“အရင်လို VPN သုံးရုံလောက်နဲ့ မလုံခြုံတော့တဲ့ ဖုန်းတွေ IMEI မှတ်ပုံတင်ခြင်းကိစ္စ နှင့် IMEI ဆိုတာ ဘာလဲ”

လူနာမည်နဲ့ IMEI တွေမှတ်ပုံတင်ရမယ်ဆိုရင် VPN သုံးရုံလောက်နဲ့ ဘာမှကာလို့မရတော့တဲ့ မိုဘိုင်းဟန်းဆက်တွေမှာပါတဲ့ IMEI ဆိုတာ ဘာလဲဆိုတာ ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုက်ရပါတယ်။ IMEI ဆိုတာ

ဟမ်းဆက်တလုံးကိုခြေရာခံတဲ့နံပါတ်တခုပါ။ ဘယ်ဟမ်းဆက်မဆို IMEI တွေကမတူကြပါဘူး။ဖုန်းတလုံးစက်ရုံကထုတ်ရင် IMEI ဂဏန်းတလုံးထည့်ပေးရပါတယ်။

ဖုန်းတွေထဲကို sim cardထည့်လိုက်ရင်အဲဒီဖုန်းက operatorဆီကို IMEI နံပါတ်ပို့ပေးပြီး register ပြန်လုပ်ရပါတယ်။ Sim card တွေပြောင်းရင်လဲဖုန်းရဲ့ IMEI ကမပြောင်းပါဘူး။Sim card နဲ့ချိတ်ဆက်ထားတာမဟုတ်ပဲ

ဟမ်းဆက်နဲ့ချိတ်ဆက်ထားတာမို့ပါ။ IMEI ကဖုန်းအော်ပရေတာတွေကဖုန်းတခုချင်းစီကို identifyလုပ်တဲ့နံပါတ်ပါ။

ဒါကြောင့်အဲဒီဖုန်းတွေဘယ်တာဝါတိုင်တွေနဲ့ချိတ်ဆက်နေပြီလဲဆိုတာကိုသိတဲ့အတွက်ဖုန်းရဲ့ တည်နေရာကိုလဲ triangulateလုပ်ယူလို့ရပါတယ်။ ဖုန်းကလိုင်းရနေသ၍ဖုန်း operatorတွေကဖုန်းအကြောင်းသိနေတဲ့သဘောပါ။

ဒီကိစ္စကပုံမှန်ဆိုသိပ်ပြသနာမဟုတ်ပါဘူး။ ဥပမာ IMEI နံပါတ် ၁၂၃၄ က Saw Kyaw Thuကိုင်တဲ့ဖုန်းဆိုပေမဲ့အော်ပရေတာကSaw Kyaw Thu ဖုန်းမှန်းမသိပါဘူး။သူတို့မြင်ရတာ ၁၂၃၄ ပဲမြင်ရတာပါ။

ဒီအတွက် ကိုယ့် privacy က somewhatတော့လုံခြုံသေးတယ်ပေါ့ဗျာ။ လူနာမည်နဲ့ IMEI တွေမှတ်ပုံတင်ရမယ်ဆိုရင် IMEI နံပါတ် ၁၂၃၄ သည် Saw Kyaw Thuဖြစ်ကြောင်း ပြောလိုက်ရသလိုပဲ။

ဒီအတိုင်းဆိုအော်ပရေတာကအချိန်တိုင်း Saw Kyaw Thuဘယ်ရောက်နေလဲဖုန်းကနေသိနေတော့မှာ ဖြစ်ပါတယ်။ ပြီးရင် ကိုယ်ဖုန်းခေါ်ထားသမျှဆက်သွယ်ထားသမျှဖုန်းတွေကိုလဲIMEIကနေခြေရာခံလိုက်နိုင်တော့မှာပါ။ လုံခြုံမှုဟာသုညဖြစ်သွားပြီ။ဖုန်းရှိနေသ၍ကိုယ့်အကြောင်းတွေအကုန်သိနေတော့မဲ့သဘောပဲ။အရင်လို VPN သုံးရုံလောက်နဲ့ဘာမှကာလို့မရတော့ပါဘူး။

crd-Saw Kyaw Thu

ယူနီကုတ်

လူနာမည်နဲ့ IMEI တွေမှတ်ပုံတင်ရမယ်ဆိုရင် VPN သုံးရုံလောက်နဲ့ ဘာမှကာလို့မရတော့တဲ့ မိုဘိုင်းဟန်းဆက်တွေမှာပါတဲ့ IMEI ဆိုတာ ဘာလဲဆိုတာ ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုက်ရပါတယ်။ IMEI ဆိုတာ

ဟမ်းဆက်တလုံးကိုခြေရာခံတဲ့နံပါတ်တခုပါ။ ဘယ်ဟမ်းဆက်မဆို IMEI တွေကမတူကြပါဘူး။ဖုန်းတလုံးစက်ရုံကထုတ်ရင် IMEI ဂဏန်းတလုံးထည့်ပေးရပါတယ်။ ဖုန်းတွေထဲကို sim cardထည့်လိုက်ရင်အဲဒီဖုန်းက operatorဆီကို IMEI နံပါတ်ပို့ပေးပြီး register ပြန်လုပ်ရပါတယ်။ Sim card တွေပြောင်းရင်လဲဖုန်းရဲ့ IMEI ကမပြောင်းပါဘူး။Sim card နဲ့ချိတ်ဆက်ထားတာမဟုတ်ပဲ

ဟမ်းဆက်နဲ့ချိတ်ဆက်ထားတာမို့ပါ။ IMEI ကဖုန်းအော်ပရေတာတွေကဖုန်းတခုချင်းစီကို identifyလုပ်တဲ့နံပါတ်ပါ။ ဒါကြောင့်အဲဒီဖုန်းတွေဘယ်တာဝါတိုင်တွေနဲ့ချိတ်ဆက်နေပြီလဲဆိုတာကိုသိတဲ့အတွက်ဖုန်းရဲ့ တည်နေရာကိုလဲ triangulateလုပ်ယူလို့ရပါတယ်။ ဖုန်းကလိုင်းရနေသ၍ဖုန်း operatorတွေကဖုန်းအကြောင်းသိနေတဲ့သဘောပါ။

ဒီကိစ္စကပုံမှန်ဆိုသိပ်ပြသနာမဟုတ်ပါဘူး။ ဥပမာ IMEI နံပါတ် ၁၂၃၄ က Saw Kyaw Thuကိုင်တဲ့ဖုန်းဆိုပေမဲ့အော်ပရေတာကSaw Kyaw Thu ဖုန်းမှန်းမသိပါဘူး။သူတို့မြင်ရတာ ၁၂၃၄ ပဲမြင်ရတာပါ။

ဒီအတွက် ကိုယ့် privacy က somewhatတော့လုံခြုံသေးတယ်ပေါ့ဗျာ။ လူနာမည်နဲ့ IMEI တွေမှတ်ပုံတင်ရမယ်ဆိုရင် IMEI နံပါတ် ၁၂၃၄ သည် Saw Kyaw Thuဖြစ်ကြောင်း ပြောလိုက်ရသလိုပဲ။

ဒီအတိုင်းဆိုအော်ပရေတာကအချိန်တိုင်း Saw Kyaw Thuဘယ်ရောက်နေလဲဖုန်းကနေသိနေတော့မှာ ဖြစ်ပါတယ်။ ပြီးရင် ကိုယ်ဖုန်းခေါ်ထားသမျှဆက်သွယ်ထားသမျှဖုန်းတွေကိုလIMEIကနေခြေရာခံလိုက်နိုင်တော့မှာပါ။ လုံခြုံမှုဟာသုညဖြစ်သွားပြီ။ဖုန်းရှိနေသ၍ကိုယ့်အကြောင်းတွေအကုန်သိနေတော့မဲ့သဘောပဲ။အရင်လို VPN သုံးရုံလောက်နဲ့ဘာမှကာလို့မရတော့ပါဘူး။

crd-Saw Kyaw Thu