ဖေကြီးကို…လူ(၈)ယောက်က ဝိုင်းရိုက်ပြီ သတ်လိုက်ကြတာ
လှည်းတန်းမှာ ခါးပိုက်နှိုက်အား ဖမ်းဆီးပေးရင်း…
အသတ်ခံလိုက်ရတဲ့…ဆိုက်ကားဆရာ အကိုကြီးရဲ့ မိသားစုထံသို့ ခုည ရောက်ခဲ့ပါတယ်
တကယ့်ကို အဆင်မပြေဘူး…မိန်းမ နှင့် သားလေး (၁)ယောက်ကျန်ခဲ့တယ်
မိသားစု တစုရဲ့ အိမ်ထောင်ဦးစီး ရှာကျွေးသူ အသတ်ခံလိုက်ရတော့…တကယ့်ကို ဒုက္ခရောက်ရှာတယ်
ခံစားရဆုံး စကားလေး တခွန်းကို ကလေးဆီက ကြားလိုက်တယ်
`သား ဖေကြီးကို လူ(၈)လောက်က ဝိုင်းရိုက်ပြီ သတ်လိုက်တာ’ တဲ့
ပန်းချီလေးတောင် ဆွဲထားသေးတယ်တဲ့
အသက် (၅)နှစ်အရွယ်…အရွယ်မရောက်သေးတဲ့ ကလေးတယောက်ရဲ့ စိတ်ထဲက နားကျဉ်းမှုက ရင်ထဲကို အတော်ခံစားရတယ် ဗျာ
အမ ဘာလုပ်ချင်လဲ မေးကြည့်တော့….
ကျမ ယောင်္ကျားအလောင်းပြန်မရဘူး …ဘယ်လို သဂြိုဟ်လိုက်လဲ မသိဘူး…
ကျမ သူ့အတွက် ရည်းစူးပြီ (၁)လပြည့် အလှူလေး လုပ်ချင်တဲ့ ဆန္ဒပဲ ရှိပါတယ် အကိုရယ်
ဟုတ်ကဲ့ အမ…ရော့ 100,000 Ks
အကို့တွက် ရည်းစူးပြီ အလှူလေး လုပ်လိုက်နော်
ကျေးဇူးတင်ပါတယ် အကိုရယ်…ကျမ သူ့အတွက် ရည်းစူးပြီ အလှူလေးလုပ်လို့ရပြီ
ဟုတ် အမ…သားသားလေးလဲ ပညာတတ်ကြီး ဖြစ်အောင် ကြိုးစားနော်…အမေကိုလဲ ကာကွယ်စောင့်ရှောက်ရမယ်နော်
•အော…အများကို ကူညီနေရင်…ကျေနပ်နေသူ…ခု ခင်ဗျာ ကူညီရင်ူ အသက်ပေးခဲ့ရပြီ
ကောင်းရာမွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေ အကို
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
☎ 09-5408437
unicode
မိသားစု တစုရဲ့ အိမျထောငျဦးစီး ရှာကြှေးသူ အသတျခံလိုကျရတော့…တကယျ့ကို ဒုက်ခရောကျရှာတယျ
☎ 09-5408437
Leave a Reply