မေ ၁၉ မှ မေ ၂၅ အထိ ၇ ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း

19.May.2022 မှ 25.May.2022 အထိတစ်ပတ်စာ ရရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီတစ်ပတ်အတွင်း သားသမီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ပူပန်ရတာအလုပ်များရတာမျိုးတွေကြုံရတတ်ပါ တယ်။ ရိုးအသူများသတိထားပါ။ ကိုယ်မသိတဲ့ နယ်ပယ်က အလုပ်ကိစ္စများကို တစ်ဖက်လူပြောတိုင်းမယုံလိုက်ပါနဲ့။ ဒီအပတ်က လူလိမ်ခံရလွယ်တဲ့ကာလဖြစ်လို့ပါပဲ။

အလုပ်စီးပွားနဲ့ပတ်သက်ပြီးတော့ ငွေကြေးကံအားကောင်းပြီး တော့ လုပ်ငန်းတွေချဲ့ထွင်နိုင်လိမ့်မယ်။ ပညာအား၊လူအားတွေနဲ့ကူညီမဲ့သူတွေပေါများတတ်ပါတယ်။ ကျန်းမာရေး အားနည်းတဲ့ မိသားစုဝင်ငွေ၊ မိမိဝန်ထမ်းတွေကို အကူအညီပေးရတတ်ပါတယ်။

စိတ်ချမ်းသာစရာများတဲ့ကာလဖြစ် တာမို့ စိတ်လဲ ကြည်လင်ပြီးတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ပါလိမ့်မယ်။ ဝန်ထမ်းများ လက်တွဲညီညီ လုပ်ကိုင်ခြင်းဖြင့် အလုပ်တိုးတတ်အောင်မြင်မဲ့ကာလပါပဲ။ လခစားဝန်ထမ်း များရာထူးတိုးခြင်း အသိအမှတ်ပြုခြင်း မျိုးခံရတတ်ပါတယ်။

ကျန်းမာရေးကတော့ နေကောင်းသက်သာရှိပါပြီ။ ရောဂါဝေဒနာခံစားနေရသူများ တဖြည်း ဖြည်းနဲ့ လျော့ပါးသက်သာခွင့်ရပါလိမ့်မယ်။ အိမ်ထောင်ရေးကံတော့ အနည်းငယ်ညံ့ဖျင်းနေတာ မျိုးတွေ့ရပါတယ်။

အချစ်ရေးကတော့ ချစ်သူကိုအချိန်မပေးနိုင်တာကြောင့် ချစ်သူရဲ့ ငြိုငြင်အပြစ်တင်ခြင်းခံရပါလိမ့်မယ်။ ပညာရေး အထူးကောင်းပါသည်။ မိမိရဲ့ကြိုးစားမှုသာပေါင်းထည့်လိုက် မယ်ဆိုရင် အတိုင်းထက်အလွန်ပါပဲ။

အကျိုးပေးဂဏန်း ၅/၂/၃

အထူးဟော စီးပွားတိုးတတ်မဲ့ကာလပါပဲ။

ယတြာ ပန်းသီးလေးတွေကို ပန်းကန်တစ်ချပ်ထဲ စိပ်ထည့်ပြီး ဘုရားကပ်လှူပေးပါ။

တနင်္လာ

ငွေကြေးနဲ့ပတ်သက်ပြီးအထွက်များနေတယ်ဗျ။ မိသားစုဝင်တွေအတွင်းမှာတော့ အိမ်နဲ့စိတ်ဆိုးပြီးဆင်းသွား တဲ့သူတွေကြုံရတတ်ပါတယ်။ တစ်ခုသိထားရမှာက ဇိမ်ခံပစ္စည်းတွေဝယ်မယ်ဆိုရင်တော့ဒီနေ့မှာ အနာအဆာပါတာ မျိုးတွေဖြစ်တတ်တာကိုတွေ့ရပါတယ်။

အလုပ်အကိုင်ကောင်းပေမဲ့ သူများအလုပ်တွေကိုတော့ ကူညီပေးရမဲ့ကာလ မို့ ပင်ပန်းရတတ်ပါတယ်။အသိမိတ်ဆွေများသူများ လူမှုရေးကိစ္စတွေလဲများပါလိမ့်မယ်။ တတ်နိုင်တဲ့အလုပ်တွေကို ငွေမျက်နှာမကြည့်ဘဲ လုပ်ပေးခြင်းဖြင့် ကံကောင်းမှုတွေပိုလာတတ်တဲ့ကာလပါပဲ။

ဒီကာလအတွင်း စက်ကား၊ယန္တရားနဲ့ပတ်သက်သောအလုပ်များ အဆင်မပြေတာတွေများနိုင်ပါတယ်။ စီးပွားရေးသမားများ ငွေတွေမြုပ်ပြီး ပြန်ဖော်ရခက်ခဲနေတတ်ပါတယ်။ ကျန်းမာရေး ကတော့ မိမိအနေနဲ့ ဒီကာလမှာ အရက် ပင်လယ်စာများ လက်သုပ်စုံများစားခြင်းတတ်နိုင်သလောက် ရှောင်ရှား စေချင်ပါတယ်။

အစားမှားခြင်းကြောင့် ရောဂါရလွယ်တဲ့ကာလမို့ပါပဲ။ တတ်နိုင်သမျှ စကားနည်းတာ ပိုကောင်း ပါတယ်။ သူများရဲ့အတွင်းရေးကိစ္စတွေကို အခြားတစ်ယောက်ဆီလက်ဆင့်ကမ်းပြော ပေးတာမျိုးရှောင်လိုက်ပါ။ အိမ်ထောင်ရေးကံအလွန်ကောင်း နေပါတယ်။

အိမ်ထောင်ဘက်က ဝတ္တရားကျေပွန်ပါ လိမ့်မယ်။ အချစ်ရေး အတွက်လဲ စိတ်ချမ်းမြေ့ရမဲ့ကာလပါပဲ။ ပညာရေးကံအားနည်းတာကြောင့် မိမိရဲ့ကြိုးစားမှုအပေါ်မှာအများကြီး မူတည်ပါတယ်။

အကျိုးပေးဂဏန်း 3/1/8

အထူးဟော အနည်းငယ်ပင်ပန်းရပါလိမ့်မယ်။

ယတြာ နီးစပ်ရာစေတီမှာ ညလုံးပေါက်လျှပ်စစ်မီးပူဇော်ဖို့ အလှူငွေထည့်ပါ။

အင်္ဂါ

ကံကောင်းတာက ကိုယ်စွမ်းကိုယ်စတွေကို များစွာထုတ်သုံးနိုင်လိမ့်မယ်။ကာယအား၊ဉာဏ်နအားတွေ ရှိလာလိမ့်မယ်။ဒါကြောင့်ပဲအလုပ်ထဲမှာစိတ်ရောကိုပါနှစ်ပြီးလုပ်နေမိတတ်ပါတယ်။ အလုပ်တစ်မျိုးမကလုပ်တဲ့သူဆို စိတ်ပင်ပန်း လူပင်ပန်းအလွန်ဖြစ်ရတတ်တဲ့ကာလပါပဲ။

ဒါကြောင့် entertainment တစ်ခုခုနဲ့စိတ်ကိုဖြေလျော့သင့်ပါတယ်။ အလုပ်ခွင်ထဲ ခွင့်ယူနေတဲ့သူအစား သူများအလုပ်တွေဝိုင်းကူပေးနေရတတ်ပါတယ်။ ကိုယ်ပိုင်အလုပ်များ လူကျတာကြောင့် ပင်ပန်းရတတ်ပါတယ်။

စက်ပစ္စည်းနဲ့ ရင်းနှီးလုပ်ကိုင်စားသောက်သူများ စက်ပစ္စည်းခဏခဏ ပျက်တာကြောင့်စိတ်ညစ်နေရတတ်ပါတယ်။ အောက်လက်ငယ်သားတွေကို မျက်နှာလွှဲထားလို့မရသေးပါဘူး။ ကျန်းမာရေးကတော့ ရောဂါကြီးကြီးမားမားမရှိပေမဲ့ အစာစားချင်စိတ်နည်းနေလိမ့်မယ်။

အားဆေးများ အာရုံကြောဆေးများ ဆရာဝန်နဲ့တိုင်ပင်ပြီးမှီဝဲသင့်တဲ့ကာလပါပဲ။ မတည့်တာတွေပဲစိတ်က စားချင်နေမိတတ်တယ်။အိမ်တွင်းရေးကတော့ အပူသောကများရတတ်ပါတယ်။ သားသမီး တူ တူမတွေကြောင့် ပူပန်မှုတွေများရတတ်ပါတယ်။

အချစ်ရေးကတော့ နှစ်ဖက်မိဘတွေကို မိမိတို့ရဲအနာဂတ် အတွက် တိုင်ပင်ဆွေးနွေးထားတာလေးတွေကိုဖွင့်ပြောသင့်ပါတယ်။ ပညာရေးကတော့ ပြောစရာမလို အောင်ကောင်းနေပါတယ်။ မိမိကသာပညာရေးအပေါ် အာရုံစိုက်ထားပါ။

အကျိုးပေးဂဏန်း 5/9/4

အထူးဟော စီးပွားရေးနဲ့ပတ်သက်တဲ့အကြံဉာဏ်ကောင်းတွေ လက်ခံရရှိပါလိမ့်မယ်။

ယတြာ ဘုရားရှင်အားပူရီတစ်ပွဲ ကပ်လှူဆုတောင်းပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း အိုးအိမ်နေရာသစ်မှာစတင်နေထိုင်ခြင်းမျိုးအထူးကောင်းပါတယ်။ မပြောင်းမရွှေ့နိုင်တဲ့ မြေခြံ၊အိမ်များဝယ်ယူမယ်ဆိုရင်…အဆင်ပြေမဲ့ကာလတွေပါပဲ။ ဒီလိုကာလမျိုးကအဘက်ဘက်က တိုးတတ်နိုင်ပါတယ်။မိမိကသာကြိုးစားနိုင်ဖို့လိုတာပါ။

လုပ်ချင်တာတွေ လုပ်ခွင့်ရမယ်။ အလုပ်အပ်နှံတာဝန်ပေးခြင်း အလုပ်အော်ဒါများများရခြင်းမျိုးကြုံရတတ် ပါတယ်။လုပ်ရင်လုပ် သလောက် အကျိုးများပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးများ အထူးအောင်မြင်တိုးတတ်မဲ့ကာလပါပဲ။

မိမိရဲ့ အပြင်းပြဆုံးဆန္ဒတွေပြည့်မြောက်မဲ့ကာလ တစ်ခုပါပဲ။ ငွေကြေးလာဘ်လာဘနဲ့ ပတ်သက်ပြီး အလုပ်ကနေဆုကြေးရတာမျိုး အထက်လူကြီး ထောက်ပံ့တာ မျိုးလဲကြုံရတတ်ပါတယ်။လူငယ်များဖခင်ထံမှမုန့်ဖိုးရတတ်ပါတယ်။

ကျန်းမာရေးကတော့မိမိအတွက် အကောင်းဆုံး ကာလပါ။ ဖြစ်နေတဲ့ရောဂါတွေကို ဒီကာလအတွင်း သမားတော်နဲ့ပြခြင်းဖြင့်မှန်ကန်နဲ့ အဖြေကိုရလာပါလိမ့်မယ်။ အနာနဲ့ဆေးတွေ့ခြင်း ဆရာကောင်း နဲ့တွေ့ခြင်းမျိုးလဲ ကြုံရမဲ့အချိန်ပါပဲ။

အလုပ်နဲ့ ပတ်သက်ပြီး စိတ်ညစ်စရာ ကြုံနေပါကဒီကာလအတွင်းဖြေရှင်းနိုင်ပါလိမ့်မယ်။အတွေးကောင်းစိတ်ကူးကောင်းတွေ ပေါ်လာတတ်ပါတယ်။ ရေရှည်စီမံကိန်းများလဲချမှတ်လို့အလွန်ကောင်းပါတယ်။

အိမ်သစ်ဆောက်ခြင်း ဆိုင်သစ်ဆောက်ခြင်းမျိုး ဒီကာလ မှာစလို့သင့်ပါတယ်။ အချစ်ရေးကတော့ ချစ်သူနဲ့အနေဝေးနေရပါလိမ့်မယ်။ အိမ်ထောင်ရေး သာယာမှာပါ။ ပညာရေးကတော့ အကောင်းဆုံးအချိန်ပါပဲ။ Target ထားပြီးကြိုးစားစေချင်ပါတယ်။

အကျိုးပေးဂဏန်း ၁/၆/၉

အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။

ယတြာ မိမိအိမ်မှာရှိတဲ့ အသက်အကြီးဆုံး အိမ်သားတစ်ဦးကို တစ်ခုခုလက်ဆောင်ပေးလိုက်ပါ

ကြာသပတေး

စိတ်ချမ်းသာမှုတွေကိုဦးစားပေးလိုက်ပါ။ဒါမှလဲပျော်စရာတွေများနေပါလိမ့်မယ်။ ငယ်သူငယ်ချင်း တွေနဲ့ ပြန်လည်ဆုံတွေ့ပြီး ပျော်စရာအချိန်တွေကို ဖန်တီးလိုက်ပါ။ ပျော်ရွှင်မှကံကောင်းနိုင်တဲ့ကာလဖြစ်လို့ပါပဲ။

လူမှုအကျိုးဆောင်အလုပ်များ သာရေးနာရေးကိစ္စများတွင် စိတ်ပါဝင်စားစွာလုပ်ကိုင်ပေးရ တတ်ပါတယ်။ ငွေကံက အထူးကောင်တယ်။ ထိုဝင်ငွေစီးကြောင်းလေးပိတ်မသွားဖို့က အသင်းအဖွဲ့ငွေတွေ လက်ခံ ထားတာမျိုး ခဏသိမ်း ပေးထားတာမျိုးမလုပ်မိပါစေနဲ့။

ထီဝါသနာပါသူများ ထီကံစမ်းသင့်ပါတယ်။ ကြာသပတေး သားသမီးနဲ့စပ်တူ ထိုးနိုင်ရင်ပိုကောင်းပါတယ်။ ကျန်းမာရေးကတော့ စိတ်ချမ်းသာရာရမဲ့အချိန်ပါပဲ။ အနည်းငယ် ဂရုစိုက်ရမှာ ကတော့ဝမ်းပျက်ဝမ်းလျှောစေမဲ့အစားအသောက်မျိုးအထူးရှောင်စေချင်ပါတယ်။

ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ စတင်ရင်းနှီးမြုပ်နှံခြင်းများအထူးပဲကောင်းပါတယ်။ မိတ်ကောင်းဆွေကောင်းတွေတိုးပါလိမ့်မယ်။ အချစ်ရေးကံအကောင်းဆုံး ကာလပါပဲ။

ချစ်သူမရှိသေးသူများ ချစ်သူသစ်ရပါလိမ့်မယ်။ချစ်သူရှိပြီးသူများ ချစ်သူနဲ့ပျော်စရာအချိန်လေး တွေကို ဖန်တီးနိုင်ပါလိမ့်မယ်။ အိမ်ထောင်ရေးမှာ စိတ်ဖိစီးမှုများနေတဲ့ အိမ်ထောင်ဘက်ကို နှစ်သိမ့်ပေး ဖို့လိုပါတယ်။ ပညာရေးက မိမိကိုယ်တိုင် စိတ်ဝင်စားနေမဲ့ကာလပါပဲ။ဒါကြောင့်ကြိုးစားသလောက်ထွန်းပေါက်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၂/၅/၄

အထူးဟော လွတ်လပ်ပျော်ရွှင်စရာ အချိန်ပါပဲ။

ယတြာ ဂန္ဓမာပန်းကပ်လှူပေးပါ။

သောကြာ

ဒီကာလအတွင်း အနည်းငယ်တော့ အလုပ်တွေများရတတ်ပါတယ်။ပျော်စရာတွေ စိတ်ညစ်စရာတွေ တစ်လှည့်စီခံစားနေရမဲ့ကာလပါပဲ။ ငွေကြေးလည်ပတ်မှုကောင်းနေမဲ့ကာလပါပဲ။ ငွေကိုကောင်းကောင်း ခိုင်းနိုင်ဖို့လိုပါတယ်။

စိတ်ညစ်စရာစိတ်အလိုမကျစရာတွေကိုခေါင်းထဲရင်ထဲ ထည့်ထားသူကတော့ တစ်ပတ်လုံး စိတ်ညစ်နေရမှာပါ။သူများပြောစကားမှာလမ်းမဆုံးပါနဲ့။မိမိကိုယ်တိုင်စဉ်းစားပါ။ အလုပ်ထဲမှာ စိတ်အလိုမကျ စရာတွေ၊အမြင်မတော်တာတွေ တွေ့ရင်လဲအပြစ်မတင်ဘဲသည်းခံနေလိုက်ပါ။

ကျန်းမာရေးကတော့ အားနည်း နေပါတယ်။အိပ်ရေးပျက်မခံသင့်သလို သွေးအားနည်းရင်လဲဆေးထိုးဆေး သောက်လုပ်သင့်ပါတယ်။ ဆေးမြီးတိုနဲ့ ကုသခြင်း မျိုးရှောင်ရမဲ့ကာလပါပဲ။ အောက်လက်ငယ်သားကြောင့်မိမိဒုက္ခ ရောက်တတ်ပါတယ်။

အရေးကြီးတဲ့ ကိစ္စများ မိမိကိုယ်တိုင်လုပ်ပါ။ ငွေ ကြေးနဲ့ပတ်သက်ပြီးတော့ လက်မလွယ်မိဖို့လိုအပ်ပါတယ်။ သူခိုးခိုးခံရတာမျိုး၊ပစ္စည်းများမေ့ကျန်ကျပျောက်တာမျိုး တွေလဲအလွန်ပဲဖြစ်တတ်ပါတယ်။ ပွဲလမ်းသဘင်များ၊လူရှုပ်တဲ့နေရာများကိုသွားရင် သတိထားဖို့လိုပါတယ်။

အချစ်ရေးမှာအနည်းငယ်ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ချစ်သူရဲ့ ယုံကြည် မှုကို အခွင့်ကောင်းမယူမိပါစေနဲ့။ အိမ်ထောင်ရေးကတော့ အနည်းငယ်စကားများရတတ်ပါတယ်။ ပညာရေးကံ မကောင်းသေးပါ။ မိမိကိုယ်တိုင် ဉာဏ်ဝီရိယစိုက်ထုတ်ရပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၆/၄/၅

အထူးဟော ကံအနည်းငယ်ညံ့နေမည်။

ယတြာ နီးစပ်ရာစေတီမှာ ရွှေထီး ရလက်လှူဒါန်းလိုက်ပါ။

စနေ

အောင်မြင်ထွန်းပေါက်မဲ့ကာလပါပဲ။ ထိုသို့ဖြစ်ဖို့ကလဲ အတိုက်အခံတွေအများကြီးကျော်ဖြတ်ရပါလိမ့်မယ်။ မိမိအောင်မြင်မှုကို မနာလိုသူတွေက မိမိအမှားကိုစောင့်နေတတ်ပါတယ်။ နေရာထိုင်ခင်ကိစ္စများ၊အိုးအိမ်ကိစ္စများ၊ အမွေကိစ္စများနဲ့ပက်သက်ပြီး အဆင်မပြေဖြစ်ရတတ်ပါတယ်။

မိမိဒုက္ခခံပြီး ကြိုးစားထားတဲ့ အသီးအပွင့်တွေစတင် ခံစားခွင့်ရပါလိမ့်မယ်။ မိမိလိုချင်တဲ့ နေရာလေးတစ်ခုရပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးများ အတိုက်အခံနဲ့တိုးတတ် ပါလိမ့်မယ်။

ငွေရွှင်ပါလိမ့်မယ်။ငွေကြေးချေးငှားခြင်း၊အကြွေးတောင်းခြင်းကိစ္စများလဲ ဆောင်ရွက်နိုင်ပါတယ်။ မိန်းမကိစ္စမရှုပ်မိပါစေနဲ့။ onlineနေချစ်ကြပြီးအပြင်မှာမတွေ့ဘူးသေးတဲ့သူနဲ့ချိန်းတွေ့တာမျိုးသတိထားပါ။ ထောက်ချောက်ဖြစ်တတ်ပါတယ်။ ကျန်းမာရေးကို အနည်းငယ်ဂရုစိုက်ရလိမ့်မယ်။

နလန်ထခါစလူတစ်ယောက်လို အနည်းငယ်နုံချိချိ ဖြစ်နေတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများများလုပ်ပေးပါ။ ယင်နားစာများ မစားမိပါစေနဲ့။ အချစ်ရေးကတော့ မိမိကိုတကယ်မချစ်ဘဲ လိုချင်တာတစ်ခုကြောင့်ချဉ်းကပ်တာမျိုး ကြုံရတတ်ပါတယ်။

အိမ်ထောင်ရေးအတွက်အနည်းငယ်စိတ်ညစ် စိတ်ရှုပ်ရတတ်ပါတယ်။ပညာရေးကတော့ သင်ယူခြင်းထက်မိမိက ပြန်လည်သင်ပြခြင်းအပိုင်းမှာ ပိုမိုအောင်မြင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ဝ/၁/၇

အထူးဟော ရန်များတတ်တဲ့ကာလပါပဲ။

ယတြာ အိမ်ကဘုရားဆောင်ကို သန့်ရှင်းရေးလုပ်ပေးလိုက်ပါ။

ရရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ Credit- ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695