တည်းခိုခန်းတွင်အတူတည်းခိုနေစဉ် မှတ်ပုံတင်မပါလာ၍ သမီးရည်းစားချင်းစကားများရာမှ… See more

တည်းခိုခန်းတွင်အတူတည်းခိုနေစဉ် မှတ်ပုံတင်မပါလာ၍ သမီးရည်းစားချင်းစကားများရာမှ… See more

ပြင်ဦးလွင်မြို့ပြင်ဦးလွင်ဘူတာအနီး ဟော်ကုန်းရပ်ရှိ တည်းခိုခန်းတွင် အမျိုးသားတစ်ဦး လည်ပင်းမှာ ဓါးထိုးဒဏ်ရာဖြင့် သေဆုံးနေကြောင်း သန်ရှင်းရေးဝန်ထမ်းမှ ပြင်ဦးလွင်ရဲစခန်းသို့ နံနက် ၇ နာရီခန့်တွင် အကြောင်းကြားခဲ့သည်။ဖြစ်စဉ်မှာ ၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင်

သေဆုံးသူသည် အသက် ၂၀ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးနှင့်အတူ တည်းခိုနေထိုင်ရန် ရောက်ရှိလာခဲ့သည်။ အဆိုပါအမျိုးသမီးမှာ မှတ်ပုံတင်မရှိဟုပြောဆိုသဖြင့် အမျိုးသား၏မှတ်ပုံတင်ဖြင့် လက်ခံခဲ့ပြီး

အခန်းအမှတ် ( ၃၀၄ ) တွင် တည်းခိုနေထိုင်ခဲ့သည် ။ ၈ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် အဆိုပါအမျိုးသမီး(အမည်မသိ)မှ အခန်းပြန်အပ်ခဲ့ပြီး တစ်ဦးတည်း ထွက်သွားခဲ့ကြောင်း သိရသည် ။

အခန်းသန့်ရှင်းရေး ဝန်ထမ်းမှ သန့်ရှင်းရေးလုပ်ရန် သွားရောက်စဉ် အခန်းအပြင်ဝရန်တာ၌ လည်ပင်းနှင့်ညှပ်ရိုးကြား ထိုးသွင်းဒဏ်ရာဖြင့် ပက်လက်အနေအထား သေဆုံးနေကြောင်းတွေ့ခဲ့ရသည်။ သေဆုံးသူသည် မင်္ဂလာဒီပရပ်ကွက်၊ ပုဗ္ပသီရိမြို့နယ်၊ နေပြည်တော်တွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။

ပြင်ဦးလွင်ရဲစခန်းမှ ဆိုင်ကယ်ရီသမားများထံတစ်ဆင့် စုံစမ်းခဲရာ ဆိုင်ကယ်ကယ်ရီများ ပြောပြချက်အရ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၇)၊ မီးရထားစက်ခေါင်းရုံဝန်း၊ အမှတ်(၇၀၈)နေ မသင်္ကာတရားခံဟု ယူဆရသော

မဟန်မေလင်း(ခ)ဖြိုးဟန်နီထူး ၂၉နှစ်အား ပြင်ဦးလွင်မြို့မရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးမေးမြန်းရာ အခင်းဖြစ်နေ့တွင် အချင်းချင်းစကားများရန်ဖြစ်ကာ ၎င်းမှအသင့်ယူဆောင်လာသော အသွား ၃ လက်မခွဲခန့်၊ အရိုး ၄ လက်မခွဲခန့် ကော်ရိုးတပ်ဓါးဦးချွန်ဖြင့် ထို-းသ-တ်ခဲ့ကြောင်းသိရသည် ။

Credit

unicode








Credit