သရက်သီးသတိထားစားကြတော့ကြောက်စရာ

သရက်သီးသတိထားစားကြတော့ကြောက်စရာ

မနေ့ညက ထမင်းစားပီး ရုပ်ရှင်ကြည့်ရင်းစိန်တစ်လုံး သရက်သီး စားတယ်

စားတဲ့အချိန် ဘာအရသာမှ မရှိဘူး လုံးဝကိုမချိုတာ

ဒါမယ့် မသိဘူး ပုံမှန်ဘဲ ထင်တာ စားပီး သိပ်မကြာဘူး ဗိုက်ထဲက ထိုးအောင့်လာတယ် အိမ်သာတက်ချင်လာတယ်

အဲ့ဒါနဲ့ အိမ်သာထဲ ဝင်လိုက်တယ် ရေချိုးခန်း နဲ့အိမ်သာကတွဲရက် ဘိုထိုင်ပေါ်ထိုင်နေရင်း ဗိုက်အရမ်းအောင့်လာတယ် အန်ချင်လာတယ် ချွေးစေးတွေထွက်လာတယ် မျက်လုံးတွေ ပြာလာတယ်

သန့်ရှင်းရေး မြန်မြန်လုပ်ပီး ရေပန်းအောက် ခဏထိုင်တုန်း အန်ချင်လာတယ် အန်တယ် မရဘူး အိမ်သာပေါ်ပြန်ထိုင်တယ် လူက ခွေကျလာပီးရေချိုးခန်းထဲ လှဲအိပ်ချင်တာ တားမရဘူး

ဇောချွေးတွေ ရွဲနှစ်ပီး မျက်လုံးထဲ ဘာမှ မမြင်ရတော့ဘူး ထိုးအန်တယ် သရက်သီးတွေ ဗိုက်လဲ အရမ်းအောင့်ပီး သေပီဘဲ ထင်တာ ခံစားမှုက ငါသေတော့မှာလို့ တွေးလိုက်တယ်

ငါသေရင် ဘာမှ မှာရမယ့်ဟာ မရှိဘူးဆိုပီး စိတ်လျှော့ချလိုက်တယ် ခွေကနဲဘဲ သရက်သီးကို ထိုးဆေး ထိုးထားတယ် ထင်တယ်

အဆိပ်မိတာ ကို မသိဘူး ရေချိုးခန်းထဲ ဖုန်းပါသွားတာ ကံကောင်းတယ်

မေမေ့လှမ်းခေါ်ရတာ တကယ် ကြောက်စရာကောင်းတယ်

သူတို့ထိုးထားတဲ့ဆေးကဘယ်လောက်ပြင်းလဲ စဉ်းစားကြည့်တော့ထမင်းစားပီးမှ စားတာမို့ သက်သာ တာ ထမင်းမစားခင် စားလိုက်ရင်တော့ အစာအိမ် သွေးကြောပေါက်ပီဘဲ

အဆိပ်စားမိတာကိုမသိဘဲ သေကံမရောက် သက်မပျောက်သူ

စီးပွားရေးလဲ ကြည့်လုပ်ကြပါ ဗျာ သေအံ့ ဆဲဆဲ လူဖြစ်သွားတယ်

unicode

သရကျသီးသတိထားစားကွတော့ကွောကျစရာ











