ဗေဒင်လက္ခဏာ ဆရာကြီးတစ်ဦး ပြောပြတဲ့ သူဌေးဖြစ်မယ့်သူရဲ့ လက်ပုံစံ

ေဗဒင္လကၡဏာ ဆရာႀကီးတစ္ဦး ေျပာျပတဲ့ သူေဌးျဖစ္မယ့္သူရဲ႕ လက္ပုံစံ

လူအမ်ားစုသည္ လက္ဝါးျပတ္ဆိုလ်င္အင္မတန္ေၾကာက္ အင္မတန္ေရွာင္ၾက၏။ဘယ္ေလာက္ထိႀကဳံခဲ့ဖူးလဲဆိုရင္…သူ႔သမီးႏွင့္ယူမည့္လူ

အားလုံးေခါင္းၿငိမ့္သေဘာတူၿပီးမွ လက္ဝါးျပတ္ျဖစ္ေန၍ခါးခါးသီးသီးျငင္းလိုက္တာမ်ိဳးလကၡဏာ ေဗဒင္ေဟာသက္ ၂၂ ႏွစ္ေက်ာ္အတြင္း

သုံးေလးဦးႀကဳံဖူးပါသည္။ယခုလကၡဏာရွင္သည္ လက္ဝါးျပတ္ျဖစ္၏။ပထမအ႐ြယ္မကုန္ေသးအသက္ငယ္ေသး၏။သို႔ေသာ္ခ်မ္းသာ၏။ၿပီးခဲ့တဲ့သုံးေလးရက္ကဤပုဂၢိဳလ္ကိုေဟာဖို႔အလွည့္ေရာက္၏။မႏၲေလးၿမိဳ႕ႀကီးကျဖစ္၏။

(၁) အနီေရာင္ျဖင့္ျပထားေသာ လက္ဝါးျပတ္ျဖစ္ေနေသာ္လည္း လက္မသည္လက္မတင္းပုတ္ ပုတိုတိုလက္မမ်ိဳးမဟုတ္ေသာေၾကာင့္ လက္ဝါးျပတ္ဟုမသတ္မွတ္ပါ။

(၂) ထိုလက္ဝါးျပတ္သည္ အနက္ေရာင္ျဖင့္ ဆြဲျပထားေသာစိန္သရဖူအႀကီးစားျဖင့္ အတူတြဲျဖစ္ေနျခင္း အဝါေရာင္ျဖင့္ဆြဲျပထားေသာ ေအာင္ျမင္ေက်ာ္ၾကားလမ္းေၾကာင္း ပါေနျခင္းတို႔ေၾကာင့္ လက္ဝါးျပတ္မဟုတ္ေၾကာင္း ထပ္၍ သက္ေသျပေနျပန္၏။

(၃) လက္သူႂကြယ္ေအာက္တြင္ အျဖဴေရာင္ျဖင့္ ဆြဲျပထားေသာအလံတိုင္ သေကၤတအဝါေရာင္ျဖင့္ ဆြဲျပထားေသာႀတိဂံ ၂ ထပ္ႏွင့္ ခက္ရင္းခြတို႔ပါေန၏။

ယခုဆိုခဲ့ၿပီးေသာအခ်က္အားလုံးသည္ က်ိက်ိတက္ခ်မ္းသာမည့္ပုဂၢိဳလ္ျဖစ္ျခင္းစီးပြားေရးနယ္ပါယ္မွာ နာမည္ေကာင္းတစ္လုံးျဖင့္ရပ္တည္ရမည္ျဖစ္ျခင္း အလုပ္ေတြ သုံးေလးမ်ိဳးမကလုပ္ျခင္း သားသမီးတို႔ကိုပါ ပညာအေမြ၊ ဥစၥာအေမြ၊ဂုဏ္သိကၡာအေမြတို႔ ေပးသြားမည္ျဖစ္၏။

အားက်စရာေကာင္းေလာက္ေအာင္ ႂကြယ္ခ်မ္းသာမည့္ ဘဝမ်ိဳးေရာက္မည္။ထင္ေပါေက်ာ္ၾကား စီးပြားေရးသမားဘဝမ်ိဳးေရာက္မည္။

ဇြဲလုံ႔လဝိရိယေကာင္းသူ ျဖစ္ျခင္းစိတ္ဓာတ္ျပတ္သားခိုင္မာျခင္း လုပ္ငန္းႀကီးတို႔ကို ပိုင္ပိုင္ႏိုင္ႏိုင္ေအာင္ျမင္ေအာင္ လုပ္ျပႏိုင္သူျဖစ္မည္။ ဤပုဂၢိဳလ္၏ေမြးဇာတာသည္လည္းထူးျခားေသာ ရာသီ၊ၿဂိဳဟ္၊နဝင္းတို႔ျဖင့္ဖြဲ႕စည္းထား၏။

(၁) ကုန္သည္ရာသီ၊ စီးပြားေရးသမား ရာသီခ်ိန္ခြင္ ရာသီတြင္ လဂ္…ရပ္တည္၏။

(၂) တနဂၤေႏြၿဂိဳလ္ ဥဳစ္ရထားၿပီး ဓႏုရာသီနဝင္းျပန္စီးထား၏။

(၃) တနလၤာၿဂိဳဟ္ ဥဳစ္နဝင္းစီးထား၏။

(၄) တ႐ုတ္႐ိုးရာ ရာသီဖြားအရလည္း ဆိတ္ႏွစ္ဖြား””သတၱဳဆိတ္ႏွစ္ဖြား””ျဖစ္ေန၏။

(၅) လက္ကလဲ….ဘယ္လက္ဘယ္လက္မွာ ပါေသာအမွတ္အသားေတြ ျဖစ္ေန၍ ပို၍ ပို၍ေကာင္းပါသည္။

ဘယ္ဥပေဒ ဘယ္နည္း စနစ္ဘက္က ဆိုဆိုအႀကီးအက်ယ္ခ်မ္းသာႂကြယ္ဝလိမ့္မည္။

Credit – Dr.Myint Win(Ph.D)
============
ဗေဒင်လက္ခဏာ ဆရာကြီးတစ်ဦး ပြောပြတဲ့ သူဌေးဖြစ်မယ့်သူရဲ့ လက်ပုံစံ

လူအများစုသည် လက်ဝါးပြတ်ဆိုလျင်အင်မတန်ကြောက် အင်မတန်ရှောင်ကြ၏။ဘယ်လောက်ထိကြုံခဲ့ဖူးလဲဆိုရင်…သူ့သမီးနှင့်ယူမည့်လူ

အားလုံးခေါင်းငြိမ့်သဘောတူပြီးမှ လက်ဝါးပြတ်ဖြစ်နေ၍ခါးခါးသီးသီးငြင်းလိုက်တာမျိုးလက္ခဏာ ဗေဒင်ဟောသက် ၂၂ နှစ်ကျော်အတွင်း

သုံးလေးဦးကြုံဖူးပါသည်။ယခုလက္ခဏာရှင်သည် လက်ဝါးပြတ်ဖြစ်၏။ပထမအရွယ်မကုန်သေးအသက်ငယ်သေး၏။သို့သော်ချမ်းသာ၏။ပြီးခဲ့တဲ့သုံးလေးရက်ကဤပုဂ္ဂိုလ်ကိုဟောဖို့အလှည့်ရောက်၏။မန္တလေးမြို့ကြီးကဖြစ်၏။

(၁) အနီရောင်ဖြင့်ပြထားသော လက်ဝါးပြတ်ဖြစ်နေသော်လည်း လက်မသည်လက်မတင်းပုတ် ပုတိုတိုလက်မမျိုးမဟုတ်သောကြောင့် လက်ဝါးပြတ်ဟုမသတ်မှတ်ပါ။

(၂) ထိုလက်ဝါးပြတ်သည် အနက်ရောင်ဖြင့် ဆွဲပြထားသောစိန်သရဖူအကြီးစားဖြင့် အတူတွဲဖြစ်နေခြင်း အဝါရောင်ဖြင့်ဆွဲပြထားသော အောင်မြင်ကျော်ကြားလမ်းကြောင်း ပါနေခြင်းတို့ကြောင့် လက်ဝါးပြတ်မဟုတ်ကြောင်း ထပ်၍ သက်သေပြနေပြန်၏။

(၃) လက်သူကြွယ်အောက်တွင် အဖြူရောင်ဖြင့် ဆွဲပြထားသောအလံတိုင် သင်္ကေတအဝါရောင်ဖြင့် ဆွဲပြထားသောတြိဂံ ၂ ထပ်နှင့် ခက်ရင်းခွတို့ပါနေ၏။

ယခုဆိုခဲ့ပြီးသောအချက်အားလုံးသည် ကျိကျိတက်ချမ်းသာမည့်ပုဂ္ဂိုလ်ဖြစ်ခြင်းစီးပွားရေးနယ်ပါယ်မှာ နာမည်ကောင်းတစ်လုံးဖြင့်ရပ်တည်ရမည်ဖြစ်ခြင်း အလုပ်တွေ သုံးလေးမျိုးမကလုပ်ခြင်း သားသမီးတို့ကိုပါ ပညာအမွေ၊ ဥစ္စာအမွေ၊ဂုဏ်သိက္ခာအမွေတို့ ပေးသွားမည်ဖြစ်၏။

အားကျစရာကောင်းလောက်အောင် ကြွယ်ချမ်းသာမည့် ဘဝမျိုးရောက်မည်။ထင်ပေါကျော်ကြား စီးပွားရေးသမားဘဝမျိုးရောက်မည်။

ဇွဲလုံ့လဝိရိယကောင်းသူ ဖြစ်ခြင်းစိတ်ဓာတ်ပြတ်သားခိုင်မာခြင်း လုပ်ငန်းကြီးတို့ကို ပိုင်ပိုင်နိုင်နိုင်အောင်မြင်အောင် လုပ်ပြနိုင်သူဖြစ်မည်။ ဤပုဂ္ဂိုလ်၏မွေးဇာတာသည်လည်းထူးခြားသော ရာသီ၊ဂြိုဟ်၊နဝင်းတို့ဖြင့်ဖွဲ့စည်းထား၏။

(၁) ကုန်သည်ရာသီ၊ စီးပွားရေးသမား ရာသီချိန်ခွင် ရာသီတွင် လဂ်…ရပ်တည်၏။

(၂) တနင်္ဂနွေဂြိုလ် ဥုစ်ရထားပြီး ဓနုရာသီနဝင်းပြန်စီးထား၏။

(၃) တနင်္လာဂြိုဟ် ဥုစ်နဝင်းစီးထား၏။

(၄) တရုတ်ရိုးရာ ရာသီဖွားအရလည်း ဆိတ်နှစ်ဖွား””သတ္တုဆိတ်နှစ်ဖွား””ဖြစ်နေ၏။

(၅) လက်ကလဲ….ဘယ်လက်ဘယ်လက်မှာ ပါသောအမှတ်အသားတွေ ဖြစ်နေ၍ ပို၍ ပို၍ကောင်းပါသည်။

ဘယ်ဥပဒေ ဘယ်နည်း စနစ်ဘက်က ဆိုဆိုအကြီးအကျယ်ချမ်းသာကြွယ်ဝလိမ့်မည်။

Credit – Dr.Myint Win(Ph.D)