အရမ်းချမ်းလို့ပါ…အရိပ်လေးတခုအောက် နေပါရစေ

အရမ်းချမ်းလို့ပါ…အရိပ်လေးတခုအောက် နေပါရစေ

အင်းစိန်ဘက်မှ ညီမ(၁)ယောက်မှ ဖုန်းဆက်လာပါတယ်…..

အကိုရေ….. ညီမတို့နားမှာ အဖိုး (၁)ယောက်ကို ညနေပိုင်းလောက်က လာပစ်သွားတယ်

ဟာ…ဟုတ်လား…ဘယ်အရွယ်လောက်လဲ ဗျ??

ဟုတ်တယ် အကိုရယ်…မိုးရေထဲ အရမ်းသနားဖို့ကောင်းတာပဲ…အသက် (၅၀)လောက်ရှိပြီ အကို

ဟုတ် ကျနော်…လာခဲ့မယ်ဗျာ

ကျေးဇူးတင်ပါတယ် အကိုရယ်…ကယ်ပေးပါနော်..

ရောက်သွားတော့……

အဖိုးရေ…အဖိုးရေ…ခေါ်တော့(မိုးတွေကရွဲနေရော )

စကားတောင် တိုးတိုးလေးပဲ ပြန်ပြောတယ်…..

(မနည်းနားထောင်ရတယ် 🥺)

ကိုယ်ကြားလိုက်တဲ့…စကားလေး(၁)ခွန်းက

အရမ်းချမ်းလို့ပါ…..အရိပ်လေး တခုအောက် နေပါရစေ တဲ့….

ရင်ထဲ အတော်ထိသွားတယ်…

ဟုတ်ပြီ အဖိုး…ကျနော် ကယ်မယ်ဗျာ…ရေစိုနေတဲ့ အဝတ်တွေ အရင်လဲကြမယ်နော်…ပြီရင် ဆေးရုံသွားကြမယ်…ဆေးကုရမယ်နော်

•အော…..ကျနော်တို့တွေ မိုးရွာလို့…ခြေထောက်စိုရင်တောင် မနေနိုင်တတ်တာ…ခု အဖိုးဆို တကိုယ်လုံး စိုနေတာ ဘယ်လောက်ချမ်းနေမလဲ

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

#ကိုပူတူးနှင့်ဘော်ဒါများ

☎ 09-5408437

unicode



















☎ 09-5408437