သောကြာသားသမီး တစ်နှစ်စာဟောကိန်း
ဒီနှစ်အတွင်းစိတ်ကူးအယူအဆတွေက အပျော်ဖက်ကိုအားသန်နေတတ်ပါတယ်။
အရာရာကို လေးလေးနက်နက်စဉ်း စားဖို့အခွင့်အရေးမရတာမျိုးတွေဖြစ်နေတတ်ပါတယ်။
ကိုယ်တိုင်ကလဲ အဆိုးလောကဓံတွေကိုခံနိုင်ရည်မရှိတာမျိုးတွေကြုံရ တတ်ပါတယ်။
အရင်တုန်းက လောကဓံကို ကြံ့ကြံ့ခံနိုင်သူတောင်မှ ဒီနှစ်မှ တစ်ယောက်ယောက်ကတစ်ခုခုကိုအပြစ်တင်ရင် တောင် ရင်ထဲ တနုံ့နုံ့နဲ့ ခံစားနေရတတ်ပါတယ်။
ဆွေမျိုးသားချင်းတွေနဲ့ ရန်သူသဖွယ် မခေါ်နိုင်မပြောနိုင်ဖြစ်သွားရတတ်ပါ တယ်။
ဒီနှစ်မှာ ပျော်ပျော်နေသေခဲ ဆိုတဲ့စိတ်မျိုးခံယူနေတတ်ပါတယ်။
စည်းစနစ်ကြီးသူတောင်မှ စည်းကမ်းတွေလျော့ရိလျော ရဲဖြစ်နေတတ်ပါတယ်။
ဒီနှစ်ဟာ သောကြာသမီးတွေအနေနဲ့ လေထဲတိုက်အိမ်ဆောက်နေမိတတ်ပါတယ်။
စိတ်ကူးအဆင့်ကနေ လက်တွေ့ အဆင့်ကိုရောက်မလာတာမျိုးတွေဖြစ်နေတတ်ပါတယ်။
တစ်ခုခုကို လက်တွေ့ထလုပ်ဖို့ ပျင်းရိနေတတ်ပါတယ်။ အချိန်ဆွဲတဲ့ အကျင့်ရှိသူဆိုပြင်ကြပါ။
တတ်နိုင်သမျှတော့ မိမိရဲ့ လျှို့ဝှက်ချက်တွေ၊ မိမိရဲ့ privacy တွေကို မပေါက်ကြားဖို့လိုပါတယ်။ မိမိ အတွင်းရေးကိုလဲ ဘယ်လောက်ရင်းနှီးနေပါစေ..ဒီနှစ်ထဲ ထုတ်မပြောမိပါစေနဲ့။
အရှက်တကွဲဖြစ်ရတဲ့ကိစ္စတွေက မိမိကိုယ်တိုင် နှုတ်မစောင့်စည်းလို့ ဖြစ်ရတာများပါလိမ့်မယ်။
ဖုန်းတွေကို security မြှင့်ထားပါ။ဖုန်း Screen lock ကအစခက်ခဲတာမျိုးကို ရွေးထားပါ။
အလုပ်စီးပွားကံ
စီးပွားရေးတော့ မညံ့ပါဘူး။ ဒီနှစ်က အလုပ်ကံစီးပွားကံကောင်းကြပါတယ်။ အလုပ်များလွန်းလို့ မအားလပ် သည်အထိဖြစ်ရပါတယ်။
ပျင်းတဲ့သူတွေအတွက်တော့ စိတ်ရှုပ်စရာကောင်းပေမဲ့ လုပ်ချင်စိတ်ရှိသူတွေအတွက်က တော့အားရစရာကောင်းပါတယ်။
ဝန်ထမ်းများ အချိန်ပို အိုတီတွေများများဆင်းရတတ်ပါတယ်။ အလုပ်မရှိသေးသူ များ မိတ်ဆွေကောင်းတွေကြောင့် တက်လမ်းရှိတဲ့အလုပ်တွေကို လုပ်ခွင့်ရလာတတ်ပါတယ်။
ပျင်းတဲ့စိတ်တွေများ နေတဲ့ နှစ်မှာ အလုပ်ကလဲများလာတာမို့ မိမိကိုယ်တိုင် time manament သေချာလုပ်ပါ။ လုပ်စရာရှိတာလုပ်၊နားစရာ ရှိရင် လွတ်လွတ်ကျွတ်ကျွတ်နားပါ။
လုပ်ငန်းရှင်များအားရစရာကောင်းတဲ့ လုပ်ငန်းအချိတ်အဆက်တွေရလာတတ်ပါတယ်။လုပ်ငန်းခွင်ပိုမို ကျယ်ပြန့်အားကောင်းလာတတ်ပါတယ်။
ဖောက်သည်သစ်တွေလဲ ဒီနှစ်ကတိုးပွားလာဖို့ရှိပါတယ်။ ချစ်လိုခင်လို့ ကူ ညီပေးကြသူတွေရှိပါလိမ့်မယ်။
မိမိကို ၁၅ဝဝမေတ္တာရှိလို့ ကူညီတာထောက်ပံ့တာမျိုးတွေလဲ ကြုံရတတ်ပါတယ်။
ဒီလိုနှစ်မျိုး ရှက်တာကြောက်တာတွေ၊သူများအထင်သေးမလားဆိုတဲ့စိတ်တွေကို ဖယ်ပြီးတော့ ရိုးရိုးကုပ်ကုပ်နဲ့ လုပ်စရာရှိတာကိုသာ အားထည့်လုပ်သွားပါ။
ကြွားဝါတာမျိုးတွေ၊ ဟိတ်ကြီးဟန်ကြီးထုတ်တာမျိုးတွေ၊ မလိုအပ်ဘဲ ဖုနးအကောင်းစားဝယ်တာ၊အိတ်အကောင်းစားဝယ်ချင်တာမျိုးဒီနှစ်မှာ မိမိစိတ်ထဲပေါ်လာတတ်ပေမဲ့ မြိုသိပ်ထား ပေးပါ။
နိုင်ငံခြားကံနဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စတွေအားကောင်းလာတာတွေ့ရပါတယ်။ နိုင်ငံခြားသွားဖို့စီစဉ်တဲ့ ကိစ္စတွေ အဆင်ပြေလိမ့်မယ်။ နိုင်ငံခြားကံပေါ်ထွန်းလာတတ်တဲ့နှစ်ပဲဖြစ်ပါတယ်
လူမှုရေး
လူမှုရေးကိစ္စတွေမှာတော့ တစ်စိမ်းတရံတွေရဲ့ အကူအညီတွေအားကောင်းလာမဲ့နှစ်ပါပဲ။ တစ်စိမ်းတွေကပဲ အရင်းအနှီးထုတ်ပေးတာမျိုးတွေကြုံနေရတတ်ပါတယ်။
မိတ်ဆွေပေါများသူတွေ အထူးကံကောင်းလာနိုင်တာမျိုး တွေကြုံနေရတတ်ပါတယ်။တကယ်လဲမိတ်ဆွေတွေက စပ်တူလုပ်ဖို့လာခေါ်တာမျိုးတွေ မိမိအကျိုးစီးပွားအတွက် နိုင်သလောက်ကူညီကြပါလိမ့်မယ်။
တစ်ခုသတိထားရမှာက သားသမီးအတွက် ပူပန်ရတဲ့နှစ်ပါပဲ။ သားသမီးတွေ၊ တူတူမတွေကြောင့် စိတ်ပူရ ငွေကုန်ရတာမျိုးတွေကြုံရတတ်ပါတယ်။
ဒီနှစ်မှာ မိသားစုဝင်တွေနဲ့ရန်သူသဖွယ်ဖြစ်ရတတ်တဲ့ နှစ်ပါ။ အရင်ကတည်းက အစေးမကပ်တဲ့ဆွေမျိုးသား ချင်းတွေနဲ့ သေသည်အထိ မခေါ်မပြောနိုင်တဲ့အခြေအနေရောက်တဲ့နှစ်ပါပဲ။
အနီးကပ်ရန်သူတွေကလဲ ဒီနှစ်မှာ မိမိ ဆွေမျိုးတွေသာဖြစ်ပါလိမ့်မယ်။ ဒါကြောင့် တတ်နိုင်သမျှဆွေမျိုးတွေနဲ့ ကင်းကင်းနေပါ။ မကင်းနိုင်ရင် ခပ်တန်းတန်း သာနေစေချင်ပါတယ်။ အိမ်တွင်းရေးအပူသိပ်များနိုင်တဲ့နှစ်ပါပဲ။
အချစ်ရေး မေတ္တာရေး
အချစ်ရေးကတော့ ဒီနှစ်မှာ ကပြောင်းကပြန်အနေအထားတွေများပါတယ်။ အရမ်းချစ်ရသူနဲ့ဝေးနေရတတ် ပြီး မထင်မှတ်သူတွေနဲ့ ချစ်သူဖြစ်ရတတ်တဲ့နှစ်ပါပဲ။
ဘယ်သူမှမသိစေချင်လို့ ချစ်သူနဲ့ တိတ်တိတ်လေးတွဲကာမှ လူသိရှင်ကြားသိကုန်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီနှစ်တော့ လက်မထပ်သေးဘူး..ငွေစုအုံးမယ်လို့ တွေးနေပေမဲ့ မဖုံးနိုင်မဖိနိုင်ကိစ္စတွေကြောင့် ချက်ချင်းယူလိုက်ရတာမျိုးတွေကအစ ဖြစ်လွယ်တဲ့နှစ်ပါပဲ။
တစ်ခုသတိထားစရာ အချက်က မလွတ်လပ်သူတွေနဲ့ ငြိစွန်းလွယ်ကြတာပါပဲ။
လူပျိုပါဆိုပြီး လိမ်လည်ပြီး ကောင်းကောင်းချစ်ပြ၊ လိုသမျှဝယ်ပေးတာကို သာယာပြီး သူများတံတွေးခွက်မှာမျောသွားတတ်ပါတယ်။
သတိထားပေါ့ဗျ။ နေတတ်ရင် အချစ်ရေးကံမဆိုးပေမဲ့…အနေမတတ်ရင်ဖြစ်စေ၊စိတ်ကစားတဲ့အရွယ်ဖြစ်စေ သတိထားစေချင်ပါတယ်။
#အိမ်ထောင်ရေး
အိမ်ထောင်ရေးကတော့ အိမ်ထောင်ဘက်နဲ့ အဆင်မပြေတာထက် သဘောထားမတိုက်ဆိုင်တာမျိုးတွေကြုံ ရတတ်ပါတယ်။
အိမ်ထောင်ဘက်ရဲ့ အတွေးခေါင်မှုကြောင့် ၊ရှေးရိုးစွဲမှုကြောင့် စိတ်ညစ်ရတတ်ပါတယ်။ ဒါပေမဲ့ အရင်ကတည်းက ဝေးနေတဲ့ အိမ်ထောင်ဘက်တွေကတော့ အဆင်ပြေပါလိမ့်မယ်။ တကယ်လဲ ဝေးလေပိုချစ်လေ ပါပဲ။
အိမ်ထောင်ဘက်က နိုင်ငံခြားရောက်နေသူ၊ သင်္ဘောတက်သူနေသူ၊ တာဝန်နဲ့ အဝေးရောက်နေတဲ့သူတွေဆိုရင် တော့ အိမ်ထောင်ရေးမညံ့ဘူးလို့ဆိုရမှာပဲဖြစ်ပါတယ်။
ဆွေမျိုးပြဿနာတွေကို အိမ်ထောင်ရေးထဲဆွဲမသွင်းမိပါစေ နဲ့။ တတ်နိုင်သမျှ လောင်းကစားတွေကို အိမ်ထောင်ဘက်မသိအောင်ခိုးမလုပ်ပါနဲ့။ သိသွားရင် နားလည်ပေးမှာ မဟုတ်ဘဲ ကွဲဖို့ ကိစ္စတွေအထိ ဦးတည်သွားတတ်ပါတယ်။
အိမ်ထောင်ဘက်နဲ့ပွင့်လင်းမြင်သာမှုရှိကြသူတွေ တစ်ယောက်နဲ့ တစ်ယောက်လျှို့ဝှက်ထားတာမရှိတဲ့ အိမ်ထောင်သည်တွေကတော့ ဒီနှစ်အိမ်ထောင်ရေးအဆင်ပြေ ပါလိမ့်မယ်။
ကျန်းမာရေး
နှစ်စကတည်းက ပြောပြီးသားပါ။ ဒီနှစ်သောကြာသားသမီးတွေကျန်းမာရေးညံ့တယ်ဆိုတာကို…။ကျန်းမာ ရေးဂရုစိုက်ကြပါလို့ပဲပြောပါရစေ။ ဘာတွေဖြစ်တတ်လဲ ဆိုရင်တော့ ကိုယ်ခံအားနည်းနေတတ်ပါတယ်။
ကျန်းမာ အောင်နေပါ။ကျန်းမာအောင်စားပါ။ အိပ်ရေးဝဝအိပ်ပါ။ အရမ်းဟင်းချေးမများပါနဲ့။ ကိုယ့်အတွက်အားရှိမယ်ဆိုရင် စားလိုက်ပါ။ အသည်း၊အဆုတ်၊ရင်၊ဝမ်းတွေအားနည်းတဲ့နှစ်ဖြစ်ပါတယ်။
ဖြစ်နေတဲ့ရောဂါကို ဆေးမြီးတိုနဲ့ကြိတ်ကု ရာကနေ အပ်နဲ့ထွင်းရမဲ့ကိစ္စ ပုဆိန်နဲ့ ထွင်းနေရပါလိမ့်မယ်။ တနင်္လာအိမ်ပေါ်ရောက်နေတဲ့နှစ်ဖြစ်တာမို့ ရေချိုးမှား တာတွေကိုတော့သတိပြုပါ။
တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပေးဖို့ လိုအပ်ပေမဲ့ အပုပ်ချိန်တွေရေချိုးတာတွေ ၊ ရေမချိုးသင့်တဲ့အချိန်ရေချိုးတာမျိုးတွေ သတိထားပါ။ ပထဝီဓာတ်ပျက်နေတာမျိုးကြောင့် ခြေထောက်၊ခါးအနာ တရဖြစ်တတ်ပါတယ်။ အောက်ပိုင်းတွေလေးနေတာတွေ၊ မသယ်ချင်၊မလှုပ်ချင်ဖြစ်တာမျိုးတွေကြုံရတတ်တယ်။
ပညာရေး
ပညာရေးကံအားကောင်းတဲ့နှစ်ပါပဲ။ အရမ်းကြီးပညာရေးကံခေနေတာမျိုးတော့ သိပ်မတွေ့ရပါဘူး။ဒါပေမဲ့ ကိုယ့်ကိုကိုယ်ဖျက် သံချေးတက်ဆိုတာမျိုးတွေက ဒီနှစ်မှာ သိပ်ဖြစ်တတ်ပါတယ်။
ဂိမ်းချည်းပဲအချိန်ပြည့်ဆော့ပြီး စာမလုပ်ချင်တာတွေ၊ အလေလိုက်ချင်တာတွေ၊ ဘော်ဒါတွေနဲ့သောက်စားမူးယစ်ချင်စိတ်တွေများနေတတ်ပါ တယ်။ ပညာရေးပေါ်အာရုံစိုက်ချင်စိတ်မရှိဖြစ်နေတတ်ပါတယ်။
အရင်ကတည်းက ကြိုးစားသူ ၊အချိန်ကိုအကျိုးရှိစွာအသုံး ချသူ၊စားချိန်၊ဆော့ချိန် သတ်သတ်မှတ်မှတ်ထားသူတွေကတော့ဒီနှစ်မှာပညာရေးရလဒ်တွေထူးကဲစွာကောင်းမွန်နေ ပါလိမ့်မယ်။
ဘယ်လိုပညာတွေ၊သင်တန်းတွေလေ့လာသင့်သလဲဆိုရင် ဟိုတယ်နဲ့ပတ်သက်တဲ့သင်တန်း၊ သိုင်းသင်တန်း၊ safety သင်တန်းတွေ၊ ဘဏ်လုပ်ငန်းနဲ့ဆက်နွယ်တဲ့သင်တန်းတွေ၊ စီမံခန့်ခွဲမှုပညာတွေ၊CCTV သင်တန်းတွေ တက်ရောက်သင်ကြား လို့အလွန်ကောင်းတဲ့နှစ်ဖြစ်ပါတယ်။
အနှစ်ချုပ်
အနှစ်ချုပ်ပြောရရင် ဒီနှစ်သောကြာသားသမီးတွေ ကံကောင်းလာ…? ကံဆိုးလား..?ဆိုရင် ကိုယ်တိုင်က ဆင်ခြင်တုံတရားနဲ့ ဉာဏ်ပညာရှိရှိဖြတ်သန်းမယ်ဆိုရင်တော့ သိပ်ကောင်းတဲ့နှစ်ပါပဲ။
ဟိုလိုလို ဒီလိုလိုအခြေအနေ တွေအများကြီးကြုံရတတ်တာမို့ အတွေ့အကြုံများသူတွေဆို ဘယ်လမ်းလိုက်ရမလဲကောင်းစွာသိနိုင်ပါလိမ့်မယ်။
နေရာထိုင်ခင်းအခြေချဖို့ ကိစ္စတွေအတွက် မကောင်းတဲ့နှစ်ဖြစ်တာမို့ တစ်နေရာရာမှာစတင်အခြေချနေထိုင်မယ်လို့ ဆုံးဖြတ်ထားရင်တော့ အပြန်အလှန်စဉ်းစားတာက အကောင်းဆုံးပါ။
တန်ဖိုးများတဲ့ အိမ်ခြံမြေဝယ်မယ်ဆိုရင်လဲ နားလည်တဲ့ ရှေ့နေတွေကိုအကူအညီယူပါ။ ပိုင်ဆိုင်မှုမခိုင်မာတဲ့ အိမ်ခြံမြေဖြစ်နေတာတွေ၊အမွေဆိုင်ဖြစ်နေတာ တွေကြုံရတတ်ပါတယ်။
ဒီနှစ်မှာ နေရာသစ်မှာအခြေချမယ်ဆိုပြီး စတင်နေမိရင် ထိုနေရာသစ်ကနေအပြီးတိုင်အခြေမချဖြစ်ဘဲ ပြန်ပြောင်းရ တာမျိုးတွေကြုံရတတ်ပါတယ်။
အချစ်ရေးမှာ စန်းပွင့်နေတာမို့ ဆန်းကြယ်တဲ့အချစ်ရေးကံတွေပေါ်ပေါက်တတ်ပါ တယ်။ စန်းပွင့်လွန်းလို့ အိမ်ထောင်သည်တွေကအစ လိမ်လည်ပိုးပန်းခြင်းတွေခံရတတ်ပါတယ်။
တစ်ခုကံကောင်းတာက လက်ဆောင်ပစ္စည်းတွေမကြာခဏရလာတတ်ပါတယ်။ အဲလိုရလာပြီဆိုရင်လဲကံကောင်း ခြင်းတွေတွဲပါလာတတ်ပါတယ်။ လက်ဆောင်ရပါက ထီကံစမ်းတာမျိုးတွေဆောင်ရွက်သင့်ပါတယ်။
ဂေါ်မစွံလူပျို ကြီး ၊အပျိုကြီးတွေ FAဘဝကနေ လွတ်မြောက်မဲ့ လမ်းစတွေပေါ်လာနိုင်တဲ့နှစ်လဲဖြစ်ကြောင်းတင်ပြရင်းနဲ့ နိဂုံးချုပ် အပ်ပါတယ်။
ယတြာ
ယတြာထဲမှာထည့်ပြောချင်တာ ဒီနှစ် လိမ္မော်ရောင်ကို အထူးရှောင်ပါ။နီညိုရောင်ကိုအဆောင်ယတြာအဖြစ် အကြံစည်ရှိတိုင်းဝတ်ဆင်ပါ။
ခရီးကိစ္စလေးတွေမှာအလှူဒါနပြုပါ။ လမ်းအလှူ၊ပရဟိတကားအလှူ၊ဘုရားဖူးသွားသူတွေကို ငွေအလှူတွေ ပြုပေးပါ။
ငယ်ရွယ်သူများလှူလေ့လှူထရှိတယ်ဆို သွေးအလှူလေးတွေ ဇီဝိတဒါနအဖြစ်လှူပေးပါ။
သောကြာနေ့ မနက်ခြောက်နာရီကနေ ရနာရီခွဲတိုင်းဘုရားမှာ ဇီးယိုတစ်ပန်းကန်လှူပေးပါ။
သောကြာသားသမီးအပေါင်း သူတော်ကောင်းတို့ နှစ်သစ်မှစ၍ ရန်သူမျိုးငါးပါးဘေးမှကင်ဝေးကြပါစေ Crd- ဆရာ ငြိမ်းအေးလူ 09775555695
Leave a Reply