မနက်စာ သွားစားမလို့…ကားပေါ်က အဆင်း…သားရေ လို့ခေါ်လို့ လှည့်ကြည့်မတဲ့အခါ…..

ရေလေး သောက်ချင်လို့ပါ…သောက်ပြီသား ဗူးလေး ပေးပါလား

မနက်စာ သွားစားမလို့…ကားပေါ်က အဆင်း…

သားရေ…အဖိုး ရေဆာလို့…ရေသောက်ချင်လို့ပါ

ဗျာ…(ရုတ်တရက် ကြောင်သွားတယ်)

သားဆီမှာ သောက်ပြီသား ရေဗူးလေးများရှိရင်…အဖိုးကို ပေးပါ သောက်ချင်လို့ပါ

ဟုတ်…ဟုတ် အဖိုး ကားပေါ်မှာ ရေသန့်ကဒ်ပါတယ်…သား ယူပေးမယ်နော်…ခဏ ထိုင်ပါအုံး

ရော့ အဖိုး…ရေဗူး ဗျ (အားရပါးရ သောက်ရှာတယ် ရေအရမ်းဆာနေပုံပဲ)

အဖိုး အသက် ဘယ်လောက်ရှိပြီလဲ??

အသက် (၉၀)ပါ သားရယ်

ဟာ အတော်ကြီးနေပြီ…သားသမီးတွေကော ??

ရှိပါတယ်…သူတို့က အဝေးမှာဆိုတော့ အဖိုးဘာသာပဲ အလှူခံ ရှာစားတယ် သားရယ်

အဖိုးက အသက်ကြီးနေပြီလေ…တူတူ သွားနေသင့်တယ်နော်

သူတို့ကိုလဲ အပူတွေ ဒုက္ခတွေ မပေးချင်လို့ပါ သားရယ်

ဒါဆို အဖိုး…ရိပ်သာမှာ နေမလား…သားတို့မှာ ရိပ်သာတွေ ရှိတယ်

အဖိုး နေလဲ နေချင်တယ်…နေလဲ မနေချင်ဘူး သားရယ်…အဖိုးက လွတ်လပ်နေချင်တဲ့သူဆိုတော့…ဇဝေဇဝါဖြစ်နေတာပါ

အဖိုးက တချိန်က ချမ်းသာတယ်…ကံကြမ္မာက ပြောမရဘူး…ခုတော့ ဒီဘဝရောက်သွားတာပါ သားရယ်

ဟုတ် အဖိုး…ဒါဆို အဖိုး ရိပ်သာနေချင်ရင် ဒီကဒ်ပေါ်က ဖုန်းကို ဆက်နော်…သား လာခေါ်မယ်နော်

ပြီတော့…ရော့ အဖိုး (50,000) Ks… အဖိုး စားချင်တာ စားဖို့ပါ

ကျေးဇူးပါ သားရယ်…အဖိုး ထမင်းပေါင်းသိပ်ကြိုက်တာ…ထမင်းပေါင်းလေး ဝယ်စားမယ်

ဟုတ် အဖိုး…စားနော်…စားချင်တာ အကုန်ဝယ်စားနော်

(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ 🙏🏻🙏🏻🙏🏻)

•အော…ထမင်းပေါင်း စားချင်တာတဲ့ ဗျာ…ဒီအသက်ရွယ် တခါတလေမှ စားချင်စိတ်ပေါ်တာ…စိတ်ပေါ်တဲ့ အချိန်လေးတောင် စားဖို့ခက်ခဲနေကြတဲ့ အဖိုးအဖွားတွေ အများကြီးပါလား

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

ကိုပူတူးနှင့်ဘော်ဒါများ

☎ 09-5408437