နေ့ထူးနေ့မြတ် ကဆုန်လပြည့်နေ့ (၇) ရက်သားသမီးများအတွက် ဟောစာတမ်း

14.May.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ရရက်သားသမီးဟောစာတမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ကဆုန်လပြည့်နေ့ရက်၊ စနေနေ့ ဖြစ်ပါတယ်။ ခရစ်နှစ် ၂၀၂၂ခုနှစ်၊မေလ(၁၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ

အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

မိန်းကလေးတွေအများဆုံးလုပ်ကိုင်ကြတဲ့ အလုကုန်လုပ်ငန်း၊အလှပြုပြင်ခြင်း၊ အထည်ချုပ်လုပ်ငန်း စတာတွေလဲ တိုးတတ်အောာင်မြင်အောင် စွမ်းဆောာင်နိုင်ပါလိမ့်မယ်။

အိမ်မွေးတိရိစ္ဆာန်များ၊သတ္တဝါများ ရောင်းဝယ်ခြင်းလုပ်ငန်း တွေ၊ မိမိဖြစ်ချင်တဲ့ဆန္ဒတွေကိုစတင်အကောင်အထည် ဖော်တာမျိုးတွေ အထူးကောင်းပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက် (၈း၄၉) မှ နံနက် (၁ဝး၂၅) အတွင်း ကျရောက် နေ ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ ကြာသပတေး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အနက်ရောင်၊အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို အထူးအလေးထား ဝတ်ဆင် သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ ရရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၉၊ ၄ ) ဂဏန်း တွေပဲ ဖြစ်ပါတယ်။ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ် ဆိုရင်တော့ ဒူးရင်းသီးမှည့် အနည်းငယ်စား သွားပါ။

ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။ အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ရရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ရရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

မှန်ကန်ကောင်းမွန်သောလိုအင်ဆန္ဒတွေဆိုရင်ပြည့်ဝတတ်ပါတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး ရောင်းဝယ် ဝယ်ပန်းတွေပွင့်ပါလိမ့်မယ်။ ငွေကြေးကိစ္စများလဲ အဆင်ပြေပါလိမ့် မယ်။

မိမိလိုအပ်နေသောငွေကြေးတွေလဲ ချေးငှားလို့လွယ်ကူပါလိမ့်မယ်။ မိတ်ဟောင်း မိတ်သစ်တွေနဲ့ပိုမိုရင်နှီး ခွင့်ရအောင်လုပ်ဆောင်သင့်တဲ့နေ့ရက်ပါပဲ။ ကျန်းမာရေးကတော့ အထူးကောင်းမဲ့နေ့ရက်ပါပဲ။

မိမိလုပ်ချင်တာ တွေကို အထက်လူကြီးတွေကိုတိုင်ပင်ခြင်းဖြင့် ပိုမိုအောင်မြင်ပါလိမ့်မယ်။ဆရာမွေးခြင်းနှင့် ပညာရပ်တစ်ခုစတင် သင်ယူခြင်းမျိုး အလွန်ကောင်းပါတယ်။

တနင်္လာ

မိမိတို့အတွက်အလုပ်ပင်ပန်းရတတ်ပါတယ်။ ကျန်းမာရေး နှင့်ပတ်သက်ပြီးလဲ တရှောင်ရှောင်ဖြစ်ရတတ်ပါတယ်။ နေထိထိုင်မသာဖြစ်လွယ်တဲ့နေ့ရက်လဲဖြစ်ပါတယ်။ရှယ်ယာ အလုပ်များ၊ဖက်စပ်အလုပ်များလဲ အရှုံးများနိုင်တဲ့ နေ့ရက်ပါပဲ။

စက်ပစ္စည်းများလဲ အသစ်ဝယ်ယူခြင်းမျိုးဒီနေ့မှာ ရှောင်လိုက်စေချင်ပါတယ်။ အစားအသောက် သတိထားပါ။ မတည့်တဲ့အစားအသောက်များတွဲစားမိတတ်ပါတယ်။ ခရီးသွားမယ်ဆိုပါက စက်ကားကို ကြံ့ခိုင်ရေး စစ်ဆေးပြီးမှသွားလာပါ။ အလုပ်အတွက်မျော်လင့်ချက်ရောင်ခြည် သန်းလာမဲ့နေ့ရက်ပါပဲ။

အင်္ဂါ

ကံကြမ္မာရဲ့အထောက်အပံ့တွေကိုကောင်းစွာရရှိပါလိမ့် မယ်။ အဓိကတော့ ငွေအစုလိုက်ဝင်တတ်ပါတယ်။ အမွေရ တာမျိုးတွေ လုပ်အားခတွေစုပြီးရတာမျိုးတွေ၊ ဘောနပ် ရတာမျိုးတွေကြုံရတတ်ပါတယ်။

ချစ်သူရဲ့ surprise လုပ် ခြင်း တွေကိုလဲ တွေ့ရကြုံရတတ်ပါတယ်။ ပင်ပန်းနေတဲ့ အလုပ်တွေရှိရင် အနားယူလိုက်ခြင်းဖြင့် စိတ်သစ် လူသစ်နဲ့ နေထိုင်နိုင်ပါလိမ့်မယ်။

အောင်မြင်ရေးနဲ့ပတ်သက်သော ဟောပြောပွဲများလဲ တတ်ရောက်ခွင့်တွေ ရလာတတ်ပါ တယ်။လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ် မိမိဖြစ်စေ ချင်တဲ့ ဆန္ဒများကိုနားဝင်အောင်ပြောဆိုနိုင် ပါလိမ့်မယ်။

ဗုဒ္ဓဟူး၊ရာဟု

မိမိရည်ရွယ်ထားတဲ့ကိစ္စတွေကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်နေမိတတ်ပါတယ်။ ကိုယ်ကျိုးအတွက် မကြည့်ဘဲအများအကျိုးအတွက်ဦးစားပေးပြီးလုပ်ကိုင်ပေး နေမိပါတယ်။ ခရီးကိစ္စတွေပေါ်လာရင်တော့ ပင်ပန်း ရတတ်ပါတယ်။

ကျန်းမာရေးကတော့ ကောင်းပါတယ်။ ကိုယ် လက်ညောင်းညာကိုက်ခဲတာတွေကိုတော့ ဖြစ်ရတတ် ပါ တယ်။ငွေကြေးနဲ့ပက်သက်ပြီး ငွေရှာလို့အထူးပဲအဆင်ပြေ ပါလိမ့်မယ်။

ပညာရေးနဲ့ပတ်သက်ပြီးလဲ အားရစရာ ကောင်းတဲ့နေ့တစ်နေ့ပါပဲ။ကံကောင်းတာက မိမိကိုအရင်က အထင်မကြီးကြသူတွေ ဒီနေ့မှာလေးလေး စားစား ဆက်ဆံ လာတတ်ပါ တယ်။

ကြာသပတေး

အခက်အခဲတွေကိုကောင်းစွာကျော်လွှားသွားနိုင်ပါတယ်။ အပြင်လောကနယ်ပယ်မှာအဆင်ပြေပေမဲ့ အိမ်တွင်းရေး မိသားစုအရေးကိစ္စတွေမှာ အဆင်မပြေသလိုဖြစ်နေရ တတ်ပါတယ်။

ငွေကြေးနဲ့ပတ်သက်ပြီး ဆီလိုအပေါက်ရှာ ထွက်တတဲ့နေ့ရက်ပါပဲ။ ငွေကြေးကျပျောက်တာမျိုးတွေ ဖြစ်လွယ်တဲ့အတွက် သတိထားထိန်းသိမ်းပါ။ ကျန်းမာရေး မှာတော့ ဆီး၊ဝမ်းနဲ့ ပက်သက်သောရောဂါတွေကို အထူးသတိထားလိုက်ပါ။

ကတိမတည်သူတွေကို ယုံကြည်မိရာ ကစလို့ ဒုက္ခရောက်ရ တတ်ပါတယ်။ လူငယ် ဆိုရင်တော့ သိပ်ပြီးအပျော်မကြူးမိပါစေနဲ့၊ အပျော်ကနေ အပျက် ဆိုတာ မျိုးဖြစ် လွယ်တဲ့ နေ့ပါပဲ။

သောကြာ

ဂီတလုပ်ငန်းများ၊ဖျော်ဖြေရေးလုပ်ငန်းများအနည်းငယ်ညံ့နေ တတ်ပါတယ်။ အပျော်အပါးအတွက် ငွေသုံးမိတာ ကြောင့်လဲ ငွေပြတ်သွားတတ်ပါတယ်။အရွယ်ရောက်ပြီးတဲ့သား သမီးတွေရှိရင် ထိုသားသမီးတွေကြောင့် ပူပန်ရ တတ် ပါတယ်။

ကျန်းမာရေးကတော့ ပူစရာမလိုတဲ့နေ့ရက်ပါ။ ဒါပေမဲ့ လည်ချောင်းနာတာ၊ အာသီးရောင် တာမျိုး တွေအလွန်ဖြစ်ရတတ်ပါတယ်။ အသောက်အစားကိုတော့ ဆင်ခြင်ပါ၊ အရည်လေးနည်းနည်းဝင်တာနဲ့ ပြဿနာများ တန်းစီပြီးဖြစ်တတ်တဲ့နေ့မို့ပါပဲ။ မိမိဆန္ဒထက် အများ ဆန္ဒကို ပိုမိုအရေးပေးလိုက်ပါ။

စနေ

စိတ်ကူးဆုံးဖြတ်ချက်တွေမှန်ကန်တာကြောင့် အောင်မြင်မှု တွေရလာမဲ့နေ့ရက်ပါပဲ။ ကံကြမ္မာကလဲ မိမိဘက်ကို အလေးသာနေပါလိမ့်မယ်။ ဒါကြောင့်လဲ မိမိလုပ်ချင်တာတွေ ဦးစားပေးလုပ်သွားနိုင်ပါလိမ့်မယ်။

လူမှုရေးကိစ္စများ၊ အသင်းအဖွဲ့ကိစ္စတွေမှာလဲ ဦးဆောင်ဦးရွက်အနေနဲ့တာဝန် ယူပေးရတတ်ပါတယ်။ ကျန်းမာရေးကတော့ အညံ့အဆိုး တွေနည်းပါးပါလိမ့်မယ်။ ပညာရေးနဲ့ပတ်သက်သောကိစ္စ များလဲ အလေးပေးပြီးဆောင်ရွက်သွားနိုင် ပါလိမ့်မယ်။

မိမိအတွက် ထူးခြားတဲ့လက်ဆောင်မျိုးလဲ ရလာတတ်တဲ့နေ့ ရက်ပါ။ သားသမီးရဲ့ အထောက်အပံ့ အကူအညီတွေ ရလာတတ်တဲ့နေ့မျိုးပါ။ Crd- ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)