အရမ်းအေးတဲ့ မိုးရေထဲမှာ ဗိုက်ဆာလွန်းလို့ ထမင်းကို ရေနဲ့ဆမ်းစားမယ်ဆိုတဲ့ အဖို

နေ့လည် မိုးတွေသည်းလို့…ခဏစဲချိန် ထမင်းစားမလို့ ထွက်ဝယ်ရင်း ဗိုက်ဆာလိုက်တာ…အေးလိုက်တာ…ဆိုတဲ့ ညဉ်းသံလေး ကြားလိုက်တော့ အဖိုး…ဗိုက်ဆာလို့လား။

ဟုတ် ဗိုက်ဆာတယ်…ထမင်း စားချင်တယ်။ အဖိုး ဒါဆို ခဏစောင့်နော်…(ကျနော် ဝယ်တဲ့ဆိုင်က ထမင်းပေါင်းဆိုတော့…ကြက်သားနဲ့ ထမင်းပေါင်းမှာပေးတယ်) အဖိုး ထမင်းပေါင်းနော်…ကြက်သားနဲ့ မှာထားတယ်နော် (အဖိုးကို အစ္စလာမ်လူမျိုးထင်လို့ပါ)

ကျေးဇူးပါ…ဗိုက်အရမ်းစားလို့ပါ။ အဖိုး အတော်ဆာနေပုံပဲ…အားရပါးရစားနေရှာတယ်။ အဖိုး ဘယ်မှာနေလဲမေးကြည့်တော့ ဒီတိုင်း ကြုံတဲ့နေရာ အိပ်တာပါ။

အဖိုး ရိပ်သာနေချင်လား မေးကြည့်တော့ နေချင်တာပေါ့ သားရယ်…ဒါမဲ့ ကျနော့်လို ပုံစံကို ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူးလေ။ ဟာ မဟုတ်တာ…အဖိုး တကယ်နေချင်တယ်ဆို…ကျနော် စုံစမ်းပေးမယ်နော်။

ကျေးဇူးတင်ပါတယ်…ကျနော် နေချင်ပါတယ်။ ကျနော့်ကို ထမင်းဖြူလေး (၁)ဗူးလောက် ပေးခဲ့ပါလား။ အဖိုး ဘာလုပ်မလို့လဲ။ ညဘက် ဗိုက်ဆာရင် ထမင်းစားချင်လို့ပါ။ ဟာ…ဘာနဲ့ စားမှာလဲ အဖိုး။ ရေနဲ့ ထမင်းဖြူနဲ့ စားလို့ရပါတယ်။

မဟုတ်တာ…ရော့ ၃၀၀၀၀ ကျပ်။ ညဘက် ထမင်း ဟင်း အရသာရှိတာ ဝယ်စားနော်။ အဖိုးကို ကျနော် ရိပ်သာရအောင် ပို့ပေးနိုင်အောင် ကြိုးစားမယ်…ကျနော်နဲ့ အဖိုး ပြန်ဆုံကြမယ်နော်။

ကျေးဇူးပါ…ကျနော်စောင့်နေပါ့မယ်။ ခုကော ဗိုက်ဝပြီလား…ဘာစားချင်သေးလဲ။ ဗိုက်ပြည့်ပါပြီ…ကျနော် ကျေးဇူးအရမ်းတင်ပါတယ်…ဗိုက်တကယ် ဆာနေလို့ပါ။ ရပါတယ် အဖိုးရယ်…ပိုက်ဆံတွေ သေချာသိမ်းထားနော်…ကျနော် ပြန်လာမယ်။

ဪ…မိုးရေထဲ ဗိုက်ဆာရင်တောင် သူများဆီက တောင်းမှ စားရတဲ့ အဖိုးအဖွားတွေ အများကြီးပါလား။ ထမင်းတလုပ် တန်ဖိုး အရမ်းကြီးတယ်။

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက ကိုပူတူးနှင့်ဘော်ဒါမျာ