစုနှစ်အတွက် များပြားတဲ့ ကြယ်​ကြွေခြင်း (ကြယ်မိုးရွာခြင်း) ဖြစ်​ပေါ်လာနိုင်​ချေ တခု ရှိ​နေပါတယ်။

ဟာကျူလီ ကြယ်တာရာမှ ​ကြွေဆင်းမည့် Tau Herculid ကြယ်မိုးဟာ အခန့်မသင့်လျှင် ၁၉ ရာစုက မြန်မာဘုရင် သီ​ပေါမင်း ပါ​တော်မူစဉ်က ကျဆင်းခဲ့​သော ကြယ်​ကြွေခြင်းပုံစံအတိုင်း.. တစ်နာရီလျှင် အလုံး ရာ-​ထောင် ချီ ပြီး ကျဆင်းလာနိုင်သလို..၊ လုံးဝ မကျဆင်းခြင်းလည်း ဖြစ်လာနိုင်ပါတယ်။

ကြယ်​ကြွေတယ်ဆိုတာ စကြဝဠာအတွင်းက ကြယ်​တွေ ​ကြွေကျပျက်စီးခြင်းမဟုတ်ပါ။

ကျ​နော်တို့ ​နေအဖွဲ့အစည်းအတွင်းက ​နေကိုဗဟိုပြုလှည့်ပတ်​နေ​သော ဥက္ကာပျံ၊ ကြယ်တံခွန် တို့ရဲ့ ပတ်လမ်းမှာ ကျကျန်ခဲ့​သော အမှုန်များရှိရာသို့

ကမ္ဘာ ​ရောက်ရှိလာတဲ့အခါမှာ ကမ္ဘာ့​လေထုနဲ့ အဆိုပါ ​ကျောက်ခဲမှုန်တို့ ပွတ်တိုက်ရာမှ ​ပေါ်ထွက်လာတဲ့ အလင်းတန်းများဖြစ်ပါတယ်။

ဟာကျူလီ ကြယ်စု​နေရာမှာ မြင်ရမည့် ကြယ်​ကြွေဆင်းခြင်းများဟာ SW3 လို့​ခေါ်တဲ့ 73P/ Schwassmann-Wachmann ကြယ်တံခွန်လမ်း​ကြောင်းမှာ ကျကျန်ခဲ့တဲ့ အမှုန်များဖြစ်ပါတယ်။

အဆိုပါကြယ်တံခွန်ကို ၁၉၃၀ ခုနှစ်က အာကာသပညာရှင် Schwassmann နဲ့ Wachmann တို့က ရှာ​ဖွေ​တွေ့ရှိခဲ့တာဖြစ်ပြီး ​နေကို ၅.၄ နှစ်လျှင် တစ်ပါတ်နှုန်းနဲ့ လှည့်ပတ်​နေပါတယ်။ ​

နေနဲ့ နီးကပ်စဉ်မှာ ​နေမုန်တိုင်းအပူဒဏ်​ကြောင့် အမှုန်များလွင့်စင်ပါးလွှာခဲ့ပြီး.. ၁၉၉၅ ခုနှစ်မှာ ဒီ ကြယ်တံခွန်ဟာ နှစ်ခြမ်း စတင်ကွဲထွက်လာတာကို ​လေ့လာ​တွေ့ရှိခဲ့ပါတယ်။

ထို့​နောက်.. အစိတ်အပိုင်းများ ဆက်လက် ကွဲထွက်လာခဲ့ပြီး ပုံတွင်ပြထားသလို B, G, R, N အစိတ်အပိုင်း (အကြီး) ၄ ခုအထိ ရှိ​နေပါပြီ။ ၂၀၀၆ ခုနှစ်မှာ အစိတ်အပိုင်းတစ်ခုက​နေ အစိတ်​ပေါင်း ၆၈ ခုအထိ ကွဲထွက်သွားခဲ့ပါတယ်။

လာမည့် ​မေလ ၃၀ – ၃၁ မှာ ဒီကြယ်တံခွန် အစိတ်အပိုင်းများရဲ့ အရှိန်ဟာ တစ်နာရီကို မိုင် ၂၂၀ ခန့် ရှိမည်ဆိုပါက အစိတ်အပိုင်းများစွာ ကွဲထွက်သွားနိုင်ပြီး ကြယ်အလင်းတန်းများစွာကို မြင်​တွေ့ရနိုင်ပါတယ်။

တကယ်လို့ ထိုအရှိန်ထက် ​နှေးသွားပါက ကြယ်​ကြွေခြင်းဖြစ်စဉ် မဖြစ်နိုင်ပါ။ All or none law ဖြစ်တဲ့အတွက် ​စောင့်ကြည့်ရမည့် အ​နေအထား ဖြစ်ပါတယ်။

၁၈၈၅ ခု နိုဝင်ဘာလ ၂၇ ရက်​နေ့.. သီ​ပေါမင်းပါ​တော်မူစဉ်မှာ အန်ဒရိုမီဒါ ကြယ်တာရာမှ ကြယ်မိုးများစွာ ကျဆင်းခဲ့ဖူးပါတယ်။

အာကာသ ဝါသနာရှင်များအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)