အလုံး (၂၀၀)လုံး ဝယ်တာဟေ့…အိမ်အစောကြီးပြန်ရပြီ
မနက် (၁၀)နာရီလောက်…လသာဘက်ရောက်တော့…
အဖွား…မင်းကွတ်သီး ဘယ်လိုရောင်းလဲ??
သား ခြင်းထဲက (၁)လုံး – ၃၀၀ကျပ်ပါ….
ဒီဘက်က ဟာတွေရော အဖွား…
(၁)လုံး – ၂၀၀ကျပ်ပါ သားရယ်…သိပ်မကောင်းဘူး မိုးမိထားတော့ မကောင်းဘူး သား
ဟုတ် အဖွား…ဒါဆို ဟိုဘက်တည်းက ယူမယ်လေ အဖွား…
သား ဘယ်နှလုံး ယူမလဲ ??
အဖွားက ဒါတွေကုန်မှ အိမ်ပြန်တာလား ??
ဒါတွေ တနေ့တည်း အကုန် ကုန်တယ် မရှိပါဘူး…အဖွားတို့က ဟိုဘက်ကမ်းမှာ မြေးဖွား(၂)ယောက်နေကြတာ…မြေးလေးတွက် အဖွားရောင်းရမှ ဖြစ်မှာ
အဖွား…ဒီတောင်းထဲက ဘယ်နှလုံးရှိတာလဲ ??
သား ဘယ်နှလုံး ယူမလဲ??
သား (၁)ခြင်းတောင်းလုံးယူမယ်ဗျာ…အဖွား အိမ်အစောကြီးပြန်နားတော့
ဟာ…ဒီ တခြင်းလုံး သားယူမှာပေါ့…အဖွား ဘယ်နှလုံးရှိလဲ တွက်ပေးမယ်နော်
ပျော်လိုက်တာဟေ့…အလုံး (၂၀၀)လုံး ဝယ်သွားပြီ…ဒီနေ့ အိမ်အစောကြီးပြန်ရပြီ
(အော်ပြီ ဘေးကလူတွေ ကြွားနေတယ်)
ဟုတ် အဖွား…ရော့… (100,000) Ks
ဟာ…သား ပိုက်ဆံတွေ အများကြီးပိုနေတယ်…အဖွား အသီးဖိုးပဲ ယူပါ့မယ်
မဟုတ်ဘူး အဖွား…ပိုတာက အဖွား နဲ့ မြေးလေး စားချင်တာ ဝယ်စားဖို့ ယူလိုက်နော်
ဝမ်းသာလိုက်တာ သားရယ်…အဖွား တသက် ဒါမျိုး တခါမှ မရောင်းရဖူးဘူး…အရမ်းပျော်လိုက်တာ သားရယ်
ဟုတ် အဖွား…ဒါဆို ဂရုစိုက်ပြီပြန်နော်…ပစ္စည်းတွေလဲ သေချာ သိမ်းသွားနော်..သား ပြန်တော့မယ်နော်
ကားထွက်ခါနီး…ကားဆီ အဖွားပြေးလာပြီ…
သား…ခဏ ခဏ…အဖွား လက်ဆောင်ထည့်ပေးချင်လို့ပါ…
ဟုတ် အဖွား…တော်ပြီလေ ယူတော့ဘူးဆိုလဲ မရ…
ဒါ အဖွား ပေးတဲ့ လက်ဆောင်ဆိုပြီ…ပါးလေးကို နမ်းသွားရှာတယ်
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
•အော…ကိုယ့် အဖွားက နမ်းတဲ့ ခံစားမှုမျိုးလေးရတော့… ရင်ထဲ ကိုယ့်အဖွားဆိုတဲ့ ခံစားချက်လေး ဖြစ်မိတယ်
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
☎ 09-5408437
unicode
☎ 09-5408437
Leave a Reply