အဖွားလို သေခါနီးလူကို…ကူညီတဲ့သူ ရှိပါလား

အဖွားလို သေခါနီးလူကို…ကူညီတဲ့သူ ရှိပါလား

အဖွား…အသက် (၉၁)နှစ်

စျေးထဲမှာ…ငှက်ပျော်သီးတွေ ရောင်းပါတယ်

ပုံထဲက နေရာလေးမှာ နေသလို…ဘုန်းကြီးကျောင်းမှာလဲ နေပါတယ်

ကျနော် စျေးဝယ်ပြီ အထွက်…အဖွား ငှက်ပျော်သီးဗန်းလေး ပိုက်ပြီ…လမ်းလျှောက်ရောင်းနေရှာတယ်

အဖွားရေ…ငှက်ပျော်သီး ဝယ်ချင်လို့ပါ

ဟာ…ဝမ်းသာလိုက်တာ…သားရေ လာပါ အဖွားမှာ ရှိတယ်

ဘယ်လိုရောင်းလဲ အဖွား ??

သားရေ တဖီး (၁)ထောင်ကျပ်…ဒါလေးက (၁၅၀၀)ကျပ်ပါသားရေ

ဟုတ် အဖွား သား…(၁)ထောင်တန် (၂)ဖီးယူမယ်လေ အဖွား

ကျေးဇူးတင်ပါတယ် သားရယ်…အဖွား ကောင်းတာလေးတွေ ရွေးပေးမယ်နော်

ဟုတ် အဖွား…ရော့ 50,000 Ks နော်

သား ပိုက်ဆံတွေ ပိုနေတယ်လေ

ပိုနေတယ်ဆို အဖွား လိုရာသုံးပါနော်

အော…အဖွားလို သေခါနီးလူကို ကူညီတဲ့သူ ရှိပါလား

အဖွားက သေခါနီးပြီလေ…အားလုံးရဲ့ ပစ်ပယ်ခံ အရွယ်ရောက်နေပြီကို ကူညီတဲ့ သား ရှိပါသေးလား

ဝမ်းသာလိုက်တာ…ကျေးဇူးတင်ပါတယ် သားရယ်…အဖွား ငှက်ပျော်သီးတွေ ထပ်ထည့်ပေးပါရစေနော်

အာ…မယူတော့ဘူး အဖွားရေ

မရဘူး…ယူရမယ်… သား ပေးတာ အဖွား လက်ခံပေးတယ်လေ…အဖွား ပေးတာလဲ သားယူရမယ် နော်

ဟုတ်…ဒါဆို သား (၁)ဖီးတော့ ယူမယ်နော် အများကြီး မယူဘူးနော် အဖွား

ဝမ်းသာလိုက်တာ သားရယ်…အဖွားကို သား နမည်လေး ပြောပြပါအုံး

ဟုတ် သား နမည် ကိုပူတူးပါဗျ ☺️

အဖွား သား ပူတူးလေးလို့ ရင်ထဲမှာ အမြဲ မှတ်ထားလိုက်ပြီ

ကျေးဇူးပါ အဖွားရေ

သား မိတ်ဆွေတွေ လာရင်လဲ အဖွား ပိုက်ဆံမယူပဲ ပေးမယ်နော်…သား နမည်လေးပဲ ပြောခိုင်းလိုက်နော်

ဟုတ် အဖွား ကျေးဇူးတင်ပါတယ် အဖွားရယ်

သားလေး ဂရုစိုက်ပြီ ပြန်နော်…သား ငှက်ပျော်သီး စားချင်ပြီဆို အဖွားဆီ လာခဲ့နော် သားလေး

ဟုတ် အဖွား စိတ်ချ လာစားမယ်နော်

(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအားလုံးကို အဖွားကိုယ်စား ကျေးဇူးတင်ပါတယ် ဗျ )

•အော…အဖွား ပေးတဲ့ မေတ္တာတွေ ကျနော်ရင်ထဲ အတော်ခံစားရတယ် ဗျာ

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

ကိုပူတူးနှင့်ဘော်ဒါများ

☎ 09-5408437