ငယ်ချစ်ဦးနဲ့လွဲခဲ့သူများမဖတ်ရ….

ငယ်ချစ်ဦးနဲ့လွဲခဲ့သူများမဖတ်ရ

ကလေးဘဝကိုပြန်လွမ်းမယ်ဆိုပြီး စဉ်းစားတော့ အချစ်ဦးကိုတန်းပြန်သတိရတာပါပဲ။ ကျွန်တော်တို့တွေဟာ ဘာကောင်ကြီးတွေမှမဟုတ်ပဲ အချစ်ဦးအတွက်ဆို သူရဲကောင်းကြီးအဖြစ်ရှိချင်ခဲ့ကြတယ်။ ကလေးဘဝကိုပြန်သွားတာနဲ့ အချစ်ဦးဆိုတာကလည်း ဇာတ်လမ်းတစ်ပုဒ်ရဲ့

ဇာတ်ဝင်ခန်း တစ်ခုလိုပါပဲ။ အချစ်ဦးလို့သုံးတာက Crush ဆိုတဲ့စကားကိုကလေးဘဝကမသိခဲ့သေးတာရော Crush တယ်ဆိုတာ ထက်ပြီးမြတ်နိုးခဲ့မိတာကြာင့်ရောပါ။ ကျွန်တော်တို့အားလုံးနှစ်သက်ပြီး ပြန်တမ်းတကြတဲ့အဖြူစိမ်းကျောင်းသားဘဝမှာဆို မနက်မိုးလင်းလို့ကျောင်းရောက်တာနဲ့

ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ကလေးတို့သဘာဝဆော့မယ် ကစားမယဒီလိုနဲ့အချိန်ကုန်တတ်ခဲ့ကြပါတယ်။ ဒါပေမယ့်အချစ်ဦးဆိုတဲ့ကောင်မလေးက စိန်ပြေးတမ်းကစားနေသလား ကြိုးခုန်နေသလား ဇယ်ခုပ်နေသလားဆိုတာကိုလည်း စိတ်ဝင်တစားလိုက်ကြည့်ခဲ့ကြဖူးမှာပါ။

အခါအခွင့်သင့်တာနဲ့ သူကစားနေတဲ့ ဝိုင်းထဲမှာ ကိုယ်ပါဝင်ခွင့်ရဖို့အသင့်ရှိနေခဲ့ကြဖူးတယ်မလား၊ ကျွန်တော့်အချစ်ဦးဆို သူတအားဆော့တာက အဝတ်ကိုမျက်လုံးမှာစည်းပြီး လက်နဲ့လိုက်ပုတ် တဲ့ကစားနည်း။ အဝတ်စည်းထားတဲ့သူရဲ့ လက်နဲ့ထိမိသူက သူ့နေရာကိုဝင်ယူပြီး

နောက်တစ်ယောက်ကို လိုက်ဖမ်းရတော့တာပဲ။ ကျွန်တော်ဆို သူခွေးရူးဖြစ်တာနဲ့ သူ့အနားသွား အသံပေးပြီး ကိုယ့်ကိုယ် ကိုခွေးရူးအဖြစ်ခံခဲ့ဖူးတယ်။ ဘယ်အချိန်မှာဖြစ်ဖြစ် သူငယ်ချင်းဆိုတဲ့ အဖြူရောင်စည်းဘောင်လေး ထဲကနေ သူ့အတွက်အသင့်ရှိနေခဲ့ဖူး တယ်ဆိုပါတော့၊

ကျောင်းပထမ ဆုံးဖွင့်ရက် အတန်းပိုင်ဆရာမက အသင်းတွေခွဲတဲ့အခါ သူနဲ့အသင်းတူတူကျ ဖို့လည်း ကျွန်တော်တော့ အမျိုးမျိုးကြို းစားခဲ့ဖူးတယ်။ အချစ်ဦးနဲ့အသင်းအတူတူဖြစ်ရတဲ့အခါ ရတဲ့အခွင့်ရေးက နည်းမှ မနည်းပဲဗျ။ စာသင်ချိန်မှာမျက်နှာချင်းဆိုင်အနေထားနဲ့ တစ်ခုံတည်းထိုင်ရတယ်။

ပြီးတော့ ကိုယ့်အသင်း တာဝန်ကျရက်ဆို ကျောင်းကိုအစောကြီးလာမယ် ။ သူကဘာတာဝန်လဲ အသင်းခေါင်းဆောင်ကိုမေးမယ်။ သူက ရေခပ်ရမှာလား ကျွန်တော်ကဦးအောင်ခပ်ပေးထား လိုက်တယ်။ သူက တံမြက်စည်းလှဲရမှာလား ကျွန်တော်ကဦးအောင်လှဲပေးထားလိုက်တယ်။

သူက အမှိုက်ကျုံးရမှာလား ကျွန်တော်က ဦးအောင်ကျုံးပေးထားလိုက်တယ်။ သူကျောင်းရောက်လို့ သူ့တာဝန်တွေပြီးတဲ့အခါ သူပျော်နေတာလေးကိုကျွန်တော်သဘောကျတယ်။ သူဘုရားပန်းတင်ဖို့ ပန်းလေးဝယ် လာတိုင်း ဘုရားပန်းအိုးကိုအရင်စွန့်ပြီး ကျွန်တော်အသင့်ပြင် ထားပေးခဲ့ဖူးတယ်။

သူဝယ်လာတဲ့ ဘုရားပန်းလဲပြီး ဘုရားကိုပြန်ကပ်တဲ့အခါ သူမ အားကိုးတကြီးအကူညီတောင်းတဲ့ သူဟာ ကိုယ်ဖြစ်နေရင် ဘယ်လောက်များပျော်စရာကောင်းလဲ၊ပြီးတော့ ဘုရားပန်းပြန်ကပ်တဲ့အခါ ဘာမှန်းမသိတဲ့ ဖူးစာဆိုတာကို သူနဲ့ပါဖို့အတွက် ဘုရားကိုတိုးတိုးကလေးနဲ့ အပူကပ်ခဲ့ဖူးတယ်။

ကျောင်းဆင်းချိန် အိမ်ပြန်ကြတော့လည်း ဘာထူးလဲ သူစက်ဘီးထုတ်တဲ့အခါ အလွယ်တကူဖြစ်အောင် သူ့စက်ဘီးဘေးနားက အခြားဘီးတွေကိုကြိုရှင်းပေးထားခဲ့ဖူးတယ်။ တစ်ခါတစ်လေဆို ကျွန်တော် သိပ်ညစ်ပတ်တာ၊ သူ့ဘီးကိုလေလျော့ထားပြီး သူလာမှသတိပေး

ကိုယ်တိုင်လိုက်တွန်းပေးပြီး လေပြန်ထိုးပေးခဲ့သေးတာ။ ဘာပဲပြောပြော သူအသိမှတ်ပြုတာလေးကိုကျွန်တော်ကျေနပ်နေတာမျိုးလေဗျာ။ သူနဲ့ကျွန်တော်ကတစ်ရပ်ကွက်ထဲဗျ။ အိမ်ပြန်တဲ့လမ်းတစ်လျှောက်လည်း သူနဲ့မတူတူအောင် သူပြန်တဲ့လမ်းက လိုက်ပြန်တယ်။ တခြားကောင်လေးတွေ

သူ့နားကပ်မယ့် အရိပ်ယောင်တွေ့တာနဲ့ ကျွန်တော် အရင်ကပ်ပြီး စကားတွေကြံဖန်ရှာပြောခဲ့ဖူးတယ်။ သူအိမ်လမ်းထဲ သူဝင်သွားပြီဆိုမှ ကျွန်တော်လမ်းကို ကျွန်တော်လှည့်ပြန်ခဲ့တာမျိုး။ တစ်ခါတစ်လေ သူ့အဖေကဆိုင်ကယ်နဲ့လာကြိုတဲ့ရက်မျိုးမှာဆို 110 Loujia ဆိုင်ကယ်ကို ကျွန်တော်ရဲ့

တရုတ်စက်ဘီးလေးနဲ့အမှီနင်းပြီး သူ့မြင်အောင်အားထုတ်ခဲ့သေးတာ။ သူမ မသိတဲ့ သူမရဲ့သူရဲကောင်းကြီးအဖြစ် ကိုယ့်ကိုယ်ကိုတာဝန်ပေးပြီး ဂုဏ်ယူခဲ့ရချိန်တွေပေါ့ဗျာ၊ ဒါပေမယ့်လည်း အချည်းနှီးတွေပါပဲ။ အထက်တန်းကျောင်းသားဘဝ

ကျူရှင်တွေ ဝိုင်းတွေ ဘော်ဒါတွေပြိုင်လာတဲ့အခါ ဓနရှင်တွေရဲ့ပညာရေးအသိုင်းဝိုင်းကို ကျွန်တော်မှ လိုက်မပြိုင်နိုင်ခဲ့တာ။ ရှစ်တန်းနှစ်မှာ သူကကျောင်းပြောင်းတယ်။ပြီးတော့နာမည်ကြီးဘော်ဒါတစ်ခုမှာတက်တယ်။ ကျွန်တော်က ရပ်ကွက်ထဲကျူရှင်တစ်ခုမှာ

ဘယ်သူမှမဖတ်တဲ့ကဗျာတွေရေးပြီး အသည်းတွေထိုင်ကွဲနေခဲ့ဖူးတယ်။ ဆယ်တန်းနှစ်ကျ သူအိမ်ကိုပြန်လာတယ်။ ဘော်ဒါမှာမနေဘဲ အပြင်ဝိုင်းတွေလိုက်တက်ဖို့တဲ့။ ကျွန်တော်က စာမတော်ပေမယ့် ဝီရိယသိပ်ကောင်းတယ်။ မနက်အစောကြီးငါးနာရီထတယ် သူသွားမယ့်

စာသင်ဝိုင်းလမ်းမှာသွားကြိုစောင့်တယ်။ ပြီးတော့လိုက်ပို့တယ်။ ဒါပေမယ့်အဝေးကနေပါပဲ။ သူကတော့သိမှာလည်း မဟုတ်ခဲ့ပါဘူး။ ဒီလိုနဲ့ဆယ်တန်းတွေပြီးကြတော့ သူကရန်ကုန်မှာ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုသွားတက်တယ်။ ကျွန်တော်ကနယ်မှာကျန်ခဲ့တယ်။

အချစ်ဦးဟာလူတိုင်းနဲ့လွဲတယ်ဆိုတဲ့စကားကို ကျွန်တော်သိပ်မုန်းတယ်။ ရှစ်တန်းနှစ်ကနေ စလွဲသွားတဲ့ ကောင်မလေးဟာ အခုဆို ဘွဲ့တွေရလို့ အလုပ်တွေတောင်ဝင်နေပြီ။ ကျွန်တော်နဲ့ကတော့လွဲနေတုန်းပဲ Back to childhood တဲ့ကျွန်တော်လည်းအမှတ်တရတွေ သိပ်ရေးချင်တာနဲ့ တွေးမိခဲ့တယ်။

သတိရမိတာကလည်း ဝေးခဲ့ရတဲ့အချစ်ဦးပဲ။ အပြန်အလှန်မချစ်ခဲ့ကြပေမယ့် ထာဝရအချစ်ဦးလို့တော့သုံးခွင့်ရှိတယ်မလား၊ Facebook တွေခေတ်စားလာတော့ သူ့အကောင့်လေးကိုကျွန်တော် အပ်မိသေးတယ်။ နှစ်တွေအကြာကြီးစောင့်ရကျိုးနပ်ပါတယ်။ အကောင့်လက်ခံပြီးသိပ်မကြာဘူး သူ့အတွက်ရေးတဲ့

ကဗျာလေးဖတ်ပြီး ကျွန်တော့်ကို ဘလော့သွားလေရဲ့ ၊ ဟုတ်ပါတယ်….။ ကျွန်တော်တို့အားလုံးထဲကတချို့တစ်ဝက်ဟာ အချစ်ဦးနဲ့လွဲခဲ့သူချည်းပါပဲ…။ မပေါင်းဖက်ရတဲ့ဇာတ်လမ်း နီးစပ်ခွင့်မရှိတဲ့ဇာတ်လမ်းတွေကိုမှ အမြဲတမ်းတမိနေတဲ့ကလေးဘဝရဲ့ အမှတ်တရအချို့ပေါ့ဗျာ။

Credit

Unicode

ငယ်ချစ်ဦးနဲ့လွဲခဲ့သူများမဖတ်ရ

ကလေးဘဝကိုပြန်လွမ်းမယ်ဆိုပြီး စဉ်းစားတော့ အချစ်ဦးကိုတန်းပြန်သတိရတာပါပဲ။ ကျွန်တော်တို့တွေဟာ ဘာကောင်ကြီးတွေမှမဟုတ်ပဲ အချစ်ဦးအတွက်ဆို သူရဲကောင်းကြီးအဖြစ်ရှိချင်ခဲ့ကြတယ်။ ကလေးဘဝကိုပြန်သွားတာနဲ့ အချစ်ဦးဆိုတာကလည်း ဇာတ်လမ်းတစ်ပုဒ်ရဲ့

ဇာတ်ဝင်ခန်း တစ်ခုလိုပါပဲ။ အချစ်ဦးလို့သုံးတာက Crush ဆိုတဲ့စကားကိုကလေးဘဝကမသိခဲ့သေးတာရော Crush တယ်ဆိုတာ ထက်ပြီးမြတ်နိုးခဲ့မိတာကြာင့်ရောပါ။ကျွန်တော်တို့အားလုံးနှစ်သက်ပြီး ပြန်တမ်းတကြတဲ့အဖြူစိမ်းကျောင်းသားဘဝမှာဆို မနက်မိုးလင်းလို့ကျောင်းရောက်တာနဲ့ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ကလေးတို့သဘာဝဆော့မယ် ကစားမယဒီလိုနဲ့အချိန်ကုန်တတ်ခဲ့ကြပါတယ်။

ဒါပေမယ့်အချစ်ဦးဆိုတဲ့ကောင်မလေးက စိန်ပြေးတမ်းကစားနေသလား ကြိုးခုန်နေသလား ဇယ်ခုပ်နေသလားဆိုတာကိုလည်း စိတ်ဝင်တစားလိုက်ကြည့်ခဲ့ကြဖူးမှာပါ။

အခါအခွင့်သင့်တာနဲ့ သူကစားနေတဲ့ ဝိုင်းထဲမှာ ကိုယ်ပါဝင်ခွင့်ရဖို့အသင့်ရှိနေခဲ့ကြဖူးတယ်မလား၊ ကျွန်တော့်အချစ်ဦးဆို သူတအားဆော့တာက အဝတ်ကိုမျက်လုံးမှာစည်းပြီး လက်နဲ့လိုက်ပုတ် တဲ့ကစားနည်း။ အဝတ်စည်းထားတဲ့သူရဲ့ လက်နဲ့ထိမိသူက သူ့နေရာကိုဝင်ယူပြီး

နောက်တစ်ယောက်ကို လိုက်ဖမ်းရတော့တာပဲ။ ကျွန်တော်ဆို သူခွေးရူးဖြစ်တာနဲ့ သူ့အနားသွား အသံပေးပြီး ကိုယ့်ကိုယ် ကိုခွေးရူးအဖြစ်ခံခဲ့ဖူးတယ်။ ဘယ်အချိန်မှာဖြစ်ဖြစ် သူငယ်ချင်းဆိုတဲ့ အဖြူရောင်စည်းဘောင်လေး ထဲကနေ သူ့အတွက်အသင့်ရှိနေခဲ့ဖူး တယ်ဆိုပါတော့၊

ကျောင်းပထမ ဆုံးဖွင့်ရက် အတန်းပိုင်ဆရာမက အသင်းတွေခွဲတဲ့အခါ သူနဲ့အသင်းတူတူကျ ဖို့လည်း ကျွန်တော်တော့ အမျိုးမျိုးကြို းစားခဲ့ဖူးတယ်။ အချစ်ဦးနဲ့အသင်းအတူတူဖြစ်ရတဲ့အခါ ရတဲ့အခွင့်ရေးက နည်းမှ မနည်းပဲဗျ။ စာသင်ချိန်မှာမျက်နှာချင်းဆိုင်အနေထားနဲ့ တစ်ခုံတည်းထိုင်ရတယ်။

ပြီးတော့ ကိုယ့်အသင်း တာဝန်ကျရက်ဆို ကျောင်းကိုအစောကြီးလာမယ် ။ သူကဘာတာဝန်လဲ အသင်းခေါင်းဆောင်ကိုမေးမယ်။ သူက ရေခပ်ရမှာလား ကျွန်တော်ကဦးအောင်ခပ်ပေးထား လိုက်တယ်။ သူက တံမြက်စည်းလှဲရမှာလား ကျွန်တော်ကဦးအောင်လှဲပေးထားလိုက်တယ်။

သူက အမှိုက်ကျုံးရမှာလား ကျွန်တော်က ဦးအောင်ကျုံးပေးထားလိုက်တယ်။ သူကျောင်းရောက်လို့ သူ့တာဝန်တွေပြီးတဲ့အခါ သူပျော်နေတာလေးကိုကျွန်တော်သဘောကျတယ်။ သူဘုရားပန်းတင်ဖို့ ပန်းလေးဝယ် လာတိုင်း ဘုရားပန်းအိုးကိုအရင်စွန့်ပြီး ကျွန်တော်အသင့်ပြင် ထားပေးခဲ့ဖူးတယ်။

သူဝယ်လာတဲ့ ဘုရားပန်းလဲပြီး ဘုရားကိုပြန်ကပ်တဲ့အခါ သူမ အားကိုးတကြီးအကူညီတောင်းတဲ့ သူဟာ ကိုယ်ဖြစ်နေရင် ဘယ်လောက်များပျော်စရာကောင်းလဲ၊ပြီးတော့ ဘုရားပန်းပြန်ကပ်တဲ့အခါ ဘာမှန်းမသိတဲ့ ဖူးစာဆိုတာကို သူနဲ့ပါဖို့အတွက် ဘုရားကိုတိုးတိုးကလေးနဲ့ အပူကပ်ခဲ့ဖူးတယ်။

ကျောင်းဆင်းချိန် အိမ်ပြန်ကြတော့လည်း ဘာထူးလဲ သူစက်ဘီးထုတ်တဲ့အခါ အလွယ်တကူဖြစ်အောင် သူ့စက်ဘီးဘေးနားက အခြားဘီးတွေကိုကြိုရှင်းပေးထားခဲ့ဖူးတယ်။ တစ်ခါတစ်လေဆို ကျွန်တော် သိပ်ညစ်ပတ်တာ၊ သူ့ဘီးကိုလေလျော့ထားပြီး သူလာမှသတိပေးကိုယ်တိုင်လိုက်တွန်းပေးပြီး လေပြန်ထိုးပေးခဲ့သေးတာ။

ဘာပဲပြောပြော သူအသိမှတ်ပြုတာလေးကိုကျွန်တော်ကျေနပ်နေတာမျိုးလေဗျာ။ သူနဲ့ကျွန်တော်ကတစ်ရပ်ကွက်ထဲဗျ။ အိမ်ပြန်တဲ့လမ်းတစ်လျှောက်လည်း သူနဲ့မတူတူအောင် သူပြန်တဲ့လမ်းက လိုက်ပြန်တယ်။ တခြားကောင်လေးတွေ

သူ့နားကပ်မယ့် အရိပ်ယောင်တွေ့တာနဲ့ ကျွန်တော် အရင်ကပ်ပြီး စကားတွေကြံဖန်ရှာပြောခဲ့ဖူးတယ်။ သူအိမ်လမ်းထဲ သူဝင်သွားပြီဆိုမှ ကျွန်တော်လမ်းကို ကျွန်တော်လှည့်ပြန်ခဲ့တာမျိုး။ တစ်ခါတစ်လေ သူ့အဖေကဆိုင်ကယ်နဲ့လာကြိုတဲ့ရက်မျိုးမှာဆို 110 Loujia ဆိုင်ကယ်ကို ကျွန်တော်ရဲ့

တရုတ်စက်ဘီးလေးနဲ့အမှီနင်းပြီး သူ့မြင်အောင်အားထုတ်ခဲ့သေးတာ။ သူမ မသိတဲ့ သူမရဲ့သူရဲကောင်းကြီးအဖြစ် ကိုယ့်ကိုယ်ကိုတာဝန်ပေးပြီး ဂုဏ်ယူခဲ့ရချိန်တွေပေါ့ဗျာ၊ ဒါပေမယ့်လည်း အချည်းနှီးတွေပါပဲ။ အထက်တန်းကျောင်းသားဘဝ

ကျူရှင်တွေ ဝိုင်းတွေ ဘော်ဒါတွေပြိုင်လာတဲ့အခါ ဓနရှင်တွေရဲ့ပညာရေးအသိုင်းဝိုင်းကို ကျွန်တော်မှ လိုက်မပြိုင်နိုင်ခဲ့တာ။ ရှစ်တန်းနှစ်မှာ သူကကျောင်းပြောင်းတယ်။ပြီးတော့နာမည်ကြီးဘော်ဒါတစ်ခုမှာတက်တယ်။ ကျွန်တော်က ရပ်ကွက်ထဲကျူရှင်တစ်ခုမှာ

ဘယ်သူမှမဖတ်တဲ့ကဗျာတွေရေးပြီး အသည်းတွေထိုင်ကွဲနေခဲ့ဖူးတယ်။ ဆယ်တန်းနှစ်ကျ သူအိမ်ကိုပြန်လာတယ်။ ဘော်ဒါမှာမနေဘဲ အပြင်ဝိုင်းတွေလိုက်တက်ဖို့တဲ့။ ကျွန်တော်က စာမတော်ပေမယ့် ဝီရိယသိပ်ကောင်းတယ်။ မနက်အစောကြီးငါးနာရီထတယ် သူသွားမယ့်

စာသင်ဝိုင်းလမ်းမှာသွားကြိုစောင့်တယ်။ ပြီးတော့လိုက်ပို့တယ်။ ဒါပေမယ့်အဝေးကနေပါပဲ။ သူကတော့သိမှာလည်း မဟုတ်ခဲ့ပါဘူး။ ဒီလိုနဲ့ဆယ်တန်းတွေပြီးကြတော့ သူကရန်ကုန်မှာ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုသွားတက်တယ်။ ကျွန်တော်ကနယ်မှာကျန်ခဲ့တယ်။ အချစ်ဦးဟာ

လူတိုင်းနဲ့လွဲတယ်ဆိုတဲ့စကားကို ကျွန်တော်သိပ်မုန်းတယ်။ ရှစ်တန်းနှစ်ကနေ စလွဲသွားတဲ့ ကောင်မလေးဟာ အခုဆို ဘွဲ့တွေရလို့ အလုပ်တွေတောင်ဝင်နေပြီ။ ကျွန်တော်နဲ့ကတော့လွဲနေတုန်းပဲ Back to childhood တဲ့ကျွန်တော်လည်းအမှတ်တရတွေ သိပ်ရေးချင်တာနဲ့ တွေးမိခဲ့တယ်။