မြန်မာပြည်မှာ စက်သုံးဆီ အမှန်တကယ် ပြတ်ပြီ (ရောင်းစရာ မရှိတော့လို့ ဆီဆိုင်တချို့ ပိတ်မည်ဟု သိရ)

ရန်ကုန်မှာ စက်သုံးဆီစျေး ဆက်တိုက် မြင့်တက်နေပြီး အချို့ဆိုင်များတွင် အကန့်အသတ်ဖြင့် ရောင်းချ ပေးနေရကြောင်း ရန်ကုန်မြို့ တက္ကစီယာဉ်မောင်း အသိုင်းအဝိုင်းထံက စုံစမ်း သိရှိရပါတယ်။

ယနေ့ မေ ၁၉ ရက် စက်သုံးဆီစျေးသည် ယမန်နေ့ မေ ၁၈ ရက် လက်လီ ဝယ်ယူဈေးထက် ကျပ် ၃ဝ ကျော်နှင့်အထက် မြင့်တက်လာပြီး ယခင် မေ ၁ ရက် လက်လီစျေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကျပ် ၂၅၀ ကျော်အထိ တစ်ရိပ်ရိပ် မြင့်တက်လာတာ ဖြစ်ပါတယ်။

ယနေ့ ရန်ကုန်မြို့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂,၂၁၀ ကျပ် (ယမန်နေ့ ၂,၁၈၀ ကျပ်)၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂,၂၈၀ (ယမန်နေ့ ၂,၂၃၅ ကျပ်)၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂,၂၂၅ ကျပ် (ယမန်နေ့ ၂,၂၂၅ ကျပ်)၊ ရိုးရိုး ဒီဇယ် တစ်လီတာလျှင် ၂,၂၀၀ ကျပ်(ယမန်နေ့ ၂,၂၀၀ ကျပ် ) တို့ဖြင့် ရောင်း ချပေးနေခြင်း ဖြစ်ပါတယ်။

အလားတူ မန္တလေးမြို့၌ ယနေ့ မေ ၁၉ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂,၂၁၅ ကျပ်( ယမန်နေ့ ၂,၂၂၅ ကျပ် ၊ အောက်တိန်း ၉၅ တစ်လီလျှင် ၂,၃၃ဝကျပ်( ယမန်နေ့ ၂,၂၈၀ ကျပ်) ၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂,၂၇၅ ကျပ်( ယမန်နေ့ ၂,၂၇၅ ကျပ်) ၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂,၂၄၅ ကျပ် (ယမန်နေ့ ၂,၂၄၅ ကျပ်) တို့ဖြင့် စျေးဖွင့် ရောင်းချ ပေးလျက်ရှိပါတယ်။

စက်သုံးဆီစျေး ရောင်းချမှုနှင့် ပတ်သက်၍ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်မှု ကော်မတီက နေ့စဉ် သတ်မှတ်ထားသော စျေးနှုန်းများထက် ပိုမိုရောင်းချပါက သတင်းပေး တိုင်ကြားနိုင်ကြောင်း မေလအစောပိုင်းက ထုတ်ပြန်ထားပါတယ်။

သို့သော် ယင်းကော်မတီသည် နေ့စဉ်ရောင်းချရမည့် စျေးနှုန်းများကို ပုံမှန် မထုတ်ပြန်သည့် အတွက် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ရောင်းချပေးနေသည့် စျေးနှုန်းများ အတိုင်း ဝယ်ယူနေရတာ ဖြစ်ပါတယ်။

“ကော်မတီအနေနဲ့ နေ့စဉ် မနက်တိုင်း အများပြည်သူ သိအောင် ထုတ်ပြန်စေချင်တယ်။ မထုတ်ပြန်တဲ့ အခါကျတော့ ဘယ်စျေးနဲ့ တရားဝင် ရောင်းချပါ ဆိုတာမျိုးလည်း မသိရတော့ ဆိုင်တွေက ပြောတဲ့ ရောင်းတဲ့ စျေးအတိုင်း ဝယ်နေရတာပေါ့။

ပြီးတော့ ဝယ်သလောက်လည်း အခုရက်ပိုင်း မရဘူး။ မနေ့ကဆိုရင် ဆိုင်သုံးဖို့ သွားဝယ်တာ၊ နှစ်သောင်းဖိုးပဲ ရောင်းလိုက်တယ်။ ကော်မတီ ဖွဲ့ထားတယ် ဆိုရင်လည်း အလုပ် လုပ်ပေါ့။

အခုဟာက ထုတ်ပြန်တစ်ရက် မထုတ်ပြန် တစ်ရက်နဲ့။ ပြီးရင် ထုတ်ပြန်ချက်ကို အများပြည်သူ သိနိုင်တဲ့ ပလက်ဖောင်း တစ်ခုခုကနေ နေ့စဉ် တင်ပေးနေရမှာ ” ဟု စားသောက်ဆိုင် ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

“ကျွန်မတို့ဒီနေ့ မီးစက် မောင်းဖို့ ဆီငါးသောင်းဖိုးသွားဝယ်တာ နှစ်သောင်း ဖိုးပဲရောင်းပေးတယ်။ ဒီရက်ပိုင်း မီးပျက်မှုတွေရှိနေတော့ အလုပ်အတွက် စက်သုံးဆီက မဖြစ်မနေဝယ်ရတယ်။ အရင်ရက်က ဝယ်ချင်သလောက်ရပေမယ့် ဒီနေ့ကျတော့ ဝယ်ချင်သလောက်မရပြန်ဘူး ” ဟု လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ဧပြီလကုန်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ စက်သုံးဆီဆိုင်အချို့ ပိတ်တဲ့ ပုံစံမျိုး ပြန်လည်ကြုံတွေ့ရနိုင်ပြီး စက်သုံးဆီ ပြတ်တောက်မယ့် သတင်းတွေ ပြန်လည်ထွက်ပေါ်လာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တဦးက ပြောပါတယ်။

ဧပြီလအတွင်းက ဖြစ်ပွားခဲ့သည့် စက်သုံးဆီခေတ္တပြတ်လပ်မှုဖြစ်စဉ်အတွင်း အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့တွင် ပြည်တွင်းလက်ကျန် ဓာတ်ဆီဂါလံ ၄၅ သန်းနှင့် ဒီဇယ် ၇ဝ သန်းရှိတာကြောင့် စက်သုံးဆီပြတ်လပ်မှု လုံးဝမဖြစ်နိုင်ကြောင်း ဧပြီ ၁၉ ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စက်သုံးဆီဈေးကွက်အတွင်း၌ နိုင်ငံခြားမှ တင်သွင်းနေသည့် အောက်တိန်းဓာတ်ဆီ 92 နှင့် 95 များ မလုံမလောက်ဖြစ်ကာ ပြတ်လပ်နေသဖြင့် တဆင့်ခံ အရောင်းဆိုင်များသာမက နိုင်ငံခြားမှ စက်သုံးဆီ တိုက်ရိုက်တင်သွင်းနေသည့် လက္ကားကုမ္ပဏီကြီးများ၏ ဆိုင်ခွဲများ၌ပင် အောက်တိန်းဓာတ်ဆီ 92 နှင့် 95 များ အရောင်းရပ်နားရမည့် အခြေအနေဖြစ်ပေါ်နေကြောင်း သတင်းရရှိပါတယ်။

ပြည်တွင်း၌ အောက်တိန်းဓာတ်ဆီများကို အကန့်အသတ်မရှိရောင်းချပြီး မကြာမီမှာပင် စက်သုံးဆီလက္ကားကုမ္ပဏီကြီးများမှာ ဆီမလုံမလောက်ဖြစ်လာသဖြင့် ကုမ္ပဏီအချင်းချင်း ချေးငှားခြင်း၊ ဝယ်ယူခြင်းများဖြင့် ဝေမျှရောင်းချပေးသည့်တိုင် စက်သုံးဆီပြတ်လတ်မှုမှာ ပိုမိုဆိုးရွားလာသဖြင့် ဆိုင်ခွဲများ၌ အရောင်းပိတ်ရသည်အထိ အခြေအနေဆိုးလာခြင်းဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရပါတယ်။

ကမ္ဘာ့စက်သုံးဆီဈေးနှုန်း ပုံမှန် ပြန်ဖြစ်ချိန်မှာ မြန်မာပြည်ရဲ့ စက်သုံးဆီဈေးနှုန်းက ကမောက်ကမဖြစ်နေဆဲ ဖြစ်ပြီး စီးပွားရေးပြိုလဲမှု၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ရှေ့ဆက်ပြီး စက်သုံးဆီတွေ ရှားပါးဈေးတက် နေဦးမှာ ဖြစ်တယ်လို့လည်း မှတ်ချက် ပြုသွားပါတယ်။ စက်သုံးဆီဆိုင်ရှေ့မှာ စောင့်နေတဲ့ ကားတန်းကြီး ပြန်ပေါ်လာမလား ဆိုတာကတော့…