မှဲ့နဲ့ အသားပိုတွေကို သဘာဝအတိုင်းဖယ်ရှားနိုင်မယ့် နည်းလမ်းများ

ခန္ဓါကိုယ်ရဲ့ တချို့နေရာက မှဲ့တွေ၊ အသားပိုတွေက ကိုယ့်ရဲ့အလှကို ဖျက်ဆီးနေတတ်ပါတယ်။ အဲဒါတွေကို ဖယ်ရှားရမယ့် နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ နည်းလမ်းတွေ အများကြီးထဲကမှ သဘာဝနည်းနဲ့ ဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကြွက်နို့

– ကြက်သွန်ဖြူကို ပါးပါးလေးလှီးပြီး ကြွက်နို့ပေါ်မှာ ကပ်ထားပေးပါ။ ပြီးရင်တော့ အဝတ်စသန့်သန့်လေးနဲ့ စည်းထားပါ။ နာရီဝက်လောက်စည်းထားပေးပြီးတော့ ရေဆေးချလိုက်ရုံပါပဲ။ ဒီနည်းအတိုင်း တစ်နေ့ကို နှစ်ကြိမ်ပြုလုပ်ရင် ထူးခြားလာတာကို တွေ့ရမှာပါ။

– ဗီတာမင်စီ ဆေးပြားလေးတွေကို ကြိတ်ပြီး ရေနဲ့ရောနယ်ပါ။ ရောနယ်ထားတဲ့ ဗီတာမင်စီတွေကို ကြွက်နို့ပေါ်တင်ပြီး အဝတ်သန့်သန့်လေးနဲ့ စည်းထားပါ။ ခန္ဓါကိုယ်ပေါ်က အပူလောင် ဒဏ်ရာတွေကိုလည်း ဒီနည်းအတိုင်း ပြုလုပ်လို့ ရပါတယ်။

၂။ မှဲ့

နာနတ်ဖျော်ရည်နဲ့ ပြုလုပ်တဲ့နည်းကတော့ မှဲ့အရောင်ကို မှိန်သွားစေရုံပါပဲ။ နာနတ်ဖျော်ရည်ထဲကို ပိတ်စသန့်လေးနှစ်ပြီး အဲဒီပိတ်စသန့်လေးကို မှဲ့ပေါ် အုပ်ထားပေးပါ။ တစ်နေ့ကို နှစ်ကြိမ်နဲ့ နှစ်ပတ်ခန့် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

-ကြက်ဆူဆီ အနည်းငယ်ကို မုန့်ဖုတ်ဆိုဒါနဲ့ ရောနယ်ပါ။ ပြီးရင်တော့ မှဲ့ရှိတဲ့နေရာကို ပွတ်ပေးပြီး ခြောက်သွားအောင်ထားလိုက်ပါ။ တစ်ရက်ကို နှစ်ကြိမ်နဲ့ ရက် ၃၀ ကြာ ပြုလုပ်ပေးတဲ့အခါ ထူးခြားလာတာကို တွေ့ရမှာပါ။

၃။ ဆားဝက်ခြံ

– သစ်ကြံပိုးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပါ။ မွှေထားတဲ့ အနှစ်ကို ဆားဝက်ခြံပေါ်မှာ ၁၅ မိနစ်ခန့်ထားပြီး ကြက်သီးနွေးရေနွေးနဲ့ ဆေးချပါ။

– အုတ်ဂျုံမှုန့်၊ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ခရမ်းချဉ်သီး ဖျော်ရည်တို့ကို ရောမွှေပြီး ဆားဝက်ခြံတွေပေါ် တင်ထားပေးပါ။ ၁၅ မိနစ်ခန့်ထားပြီး မျက်နှာသစ်လို့ ရပါပြီ။ နေ့စဉ်ပြုလုပ်ပေးတဲ့အခါ ဆားဝက်ခြံကင်းတဲ့ မျက်နှာလေးကို ရရှိမှာပါ။

၄။ အသားပို

ပန်းသီးရှာလကာရည်ထဲကို အဝတ်စလေးနှစ်ပြီး အသားပိုနေရာကို ညင်ညင်သာသာလေး ပွတ်ပေးပါ။ ပြီးရင်တော့ ပတ်တီးစလေးနဲ့ ၄နာရီကြာစည်းထားပါ။ တစ်လကြာတဲ့အခါ သိသာလာမှာပါ။

– လက်ဖက်ဆီလေးစက်ကို အသားပိုနေရာမှာ လိမ်းပေးပါ။ လက်ဖက်ဆီကို ခြောက်သွားအောင် ၃ နာရီခန့် ထားပြီးရင် ရေနွေးနဲ့ဆေးလိုက်လို့ရပါပြီ။

၅။ အမည်းစက်

– ကြေပန်းဆီ ၅ စက်နဲ့ အုန်းဆီ သို့မဟုတ် သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို ရောမွှေပါ။ မအိပ်ခင်မှာ နေ့တိုင်းလိမ်းပေးရင် အမည်းစက်ကင်းပြီး ချောမွတ်တဲ့ မျက်နှာလေး ရလာမှာပါ။

– နှင်းဆီရိုင်းအသီးဆီကို အမည်းစက် ရှိတဲ့နေရာမှာ ၂ မိနစ်ခန့်ကြာအောင် ပွတ်ပေးပါ။ အဲဒီအခါ မျက်နှာက အမည်းစက် ပျောက်တဲ့အပြင် မျက်နှာအသားအရေ နူးညံ့လာတာကိုလည်း တွေ့ရမှာပါ။