သမီးမိုက်မဖြစ်စေနဲ့ ( အရမ်းကောင်းလို့ဖတ်စေချင်)












Credit

စာဖတ်မပျင်းပါနဲ့ .ဖတ်ကြည့်စေ ချင်ပါတယ် ။ ညီမေလး တို့ရေ ဆင်းရဲတဲ့ လင်မယား ၂ ယောက်မှာ စာတော်တဲ့ သမီးလေး ရှိတယ် ၊ တစ်နေ့ သမီးလေးဟာ အတန်းတင် စာမေးပွဲမှာ ပထမ ရတယ် ။

အေဖဟာ ဝမ်းသာလွန်း လို့ လိုချင်တာဝယ်ပေးမယ် ပြောတယ် ။သမီးလေးဟာ သိပ်လိုချင်ခဲ့ပေမဲ့ အေဖမွာ ပိုက်ဆံ မရှိမှန်းသိလို့ မပူဆာခဲ့တဲ့ အဝတ်အစား တစ်စုံကိုလိုချင်တယ်လို့ ပြောလိုက် တယ် ။

နောက်တစ်နေ့မှာ အေဖဟာ သမီးလေး လိုချင်တဲ့ အဝတ္တစ္စုံကို ပေးလိုက် တယ် ၊ သမီးလေးဟာ ဝတ်ကြည့်ပြီး မှန်ရှေ့မှာ ပျော်လို့ ၊ အေဖ ကလည်း သမီးလေးကို ကြည့်ပြီး ပျော်လွန်းလို့ မျက်ရည် စို့နေရှာ တယ် ၊ မပျော်နိုင်သူက အေမပါ ။

ညရောက်တော့ အေမက သူ့ယောက်ျားကို မေးတယ် ၊ ပိုက်ဆံ ဘယ်ကရသလဲပေါ့? ဆေးရုံ တစ္ခုမွာ ငါ့ သွေးဖောက်ရောင်းလိုက်တာတဲ့

ဒီလိုနဲ့ သမီး ၁၀ တန်းကို ဂုဏ္ထူး အများကြီး ရပြီး အောင်သွားတယ် ၊ ဆေး တက္ကသိုလ် တက်ဖို့ အေဖ့မွာ ပိုက်ဆံ မရှိမှန်း သိလို့ မပူဆာ ပါဘူး ၊ တစ်ပတ် လောက်ကြာတော့ အေဖက ပိုက်ဆံတွေ ထည့်ထားတဲ့ လွယ်အိတ်ကြီး ကို ပြပြီး သမီးမပူနဲ့ ၊ အေဖ့မွာ ပိုက်ဆံတွေ အများကြီးရှိတယ် ၊

သမီး ဆရာဝန် ဖြစ်တဲ့ထိ လုံလောက် ပါတယ်တဲ့ ။သမီးလည်း ဝမ်းသာလွန်းလို့ ထ ကနေတယ် ၊ အေဖ ခမျာလည်း သမီးကို ကြည့်ပြီး ပျော်လွန်းလို့ ပါးပြင် ပေါ်မှာ မျက်ရည်တွေနဲ့ ၊ မပျော်နိုင်သူက အေမပါ ။

ညကျတော့ အေမက သူ့ယောက်ျားကို မေးတယ် ၊ ဒီ လောက်များတဲ့ ပိုက်ဆံ ဘယ်လိုရလာသလဲပေါ့ ? တစ်လောက ငါ့ကျောက်ကပ် ၂ ခုထဲက တစ္ခု ကို ရောင်းလိုက်တယ်တဲ့ ၆ နှစ်ကြာ သွားပြီး ၊ အေပ်ာ်ဆုံး နဲ့ ဂုဏ်အယူ ရဆုံးနေ့ ၊ သမီးလေး ဆေးကျောင်းအောင် သွားပြီး ၊ အိမ်ပြန်လာတော့မယ် ၊ တဲအိမ်လေးကို အကောင်းဆုံးပြင်ထားတယ် ။

အိမ်ရှေ့မှာ မြင်းလှည်းတွေ ရပ်သံ ကြားရတယ် ၊ လင်မယား နှစ်ယောက်စလုံး ဝမ်းသာအားရ ပြေးထွက်လာတယ်ဟုတ်ပါတယ် ၊ သမီးလေး ပြန်လာတာပါ ၊

ဒါပေမဲ့ အသက်ရှင်လျှက် မဟုတ်ပါ ၊ ပိတ်ဖြူအုပ်ထား တဲ့ သမီးလေးရဲ့ ရုပ်အလောင်းလာပို့တဲ့ သူတွေထဲက လူကြီး တစ်ယောက်က ပြော တယ် ၊ သူတို့ သမီးလေးဟာ သူ့ရည်းစားပစ်သွားလို့ မနေ့ညက အဆိပ်သောက် သတ်သေသွားတယ်တဲ့ ။

စဉ်းစားစရာ အတွေးလေးပေးလိုက်ပါတယ်ဗျာ ။ မိမိကို မနှစ်သက် လို့ စွန့်ခွာ သြားသူ အတွက် အသက် ပေးသင့် သလား ?

မိမိ အတွက် အနစ္နာခံ ခဲ့သူတွေ အတွက် အသက်ပေးဖို့ မသင့် ဘူးလား ?

Credit