ထမင်း စားဖို့ လာတောင်းတာပါ သား

ထမင်း စားဖို့ လာတောင်းတာပါ သား

အဖွား အသက် (၈၅)နှစ်တဲ့…

အရင်က ဘိုးဘွားရိပ်သာ တခုမှာ နေတယ်တဲ့… အုပ်ချုပ်တဲ့ ဘုန်းဘုန်းက အရမ်းအနိုင်ကျင့်လို့ ထွက်ပြေးလာတယ်တဲ့

အဖွား…ခု ဘာထိုင်လုပ်နေတာလဲ မေးကြည့်တော့…

ထမင်းစားဖို့အတွက် လာတောင်းတာပါ သားရယ်

(ဘေးနားကနေ မိန်းမတယောက် စောင့်ကြည့်နေတာလဲ မြင်မိတယ်…ပြီတော့ အဲ့ အမျိုးသမီး အရှေ့ကနေ ဖြတ်ပြီ ကားပေါ်တက်သလို လုပ်လိုက်…ပြန်ဖြတ်သွားလိုက်နဲ့ ထူးဆန်းနေတယ် )

အဖွား သားသမီးတွေ မရှိဘူးလား ဗျ??

မရှိဘူး သားရယ်…ခု ဆိပ်ကြီးခနောင်တိုဘက်မှာ နေပါတယ်

ဟုတ် အဖွား…ရိပ်သာ သွားချင်လား…သားပို့ပေးမယ်လေ မေးကြည့်တော့….

မသွားချင်ဘူး…အဖွား ရိပ်သာဆို အရမ်းကြောက်တယ်…မနေချင်ဘူး…ခုလို တောင်းပြီစားရတာ လွတ်လပ်တယ်

(ရိပ်သာနဲ့ပတ်သက်ပြီ စိတ်ဒဏ်ရာရပုံပေါ်တယ်)

ဟုတ် အဖွား….. ရော့ (20,000) Ks နော်

(ဟိုအမျိုးသမီး ရှိနေလို့…အများကြီး မပေးလိုက်တာပါ)

ကျေးဇူးတင်ပါတယ် သားရယ်…သာပေးတာ အဖွား ရဖူးသမျှ အများဆုံးပါပဲ သားရယ်

ရပါတယ် အဖွား…ဂရုစိုက်ပြန်နော်

(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)

•အော…တနေ့စာ ဝမ်းရေးအတွက် နေပူတည်း ရှာစားနေရတဲ့ အဖိုးအဖွားတွေ အများကြီးပါလား

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

ကိုပူတူးနှင့်ဘော်ဒါများ

☎ 09-5408437

UNICODE




















☎ 09-5408437