M ပုံစံ ပါတယ်ဆိုရင်
ဒီတစ်ခါမှာတော့ လက္ခဏာမှာ ပါတဲ့ လက္ခဏာလမ်းကြောင်းတွေကို ကြည့်ကြည့်ရအောင်နော်
ကိုယ့်ရဲ့ လက်ဖဝါးမှာ M ပုံစံပါလာခဲ့ရင် ကိုယ့်ဘဝရဲ့ အခြေအနေ စိတ်နေသဘောထားက ဘယ်လိုတွေ ဖြစ်မလဲဆိုတာ ဖတ်ကြည့်ရအောင်
M ပုံစံ ပါတယ်ဆိုရင်
ကိုယ့်ရဲ့ လက္ခဏာမှာ M ပုံစံ ပါတယ်ဆိုရင် ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးမှာ ပိုက်ဆံနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေ အားကောင်းသလို ပိုက်ဆံဝင်ငွေလည်း ပိုပြီးတော့ ရနိုင်တဲ့ လက္ခဏာ ပိုင်ရှင်ဖြစ်ပါတယ်။
ကိုယ့်ရဲ့ ဘဝအပြင် ကိုယ့်ဘဝရဲ့ လက်တွဲဖော်ကိုပါ ကံကောင်းခြင်းတွေ ယူဆောင်ပေးနိုင်တဲ့သူမျိုးပါ။
နောက်တစ်ခုကတော့ ကိုယ့်ရဲ့ ပြဿနာတွေကို သေချာကောင်းကောင်း ကိုင်တွယ်နိုင်တဲ့သူဖြစ်တဲ့အပြင် ဆန်းသစ်တဲ့ အတွေးတွေ အမြဲတမ်း တွေးနေနိုင်တဲ့သူမျိုးပါ။
အသက်(၄၀) မတိုင်ခင်မှာ ပင်ပန်းဆင်းရဲခဲ့တယ်ဆိုရင်တောင် အဲဒီနောက်ပိုင်းမှာ အောင်မြင်မှုတွေ ဆက်တိုက်ရနိုင်တဲ့ လက္ခဏာပိုင်ရှင်လည်း ဖြစ်ပါတယ်။
လူတွေရဲ့ ယုံကြည်ကိုးစားခြင်းကို ခံရပြီး စိတ်ခံစားမှု အာရုံကောင်းတဲ့သူတွေပါ။
တခြားသူတွေကို ကူညီပေးချင်တဲ့စိတ်ဓါတ်အခံ ရှိတဲ့သူတွေဖြစ်ပြီး ကူညီဖို့လည်း လက်မတွန့်တဲ့သူမျိုးပါ။
ဒီလိုမျိုး လက္ခဏာပိုင်ရှင်တွေက နှလုံးသားလမ်းကြောင်းလည်း အရမ်းကို အားကောင်းတဲ့သူတွေပါ။
အချစ်ရေးမှာ စိတ်ပျော်ရွှင်ရပြီး ကိုယ်ချစ်တဲ့သူနဲ့ အိမ်ထောင်ကျကိန်း ရှိပါတယ်။ အိမ်ထောင်ကျပြီးနောက်မှာလည်း အကြီးအကျယ် စိတ်ညစ်ရတာမျိုး မရှိသလောက် နည်းမှာပါ။ Crd- marry
Leave a Reply