“မိန်းခလေးတိုင်း ဖတ်ဖို့”

(1) မိန်းကလေးဆိုတာ အချိန်တိုင်းမှာ အမြဲတမ်း မသန်မာနိုင်ဘူး…တစ်ခါတစ်လေကျရင် အခန်းထောင့်လေး တစ်နေရာ မှာ ငိုခွင့်ရှိတယ်။

(2) ”ခေါင်းကိုမတ်ထား ရင်ကိုကော့ထား” စိတ်ဓာတ်ကို မြင့်မြင့်ထားပြီး သတ္တိရှိရှိသန်မာပြလိုက်စမ်း။ မင်းဟာ မင်းကမ္ဘာရဲ့ ရေမြေ့အရှင်သခင်ဖြစ်တယ်…ဘယ် ဘဝမုန်တိုင်းမှ မင်းကမ္ဘာကို မရိုက်ခတ်စေနဲ့…မဖျက်ဆီးစေနဲ့။

(3) ပြောင်းလဲမှုဆိုတာ ခက်ခဲတယ်။ ဒါပေမဲ့ ပြောင်းလဲမှုကို မကြောက်နဲ့ တစ်ခါတစ်လေ ဆံပင်အရှည်လေးထက်စာရင် ဆံပင်အတိုလေးနဲ့က ပိုလိုက်ဖက် နေတတ်တယ်။

(4) စာဖတ်ပါ… စာကို ရာသီဥတုကြောင့် ဆိုပြီး မဖတ်ပါနဲ့…နေရာဒေသ အချိန်မရွေးဖတ်ပါ…စာဖတ်တဲ့ မိန်ကလေးတွေ ဟာ သူများထက် ပိုပြီး ထက်မြက်တယ်…ရင့်ကျက်လွယ်တယ်။

(5) make-up ထူူထူလိမ်း brandတွေဝတ်မှ လှတယ်ဆိုတာ ခဏတာပါ။ စိတ်နေစိတ်ထားကို တန်ဆာဆင်ပြီး လှပစေတာက တစ်သက်တာပါ… စိတ်သဘောထားပြည့်ဝတဲ့ မိန်းကလေးရဲ့အလှဟာ ပို၍ကြာရှည် ခံတဲ့အရာပါ။

(6) မပြောင်းလဲချင်သူကို သွားပြီး မပြောင်းလဲချင်နဲ့… ခွင့်လွှတ်မှုကို အလွဲသုံးစား လုပ်သူကို အခွင့်ရေး ထပ်မပေးနဲ့။

(7) အချစ်ရေးမှာ စိတ်မပျော့ပါနဲ့…ကိုယ့်နှလုံးသားမနေချင်တဲ့ အရပ်ကို နောက်ပြန် ကျောခိုင်းလိုက်ပါ…အဝေးဆုံးကို ထွက်ခွာလိုက်ပါ… ကိုယ့်နှလုံးသားကို အယုံသွင်းတဲ့ စကားလုံးတွေနဲ့ ထပ်ခါ ထပ်ခါ မနာကျင်စေပါနဲ့။

(8) ကိုယ့်ကိုယ်ကိုယ် လိမ်လည် မလှည့်စားပါနဲ့…အမှားကို သတ္တိရှိစ္စာ ဝန်ခံပါ… ရင်ဆိုင်ပါ…စကားလုံးတွေသုံးပြီး အကြောင်းပြချက်မပေးပါနဲ့။

(9) အတိတ်ဆိုတာ ပြီးဆုံးခြင်းဆိုတာကို လက်ခံပါ…သွားပြန်လှန်မကြည့်ပါနဲ့…ပြန်၍ ပိုင်းခြား စိတ်မဖြာပါနဲ့… ပူဆွေးနောင်တမရပါစေနဲ့ ပြီးဆုံးခြင်းတွေဟာ နာကျင်စေတာပဲ အဖတ်တင်နိုင်လို့ပါ။

(10)လုံးဝမရနိုင်တဲ့ အရာကို လိုချင်တယ်ဆိုရင်.… လုံဝ မလုပ်ဖူးတဲ့ အရာကို လုပ်ရလေ့မယ်…အမြင့်ရောက်ချင်လျှင် အကျတော့ခံနိုင်ရမယ်… မိန်းကလေးဆိုပြီး ပျော့ညံ့နေလို့ မရဘူး။

(11) ကိုယ့်ကိုယ် လုပ်နိုင်တယ်ဆိုပြီး အားပေးပါ…ဘယ်လောက်ခက်ပြီး ဘယ်လောက်ကြမ်တမ်းပါစေ…ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လုပ်နိုင်ဖို့ပဲလိုတယ်။

(12) လဲကျတယ် ရှုံးနိမိ့တယ်ဆိုတာ မတော်တဆဖြစ်တယ်… ဒါပေမဲ့ အရှုံးနွံထဲကနေ ရုန်ထွက်ခြင်း မထွက်ခြင်းကတော့ မိမိရွေးချယ်မှု ဖြစ်တယ်။

(13) ဆိုးတာပဲဖြစ်ဖြစ် ကောင်းတာပဲဖြစ်ဖြစ် ဒီလမ်းက ကိုယ်နဲ့ မသက်ဆိုင်တော့ဘူးဆိုရင် ယောင်လို့တောင် ပြန်လှည့်မကြည့်ပါနဲ့။

(14′)သန်မာသော မိန်းကလေးဆိုတာ သူမစိတ်ကို ခံစားစေအောင်လုပ်တဲ့ အရာတွေကို သူ့ဘာသာပဲ အလိုလိုရပ်ဖို့ကြိုးစားတယ်။ သူမဟာ အဲ့လိုခံစားချက်တွေကိုကိုယ့်စိတ်ခန္ဒာကိုယ်မှာရောနှောပြီး ထမ်းပိုးမနေစေဘူး။ သူမက အဲ့ဒီအရာတွေကို ကိုယ့်ဆီက အဝေးဆုံးကိုပဲ ထွက်သွားအောင်ပဲ လုပ်စေတယ်။

(15)သင် အရမ်းမချော အရမ်းမလှလည်း ရတယ်…ဒါပေမဲ့ ကိုယ့်အတွက် လိုအပ်တဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ သင့်တယ်တဲ့ အလှပရှိရင် ကျေနပ်ဖို့လိုတယ်။

(16)ကိုယ်ရဲ့ချောမောလှပမှုအောက်မှာ အသိညဏ်ဆိုတာ ပေါင်းထပ်ထားရမယ်…ဒါမှ သိပ်လှတဲ့ မိန်းကလေးဖြစ်မယ်။

(17)မိန်းကလေးဆိုပြီး ပျော့ညံမနေရဘူး မိန်းကလေးတစ်ယောက်လို မဟုတ်ပဲ လူတစ်ယောက်လို ရှင်သန်ရမယ်…ရဲရင့်ရမယ် သန်မာရမယ်။

(18) မိမိမှာ ဦးနှောက်ရှိတာနဲ့ညဏ်ရည် မြင့်တာကို ကောင်းကောင်းကြီး ခွဲခြားတတ်ရမယ်…ဒါမှသာ ဘဝဆိုတဲ့ သက်တမ်းတိုတစ်ခုမှာ ကြုံလာတဲ့ လောကဓံတွေကို အကောင်းဆုံး ကြံ့ကြံ့ခံပြီး ဖြတ်သန်းနိုင်မယ်။

(19) တန်ဖိုးကြီးတဲ့ အသုံးအဆောင်တွေသုံး…ဘယ်လောက်ပဲ လှအောင်ပြင်ပြင်…ဒါတွေက ခဏတာပဲဖြစ်တယ်။ စိတ်ရင်း စိတ်နေကောင်းပြီး စိတ်သဘောထားပြည့်ဝမှုကသာ ကြာရှည်ခံတဲ့ တစ်ကယ့်အလှ ဖြစ်တယ်။

(20) တစ်ခါတစ်လေမှ ဘာမှသိချင်ယောင်ဆောင်ပါ…ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ဘာမှမသလို တုံးတိတုံးအ နေတတ်ကြတယ်။

(21) စိတ်ညစ်နေရင်ပဲဖြစ်ဖြစ် ဝမ်းနည်းရင်ပဲဖြစ်ဖြစ် မျက်နှာကြီးကို ရှုံ့မဲ့မထားနဲ့… သင့်အပြုံးဆိုတာ သိပ်လှတဲ့ ဘာသာစကားပါ။

(22) သူ့ပုံစံကို ကိုယ် ကြည့်မရသလို ကိုယ့်အသွင်ပြင်ကိုလည်း သူက နှစ်သက်ချင်မှ နှစ်သက်လေ့မယ်။ ဘယ်တော့မှ ပုံသေ မတွက်ထားနဲ့ လူတိုင်းက သင့်ကို မနှစ်သက်နိုင်ဘူး။

(23) ကိုယ့်အားကိုယ်ကိုးဖို့ အမြဲတမ်းကြိုးစားပါ…ငွေရေးကြေးရေးမှာပဲဖြစ်ဖြစ် အခက်ခဲတွေ ကြုံတွေ့တာပဲဖြစ်ဖြစ် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ပါစေ။

(24) သင် သိထားရမယ် မိန်းကလေးတွေ အမြဲတမ်း လုပ်တဲ့အမှားက ” သူပြောင်းလဲသွားပါမှာ “ဆိုပြီး စဉ်းစားပေးခြင်းဖြစ်တယ်။

(25) အားလပ်ချိန်မှာ စာဖတ်ပါ…စာဖတ်ခြင်းဖြင့် မိမိကိုယ်ကိုယ် ရင့်ကျက်သန်မာစေပါ။

(26) မိဘနေရာရောက်မှ မိဘကျေးဇူးသိသူ မဖြစ်ပါစေနဲ့…အနားမှာ ရှိတုန်းမှာ ဂရုစိုက်ပါ…ကျေးဇူးသိပါ။

(27) နှလုံးသားကို ကြီးကြီးထားပါ။ ရင်ခွင်ကို ကျယ်ကျယ်ထားပါ။ မနာလိုဝန်သိုမှုလျော့ပါ။ ရည်မွန်အောင် ကြိုးစားပါ။ ရှင်သန်ခြင်းကို ချစ်ပါ။

(28) ကိုယ့်ကိုယ် မချစ်ခင် မနှစ်သက်လို့ ထွက်သွားတာ သူ့ကိစ္စဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပျော်ရွင်အောင် နေရမှာက ကိုယ့်ကိစ္စဖြစ်တယ်။

(29) ကိုယ်ရဲ့ ထက်မြက်မှုအောက်မှာ မာနကို ချိုးနှိမ်တတ်ဖို့လိုသလို စိတ်ထားဖြူစင်တတ်မှု အောက်မှာလည်း သဘောထားကြီးမားတတ်ဖို့လိုတယ်…ဒါမှတစ်ကယ်တော်ပြီး ထက်မြက်တဲ့ မိန်းကလေး ဖြစ်မယ်။credit – Thi Ha

Unicode