zawgyi
17-5-2022
#ထူးဆန်းသောလူနာ
ခါးမှာပတ်ထားတယ်
ဘာလို့လဲမေးတော့
unicode
17-5-2022
#ထူးဆန်းသောလူနာ
ကျိုက်ထိုမြို့နယ်ကတောရွာလေးတစ်ရွာမှာနေတဲ့ကိုယ်ဝန်ဆောင်မိခင်တစ်ဉီး
ယနေ့ခွဲစိတ်မွေးဖွားမှာဖြစ်လို့ခွဲခန်းထဲသွင်းလိုက်တယ်
ထုံဆေးထိုးဖို့အင်္ကျီလှန်လိုက်တဲ့
အချိန်မှာတွေ့လိုက်ရတာကအလွန်
ထူးဆန်းသောအမဲရောင်ကြိုးလေးတစ်ချောင်း
ခါးမှာပတ်ထားတယ်
ကြိုးမှာနှစ်လက်မခြားပြီးအထုံးလေးတွေလုပ်ထားတာတွေ့တယ်
ခွဲစိတ်ကုသချိန်မှာခန္ဓာကိုယ်မှာပြင်ပအရာတတ်နိုင်သမျှဖယ်ရှားထားရပါတယ်
ကြိုးကိုဖြေခိုင်းလိုက်ချိန်မှာ
လူနာဟာရုတ်တရက်တုန်လှုပ်သွားပြီးအာ့ကြိုးလေးကိုမထိပါနဲ့ဆရာတဲ့
ဘာလို့လဲမေးတော့
သမီးကသိုက်ကလာတဲ့သူမို့အာ့ကြိုးကိုဖြုတ်လိုက်ရင်သမီးကိုသိုက်လာပြန်လာခေါ်လိမ့်မယ်ဆရာတဲ့
ကျေးဇူးပြု၍အာ့ကြိုးလေးမဖြုတ်ပဲခွဲစိတ်ပေးပါဆရာရယ်ဆိုပြီတောင်းပန်ရှာတယ်
ခွဲစိတ်ရမည့်နေရာနဲ့မလွတ်မှာစိုးလို့
ကြိုးကိုမဖြုတ်ပါဘူးလည်ပင်းမှာခဏပတ်ပေးထာမယ်
ပြီးရင်ခါးမှာပြန်ပတ်ပေးမယ်ဆိုပြီးချော့ချော့မော့မော့လေးပြောလိုက်ရတယ်
သမီးသိုက်ကလာတယ်လို့ယုံကြည်လားမေးကြည့်တော့ယုံကြည့်တယ်ဆရာတဲ့
နတ်ဆိုင်းသံကြားရင်သမီးကအလိုလိုကြက်သီးထပြီးလှုပ်ရွရွ့ဖစ်လာတာခဏခဏပဲတဲ့
သူပြောပြတဲ့အရာအားလုံးမှာမှန်မမှန်မပြောနိုင်ပေးမဲ့သူ့ရဲ့ယုံကြည်မှုကိုမပယ်ဖျက်ပါဘူး
ခွဲစိတ်မှုပြီးတော့သူယုံကြည်တဲ့ကြိုးလေးကိုသူ့ရဲ့ခါးမှာပြန်ပတ်ပေးလိုက်ရတယ်
ထူးဆန်းတဲ့နေ့တစ်နေ့ပါပဲ
မြို့နယ်ကျန်းမာရေးဉီးစီးဌာန
ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ
Leave a Reply